တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့
2025-04-30 09:53|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မကြာသေးမီက တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ (အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ) ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ဒူဘိုင်းမြို့၌ ကျင်းပခဲ့ပါသည်။ တရုတ်နှင့် ယူအေအီး နှစ်နိုင်ငံတို့မှ ဝယ်ယူသူ၊ စီးပွားရေးအသင်း၏ ကိုယ်စားလှယ်နှင့် ယူနန့်လုပ်ငန်းရှင် အယောက်ပေါင်း ၃၀၀ ကျော်သည် ဤမိတ်ဆက်ပွဲကို ပါဝင်တက်ရောက် ခဲ့ကြပါသည်။
မိတ်ဆက်ပွဲတွင် လတ်ဆတ်သောဖြတ်ပန်းပွင့်၊ စက်မှုထုတ်ကုန်ပစ္စည်းနှင့် သစ်သီးဝလံ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းမှု သဘောတူညီချက် အရပ်ပေါင်း ၂၀ ကျော်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ဤသည်မှာ မကြာသေးမီနှစ်များအတွင်း ယူနန်ပြည်နယ်ရှိ လုပ်ငန်းကုမ္ပဏီများ ပြည်ပသွားရန် အတိုင်းအတာ အကြီးမားဆုံးသော လှုပ်ရှားမှုတစ်ကြိမ် ဖြစ်ပါသည်။ မိတ်ဆက်ပွဲတွင် "ရောင်စုံယူနန်စျေးတန်း" ဟူသော အထူးပြသရေးဧရိယာကို စီစဉ်ထားပြီး အရည်အသွေးမြင့် လယ်ထွက်ကုန်ပစ္စည်းများ၊ ကျန်းမာရေးထုတ်ကုန်ပစ္စည်းများ၊ ထူးခြားချက်ရှိအစားအစာများ၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထဲမှ လက်မှုအနုပညာပစ္စည်းများ စသည့် ကဏ္ဍများကို လွှမ်းခြုံထားကာ ယူနန့်ကုမ္ပဏီ ၆၅ ခုသည် ယူနန့်အကျိုးရှိထုတ်ကုန် အမျိုး ၁၀၀ ကျော်ကို ပြသခဲ့ကြ၍ ဧည့်သည် အများအပြားကို ရပ်တန့်၍ ညှိနှိုင်းဆွေးနွေးပြီး တွေ့ကြုံခံစားမြည်းစမ်းကြည့်ရန် ဆွဲဆောင်ခဲ့ကြပါသည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ စတင်ပို့ဆောင်


