ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
2025-03-20 10:50|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မတ်လထဲသို့ ဝင်ရောက်ပြီး ကတည်းက အပူချိန်သည် တဖြည်းဖြည်း ပူလာပြီး ကူမင်းသို့ ဆောင်းခိုလာသည့် ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ မြောက်ဘက်သို့ ရှေ့စဉ်နောက်ဆက် ရွှေ့ပြောင်းပျံသန်းသွားနေပြီ ဖြစ်ကြောင်း သတင်ထောက်က မတ်လ ၄ ရက်နေ့တွင် ကူမင်းငှက်မျိုးအသင်းမှ သိရှိရခဲ့သည်။ ယခုအချိန်မှစ၍ ကူမင်း၌ ခေါင်းနီစင်ရော်များ ကြည့်ရှုရန် တစ်လခန့်သာ ကျန်တော့သည်။
ကူမင်းမြို့ရှိ တာ့ကွမ်းဥယျာဉ်၌ ခေါင်းနီစင်ရော်များကို အစာကျွေးလာသည့် ခရီးသည် အများအပြား ရှိ၍ လူများနှင့် ခေါင်းနီစင်ရော်များသည် ပျော်ရွှင်မှုများကို အတူတူစံစားနေကြသည်။ ယခုအချိန်တွင် ရာနှင့်ချီသော ခေါင်းနီစင်ရော် ရှိသာ ဇန်နဝါရီလထက် များစွာ နည်းပါးသွားသည် ဖြစ်ကြောင်း သတင်းထောက်က တွေ့ရှိခဲ့သည်။
ခေါင်းနီစင်ရော်များသည် မတ်လ အလယ်ပိုင်းမှ ဧပြီလအကြားတွင် မျိုးပွားရန် ဆိုက်ဘေးရီးယားသို့ ပြန်လည်ပျံသန်း လျက်ရှိကြသည်။ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် မျိုးပွားရာသီ ကုန်ဆုံးသောအခါ ဆောင်းခိုရန် ကူမင်းနှင့် အခြားနေရာများသို့ ပြန်လည်ပျံသန်းလာကြ၍ ထိုအချိန်တွင် ၄င်းတို့သည် အဖြူရောင်ဖြစ်သော "ဆောင်းအဝတ်အစား" ကို ၀တ်ဆင်ကြမည် ဖြစ်သည်။ ခေါင်းနီစင်ရော်၏ ရှေ့ပြေးအဖွဲ့သည် ကူမင်းမှ ထွက်ခွာသွားသင့်သည် ဖြစ်ကာ ဧပြီလတွင် ကျန်ရှိသော အသက်ကြီး၊ အားနည်း၊ ဖျားနာပြီး မသန်စွမ်းသောကြောင့် မထွက်ခွာနိုင်သည့် ခေါင်းနီစင်ရော် အကောင် သုံးလေးရာခန့်သည် တိန်ချီးရေကန်၌ နားနေကြမည် ဖြစ်သည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း




