မိုဟန်ဆိပ်ကမ်း၌ နိုင်ငံ ၆ နိုင်ငံမှ အဝင်နှင့် အထွက် ခရီးသည်များသည် လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၂၉၄.၂၈ ရာခိုင်နှုန်း တိုးလာခဲ့
2024-12-17 16:42|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) "ဗီဇာကင်းလွတ်ခွင့် မူဝါဒက ကျွန်ုပ်တို့ရဲ့ ခရီးသွားချိန်နဲ့ ကုန်ကျစရိတ်ကို ချွေတာပါတယ်၊ တရုတ်လူမျိုးတွေက အရမ်းချစ်ကြည်ရင်းနှီးပြီး ကျွန်ုပ်က တရုတ်အစားအစာတွေကို အရမ်းကြိုက်ပါတယ်" ဟု ဂျာမနီနိုင်ငံမှ ခရီးသည် မိုက်ကယ်က ပြောကြားခဲ့သည်။ မိုက်ကယ်သည် တရုတ်နိုင်ငံသို့ ဗီဇာကင်းလွတ် ဝင်ရောက်ခဲ့ပြီး ရှန်ဟိုင်း၊ ပေကျင်း၊ ယူနန် စသည့် နေရာများသို့ တစ်လခွဲကြာ လည်ပတ်ကြည့်ရှုပြီးနောက် တရုတ်-လာအို ရထားလမ်းမှ နိုင်ငံတကာ ခရီးသည်တင်ရထားဖြင့် မိုဟန်ရထားလမ်းဆိပ်ကမ်းမှ တရုတ်ပြည်ထွက်ခဲ့သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ တရုတ်နိုင်ငံသည် ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် မလေးရှားနိုင်ငံ ၆ နိုင်ငံ အတွက် တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့် မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ကာ အထက်ပါ ၆ နိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် တရုတ်နိုင်ငံသို့ ကူးသန်းရောင်းဝယ်ရေးပြုလုပ်ရန်၊ ခရီးသွားလာရန်၊ ဆွေမျိုးနှင့် မိတ်သင်္ဂဟများအား သွားရောက်ကြည့်ရှုတွေ့ဆုံရန်နှင့် နယ်စပ်ဖြတ်ကျော်ရန် ၁၅ ရက်မထက်လျှင် ဗီဇာကင်းလွတ် ဝင်ရောက်နိုင်သည်။ ဗီဇာကင်းလွတ်ခွင့် မူဝါဒသည် စတင်သက်ဝင်ခဲ့သော ၁ နှစ်တာအတွင်း မိုဟန်ဆိပ်ကမ်း (ရထားလမ်းနှင့် မော်တော်ကားလမ်း) တွင် အထက်ပါ ၆ နိုင်ငံမှ အဝင်နှင့်အထွက် ခရီးသည် အယောက်ပေါင်း ၅၅၀၀ ကျော်ကို စစ်ဆေးခွင့်ပြုပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၂၉၄.၂၈ ရာခိုင်နှုန်း တိုးလာခဲ့သည် ဖြစ်ကြောင်း၊ ၄င်းတို့အနက် ဗီဇာကင်းလွတ် ပြည်ဝင်သည့် ခရီးသည် အယောက်ပေါင်း ၂၃၀၀ ရှိပြီး ပြည်ဝင်သည့် စုစုပေါင်းပမာဏ၏ ၇၇.၂၄ ရာခိုင်နှုန်း ဖြစ်ကာ ပြည်ဝင်ပြည်ထွက် ခရီးသည်များ၏ အရေအတွက် အများဆုံးသော ၃ နိုင်ငံများမှာ မလေးရှား၊ ပြင်သစ်နှင့် ဂျာမနီတို့ ဖြစ်ပြီး ပြည်ဝင်ပြည်ထွက်ရန် အများဆုံးသော အကြောင်းရင်းမှာ ခရီးသွားလာရေးနှင့် ဆွေမျိုးနှင့် မိတ်သင်္ဂဟများအား သွားရောက်ကြည့်ရှုတွေ့ဆုံခြင်းတို့ ဖြစ်ကြောင်း သတင်းထောက်က နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မိုဟန် နယ်စပ်စစ်ဆေးရေးစခန်းမှ သိရှိရခဲ့သည်။
အလုံးစုံအားဖြင့် ဤနှစ်အတွင်း မိုဟန်ဆိပ်ကမ်း (ရထားလမ်းနှင့် မော်တော်ကားလမ်း) တွင် တတိယနိုင်ငံများမှ အဝင်နှင့်အထွက် ခရီးသည် အယောက်ပေါင်း ၄.၁၂ သောင်းကို စစ်ဆေးခဲ့ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၁၃.၈ ရာခိုင်နှုန်း တိုးလာခဲ့ကာ စစ်ဆေးသည့် တတိယနိုင်ငံများမှ ခရီးသည်များထဲတွင် ဗီဇာကင်းလွတ် ပြည်ဝင်သည့် ခရီးသည်များသည် ၈၇ ရာခိုင်နှုန်းခန့် ရှိသည်။
မိုဟန်သည် ယူနန်ပြည်နယ်၏ တောင်ဘက်စွန်း၌ တည်ရှိပြီး တရုတ်-လာအို ရထားလမ်းနှင့် ကူမင်း-ဗန်ကောက် မော်တော်ကားလမ်းတို့၏ အချက်အချာကျသော နေရာတို့၌ တည်ရှိ၍ ဤဒေသတွင်း မိုဟန် ရထားလမ်းဆိပ်ကမ်းနှင့် မိုဟန် မော်တော်ကားလမ်းဆိပ်ကမ်း ဟူသော အမျိုးသားအဆင့် ဆိပ်ကမ်း ၂ ခု ရှိကြသည်။
昆明信息港讯(昆明日报 记者吴洁 通讯员黄远飞 雷雨)“免签政策节约了我们的旅行时间和成本。中国人很友好,我很喜欢中国的美食。”来自德国的旅客迈克尔说。迈克尔免签入境中国,在上海、北京、云南等地旅行半个月后,乘坐中老铁路国际旅客列车从磨憨铁路口岸出境。
2023年12月1日起,中国对法国、德国、意大利、荷兰、西班牙、马来西亚六国实施单方面免签政策,以上六国持普通护照人员,来华经商、旅游观光、探亲访友和过境不超过15天,可免签入境。记者11月30日从磨憨边检站获悉,免签政策生效一年来,磨憨口岸(铁路+公路)共计验放以上六国出入境旅客5500余人次,同比增长294.28%。其中,免签入境2300人次,占入境总人数的77.24%;出入境人数排名前三的国家分别是马来西亚、法国和德国,出入境事由占比较多的是旅游观光和探亲访友。
总体来看,今年以来,磨憨口岸(铁路+公路)查验第三国出入境旅客4.12万人次,同比增长13.8%,在查验的第三国籍旅客中,免签入境的旅客占比约87%。
磨憨位于云南省最南端,地处中老铁路、昆曼公路的关键节点,区域内有磨憨铁路口岸和磨憨公路口岸两个国家级口岸。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ