မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး စတင်
2025-04-30 15:15|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား (ကူမင်း- ဗီယင်ကျန်း- ဖနွမ်းပင်) နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး ကားများစတင်ထွက်ခွာခြင်း အခမ်းအနားကို ဧပြီလ ၂၇ ရက်နေ့တွင် ကူမင်းမြို့၌ ကျင်းပခဲ့ပါသည်၊ ၄င်းသည် မဟာမဲခေါင်ဒေသခွဲ၏ ကုန်စည်နှင့် လူပုဂ္ဂိုလ် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေး သဘောတူညီချက် မူအောက်အောက်တွင် နိုင်ငံတကာ ကုန်စည်စီးဆင်းမှု လမ်းကြောင်းအသစ် နောက်တစ်ခု တရားဝင် ပုံမှန်အသွင် လည်ပတ်မှု စတင်ခြင်း၏ အမှတ်သင်္ကေတပင် ဖြစ်ပါသည်။
၁၀ နာရီ ၃၀ မိနစ်တွင် မျက်နှာကြက်ပန်ကာ၊ ပလတ်စတစ်ရေပုံး စသည့် နေ့စဉ်သုံးပစ္စည်းများ အပြည့်တင်ဆောင်လာသော နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေးယာဉ်တန်းသည် ကူမင်းမှ စတင်ထွက်ခွာခဲ့ပြီး လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ကို ဖြတ်သန်း၍ နောက်ဆုံးတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ ဆိုက်ရောက်မည် ဖြစ်သည်။ ရိုးရာ သယ်ယူပို့ဆောင်ရေးနည်းလမ်းများနှင့် နှိုင်းယှဉ်ပါက ချန်နယ်အသစ်သည် တစ်လမ်းမောင်း သယ်ယူပို့ဆောင်ချိန်ကို ၆ ရက်မှ ၈ ရက်အထိ တိုစေမည် ဖြစ်ပြီး ထိရောက်မှု ၄၀ ရာခိုင်နှုန်းကျော် တိုးတက်စေကာ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရာတွင် ကုန်စည်ပျက်စီးမှု အန္တရာယ်ကို ထိထိရောက်ရောက် လျှော့ချစေနိုင်မည် ဖြစ်ပါသည်။
ချန်နယ်အသစ်၏ ပုံမှန်လည်ပတ်မှုသည် ကူမင်းမှ ဖနွမ်းပင်သို့ တိုက်ရိုက် ရောက်ရှိနိုင်သော ကုန်စည်စီးဆင်းမှု အမြန်လိုင်းကို တည်ဆောက် ရုံသာမက လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ စသည့် အချက်အချာကျသော မြို့များ၏ ဖြာထွက်ထိရောက်မှု မှတစ်ဆင့် အရှေ့တောင်အာရှကို လွှမ်းခြုံသော ကုန်စည်စီးဆင်းမှု ကွန်ရက်ကိုလည်း ပိုမိုထူထပ်စေပါသည်။
နောက်တစ်ဆင့်တွင် ယူနန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးဦးစီးဌာနသည် နယ်စပ်ဖြတ်ကျော် ကုန်စည်စီးဆင်းမှု ကွန်ရက်စနစ်အား ဆက်လက် ပြည့်စုံကောင်းမွန်စေ၍ မဟာမဲခေါင်ဒေသခွဲရှိ ပိုများသော နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ဖွင့်လှစ်လည်ပတ်စေပါမည်။
大湄公河次区域(GMS)中老柬(昆明-万象-金边)跨境直达运输发车仪式4月27日在昆明举行,这标志着在大湄公河次区域便利货物及人员跨境运输协定的框架下,又一条国际物流新通道正式启动常态化运营。
10点30分,满载着吊扇、塑料水箱等日用百货的跨境货运车队自昆明启程,将经过老挝万象,最终抵达柬埔寨金边。相比传统运输方式,新通道预计可将单程运输时效压缩至6天—8天,效率提升40%以上,能有效降低跨境运输中的货损风险。
新通道的常态化运营,不仅构建了昆明直达金边的物流快线,还通过老挝万象等枢纽城市的辐射作用,进一步织密覆盖东南亚的物流网络。
下一步,云南省交通运输厅将持续完善跨境物流网络体系,推动更多大湄公河次区域(GMS)国际运输线路开通运营。(记者李溪岩 孙敏)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Yang Yan
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မေဒေး အားလပ်ရက်အတွင်း ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် သွားလာမှု ပမာဏသည် အကြိမ်ရေ ၇.၅၉ သောင်းအထိ ရောက်ရှိခဲ့
- မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး စတင်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့