မေလမှစ၍ တရုတ်-လာအို ရထားလမ်းမှ သစ်သီးဝလံများ သယ်ယူပို့ဆောင်ရေး ပမာဏသည် နေ့စဉ်ပျမ်းမျှအားဖြင့် တန်ချိန် ၂၀၀၀ ကျော်ရှိ
2025-05-26 14:57|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မေလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် အပူပိုင်းဒေသ သစ်သီးဝလံ ၇၉၇ တန်ကို တင်ဆောင်ထားသော တရုတ်-လာအို ရထားလမ်း "လန်ချန်း-မဲခေါင် အမြန်လမ်း" နိုင်ငံတကာ ကုန်စည်ရထား တစ်စင်းသည် ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ဝန်ကျားယင်အနောက်ပိုင်းဘူတာရုံသို့ ချောချောမွေ့မွေ့ ရောက်ရှိခဲ့သည်။ တစ်ချိန်တည်းတွင် လာအိုနှင့် ထိုင်း စသည့် နိုင်ငံများမှ ဒူးရင်းသီးများနှင့် မင်းဂွတ်သီးများ ၇၀.၉ တန်၊ အခု ၄၀၀၀ နီးပါးကို တင်ဆောင်ထားသော တရုတ်-လာအို ရထားလမ်းမှ နိုင်ငံတကာ ကုန်စည်ရထား တစ်စင်းသည် ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ကျုံးယီကျေးရွာဘူတာရုံသို့ ရောက်ရှိခဲ့ကာ ဤအသုတ် ဒူးရင်းသီးမျိုးသည် အဓိကအားဖြင့် Jialun၊ ရွှေခေါင်းအုံးနှင့် မူဆန်ဘုရင် စသည့် ဈေးကွက်တွင် ရေပန်းစားသော အမျိုးအစားများ ဖြစ်သည်။ အမှုဝန်ထမ်းများမှ စစ်ဆေးပြီးနောက် အဆိုပါ ဒူးရင်းသီးများကို ကူမင်းမြို့ရှိ ကျင်းမာစျေးကွက်နှင့် တရုတ်ပြည်တွင်း အခြားမြို့များသို့ ဖြန့်ဝေတင်ပို့မည် ဖြစ်သည်။
မေလတွင် ဒူးရင်းသီးရောင်းကောင်းသော ရာသီချိန်၏ ရောက်ရှိသည် နှင့်အမျှ ထိုင်း၊ မလေးရှား၊ လာအို စသည့် နိုင်ငံများမှ ဒူးရင်းသီးများ၊ မင်းဂွတ်သီးများ စသည့် အပူပိုင်းဒေသ သစ်သီးဝလံများ သယ်ယူပို့ဆောင်ရေးပမာဏသည် အကြိမ်ကြိမ် စံချိန်တင်ခဲ့ကာ နေစဉ် ပျမ်းမျှအားဖြင့် သယ်ယူပို့ဆောင်ရေးပမာဏ တန်ချိန် ၂၀၀၀ ကျော်ရှိခဲ့သည်။ ဧပြီလဒုတိယဆယ်ရက်ပိုင်းမှ မေလဆန်းပိုင်းအထိ တရုတ်-လာအို ရထားလမ်း မှတစ်ဆင့် သယ်ယူပို့ဆောင်သည့် သစ်သီးဝလံ စုစုပေါင်းပမာဏသည် တန်ချိန် ၂ သောင်းကို ကျော်လွန်ခဲ့ကာ ဒေသတွင်း စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု၏ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ မြှင့်တင်ခဲ့သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ





