ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
2025-04-30 10:16|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကူမင်းအကောက်ခွန်ရုံးအောက်ရှိ ဆစ်ဆောင်ပန်းနားအကောက်ခွန်ရုံးမှ စစ်ဆေးပြီး ခွင့်ပြုချက်ရရှိပြီးနောက် ဧပြီလ ၂၃ ရက်နေ့တွင် အလေးချိန် ၁၈၈ ဂလိုဂရမ် ရှိသော Tachysurus fulvidraco တစ်သုတ်ကို နိုင်ငံတကာလေကြောင်းဖြင့် ထိုင်းနိုင်ငံသို့ အောင်မြင်စွာ တင်ပို့ခဲ့ကာ ၄င်းသည် ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခြင်း ဖြစ်ပါသည်။
"Tachysurus fulvidraco တွေက အသားနုညက်ပြီး အရသာ ချိုဆိမ့်ပါတယ်။ အရင်တုန်းက လာအိုနိုင်ငံကို တင်ပို့ခဲ့ပြီး အခုချိန်မှာတော့ ထိုင်းနိုင်ငံကို တင်ပို့နိုင်ပါပြီ၊ ကျွန်တော်တို့ ကုမ္ပဏီအတွက် အရောင်းလမ်းကြောင်းတွေ ချဲ့ထွင်နိုင်တယ်ဟု ဆိုလိုပါတယ်။ ဒီအသုတ် Tachysurus fulvidraco ကို ကျွန်တော်တို့ရဲ့ မုန်ဟိုင်ခရိုင်မှာ တည်ရှိတဲ့ မွေးမြူမျိုးပွားရေးနေရာကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို တင်ပို့ရောက်တာ ၁၂ နာရီပဲ လိုပါတယ်၊ ပြီးရင်တော့ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် စတဲ့ နိုင်ငံတွေကို တင်ပို့ဖို့ စီစဉ်ထားပါတယ်။ " ဟု ဆစ်ဆောင်ပန်းနား Xu Xian Sheng စိုက်ပျိုးရေးနည်းပညာ ကုမ္ပဏီလီမိတက်၏ တာဝန်ခံ Xu Jinguang က ပြောဆိုခဲ့ပါသည်။
စာရင်းဇယားများအရ ဤနှစ် ဧပြီလ ၂၃ ရက်နေ့အထိ ဆစ်ဆောင်ပန်းနား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုမှ ရေနေသတ္တဝါ တန်ပေါင်း ၆၀.၅ တင်ပို့ခဲ့၍ တီလားပီးယား၊ Channa argus၊ Tachysurus fulvidraco စသည့် ၁၂ မျိုးကို အဓိကပါဝင်ထားပါသည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


