အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
2025-04-16 14:42|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဧပြီလ ၈ ရက်နေ့တွင် သတင်းထောက်သည် ကူမင်းရှိ သစ်သီးဆိုင်အများအပြားကို သွားရောက်ကြည့်ရှုခဲ့ရာ အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့ပြီး ဈေးနှုန်းမှာ တစ်ကီလိုဂရမ် ယွမ် ၅၀ မှ ၆၀ ယွမ်အထိ ရှိပြီး မတ်လပထမဆယ်ရက်တွင် စမ်းသပ်ဈေးနှုန်းမှာ တစ်ကီလိုဂရမ် ယွမ် ၂၀၀ မှ ၃၀၀ ယွမ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းသွားကြောင်း တွေ့ရှိခဲ့သည်။
ဘေဘာရီသီးသည် နွေဦးရာဿီးနှင့် နွေရာသီတွင် လူကြိုက်များသော သစ်သီးမျိုးဖြစ်သည်။ ဧပြီလ ၈ ရက်နေ့တွင် တာ့ကွမ်းဇွန့်ရှင်းလယ်ယာထွက်ကုန်ပစ္စည်းဈေး၌ သစ်သီးဆိုင်တစ်ဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက ဆိုင်တွင် ရောင်းချသော အမှည့်စောသည့် ဘေဘာရီသီးများသည် စီဖျင်မှ လာပြီး ဈေးကွက်တွင် တစ်ပတ်မပြည့်မီ ရှိပြီး ကွဲပြားခြားနားသော ကုန်စည်ဝယ်ယူမှုလမ်းကြောင်းများနှင့် ကုန်ပစ္စည်းထောက်ပံ့ပေးသွင်းသူများကြောင့် ဈေးနှုန်းများသည် တစ်ဗူး ၁၉.၈ ယွမ် နှင့် ၂၉.၈ ယွမ် ရှိပြီး အလေးချိန်အားဖြင့် တစ်ကီလိုဂရမ် ယွမ် ၅၀ မှ ၆၀ ယွမ်အထိ ရှိပြီး ဈေးနှုန်းကြီးမြင့်မှုကြောင့် ဝယ်ယူသူ အများအပြားမရှိပေ ဖြစ်ကြောင်း မိတ်ဆက်ပေးခဲ့သည်။
ယခုနှစ် မတ်လပထမဆယ်ရက်တွင် စီဖျင်မှ ထွက်ရှိသည့် အမှည့်စောသော ဘေဘာရီသီးများမှာ ဈေးကွက်တွင် စတင်ရောင်းချခဲ့သည်နှင့်တပြိုင်နက် ဆွေးနွေးမှုများဖြစ်ပွားခဲ့ပြီး ပြည်နယ်အပတွင် ဈေးနှုန်းမှာ တစ်ကီလိုဂရမ် ယွမ် ၂၀၀ မှ ၃၀၀ အထိ ရောက်ရှိခဲ့သည်။ စီဖျင်သည် ယူနန်ပြည်နယ်၏ တောင်ပိုင်းနှင့် ဟုံဟယ်ပြည်နယ်ခွဲ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး ၎င်းတွင် အပူလျေ့ာပိုင်းဒေသ ကုန်းပြင်မြင့် တောင်မုတ်သုံလေရာသီဥတု ရှိ၍ မိုးရေချိန်များပြားပြီး နေရောင်ခြည် ကောင်းကောင်းရနိုင်သောကြောင့် ဘေဘာရီသီး၊ နဂါးမောက်သီး၊ ဘလူးဘယ်ရီသီးနှင့် သစ်သီးအသားအနီရောင်ကီဝီသီး စသည့် သစ်သီးများကို အများကြီးထွက်နိုင်ပြီး နာမည်ကျော်ကြားသည့် "ဘေဘာရီသီးထွက်ရှိရာနေရာ" ဖြစ်သည်။
ကူမင်းဈေးကွက်ရှိ ဘေဘာရီသီးများကို စီဖျင်၊ ဖူမင်၊ ချမ်ကျန်း စသည်တို့နေရာများ၌ အဓိကထွက်ရှိရပြီး သာမန်အားဖြင့် မေလတွင် အမြောက်အမြား ရောင်းချခဲ့ပြီး ဈေးနှုန်းမှာ ပိုမိုသက်သာတော့မည် ဖြစ်သည်။
昆明信息港讯(昆明日报 记者杨官荣)4月8日,记者走访昆明多家水果店发现,早熟杨梅已上市,价格为50元/千克—60元/千克,与3月上旬200元/千克—300元/千克的尝鲜价相比,大幅下降。
杨梅是春夏的高人气水果品类。4月8日,在大观篆新农贸市场,一家水果店的销售人员介绍,店里销售的早熟杨梅来自石屏, 上市还不到一个星期,因进货渠道和供货商不同,价格为19.8元/盒和29.8元/盒,称重的话,价格为50元/千克—60元/千克,因价格较高,购买的消费者不太多。
今年3月上旬,产自石屏的早熟杨梅刚上市就引发热议,在省外售价高达200元/千克—300元/千克。石屏位于云南省南部、红河州西北部,属于亚热带高原山地季风气候,因降水量丰富和光照充足,盛产杨梅、火龙果、蓝莓、红心猕猴桃等水果,是著名的“杨梅之乡”。
昆明市场上的杨梅主要产自石屏、富民、澄江等地,一般5月才大量上市,价格更加亲民。
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
- ကမ္ဘာ့"ရှန်ဂရီလာ"မှ ပန်းခရီးစဉ် နွေဦးပန်းပြပွဲကို ကျင်းပနေ
- ကူမင်းမြို့ ဘတ်စ်ကားကုမ္ပဏီသည် နွေဦးရာသီခရီးစဉ်အတွက် ဘတ်စ်ကားလိုင်း ၂၆ လိုင်းကို စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ ကျင့်နင်ရပ်ကွက်တွင် Truffle ကို စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားစေ
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု