ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်

2025-04-30 17:10|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့) မေလ ၁ ရက်နေ့တွင် ကူမင်း ကျောက်ဇီတောင် ရှုခင်းသာရပ်ကွက်၌ ၈ ကြိမ်မြောက် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည် ဖြစ်သည်။

ဤအကြိမ် ယဉ်ကျေးမှု ခရီးသွားပွဲတော်သည် ထူးခြားချက်ရှိ အကြောင်းအရာ ၆ ခုနှင့် အဓိကထွက်ကုန် ၄ ခုကို တင်ပြမည် ဖြစ်၍ ဂေဟရှုခင်းများနှင့် မျိုးစုံကစားနည်းများကို နက်ရှိုင်းစွာ ရော်နှောပေါင်းစပ်မည် ဖြစ်သည်။ ထိုအချိန်တွင် ကူမင်းရှိ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ဆုံးသော စာတိုက်ဖြစ်သော ကျောက်ဇီတောင် စာတိုက် ဖွင့်လှစ်မည် ဖြစ်၍၊ ပန်းပင်လယ်ထဲ စခန်းချခြင်းနှင့် တောင်တက်ခြင်း လှုပ်ရှားမှုသည် ကြယ်ကြည့်ခြင်း၊ စခန်းချခြင်း၊ ရိုးရာဓလေ့ထုံးစံများ တွေ့ကြုံခံစားမှု လှုပ်ရှားမှုများကို ရောနှောပေါင်းစပ်ပြီး "တောင်တက်ခြင်း + သဘာဝ + ယဉ်ကျေးမှု" ဟူသော ဘက်ပေါင်းစုံ စကားပြောပွဲကို ဆောင်ရွက်မည် ဖြစ်၍၊ ညတွင်းတောင်တက်ခြင်းကို နှစ်သက်သော ခရီးသည်များသည် ပရော်ဖက်ရှင်နယ် ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် ကြယ်များဖြင့် တန်းဆာဆင်ထားသော ကောင်းကင်ယံအောက်ရှိ ဇလပ်နီပန်း လျှို့ဝှက်နယ်မြေကို ဖြတ်သန်းပြီး  တောင်ထိပ် ရောက်ရှိပြီးနောက် နေထွက်ချိန်နှင့် တိမ်ပင်လယ်တို့ကို ရှုစားနိုင်မည် ဖြစ်၍၊ မော်တော်ဆိုင်ကယ် ခရီးစဉ် နှင့်ပတ်သက်သော "ဆီးနှင်းတောင်နှင့် ပန်းပင်လယ်ထဲမှ စီးလမ်း" ကို ပထမဆုံးထုတ်ပြန်ပြီး အရှိန်နှင့် ရှုခင်း နှစ်ခုလုံးရှိသည့် တွေ့ကြုံခံစားမှုကို ပါလာမည် ဖြစ်သည်။

တောင်ထဲယဉ်ကျေးမှုဈေး၌ ခရီးသည်များသည် တောဘွဲ့ အချီအချတေးဆိုနိုင်၍ တောင်ထဲမှ အစားအစာများ မြည်းစမ်းနိုင်၍ ယီလူမျိုးအဝတ်အစားများကို ဝတ်ဆင်ထားပြီး ဓာတ်ပုံရိုက်နိုင်ကြသည်။ ဇီဝမျိုးစုံမျိုးကွဲများ ပေါ်လွင်လာသိပ္ပံလှုပ်ရှားမှုသည် ရှာ့ဖျင်ဇီဧရိယာတွင် သုတေသနနှင့် လေ့လာရေး ဒိုင်းနမစ်ပြခန်းများကို စီစဉ်ပြီး ရှားပါးသော ရုက္ခပင်များ၏ ခြေရာများကို ရှာဖွေခြင်းနှင့် တောင်မြင့်မိုးလေဝသ စောင့်ကြည့်ခြင်း စသည့် လက်တွေ့လှုပ်ရှားမှုများကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ကျောက်ဇီတောင် ရှုခင်းသာရပ်ကွက်သည် နွေဦးရာသီတွင် ရေခဲရေတံခွန်များ ရှုစားခြင်း၊ နွေရာသီတွင် ပန်းပင်လယ်များ ရှုစားခြင်း၊ ဆောင်းဦးရာသီတွင် ရောင်စုံသစ်တောများ ရှုစားခြင်းနှင့် ဆောင်းရာသီတွင် ရေခဲဆီးနှင်းများ ကစားခြင်း ဖြစ်သည့် တစ်နှစ်ပတ်လုံး ဖုံးလွှမ်းထားသော အဓိကထွက်ကုန်တို့ကို ပထမဆုံး တင်ပြမည် ဖြစ်သည်။

ထို့ပြင်၊ လုချွန်ခရိုင် မာလုထန်မြို့နယ်ရှိ အမို သောင်းပေါင်းများစွာ တောရိုင်းဇလပ်နီပန်းသည်လည်း ဝေဝေဆာဆာ ပွင့်ဖူးတော့မည် ဖြစ်သည်။ မာလုထန် ဇလပ်နီပန်းပင်လယ်ရှုခင်းသာနေရာသည် ပင်လယ်ရေမျက်နှာပြင်ထက် ၃၀၀၀ မီတာ ရှိသော ပထဝီအနေအထား မြင့်မား၍ ရာသီဥတုအေးမြသော တောင်တန်းဒေသတွင် တည်ရှိပြီး ဤနေရာတွင်  ကုန်းပြင်မြင့် လက္ခဏာရှိသော သဘာဝကျသော အရွက်ငယ် ဇလပ်နီပန်း အမို တစ်သောင်းနီးပါး ရှိသည်။

昆明信息港讯(昆明日报 记者罗昆娅 黄河清)5月1日,昆明轿子山景区将迎来第八届杜鹃花文化旅游节。

本届文化旅游节推出6项特色内容和4个主题产品,将生态景观与多元玩法深度融合。届时,昆明海拔最高的邮局——轿子山主题邮局开业;花海露营登山大会融合观星、露营和民俗体验活动,开启“登山+自然+文化”多维度对话;喜欢夜爬的游客可以在专业领队带领下,穿越星空下的杜鹃秘境,登顶后赏日出云海;摩旅骑行首发“雪山花海骑士之路”,带来速度与风景并存的沉浸式体验。

在山里文化集市,游客可体验山歌对唱、品尝山中美食、身着彝族服饰拍摄大片。生物多样性科普行动在下坪子区域设置动态研学展板,开展珍稀植物寻踪、高山气象观测等实践活动。轿子山景区将首次推出覆盖全年的主题产品矩阵,春赏冰瀑、夏观花海、秋览彩林、冬玩冰雪。

此外,禄劝县马鹿塘乡万亩野生杜鹃花也将迎来盛花期。马鹿塘杜鹃花海景区地处海拔3000米的高寒山区,拥有近万亩高原特色天然小叶杜鹃花。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်