ယူနန်မုရွှေဟွာ တောရိုင်းမှိုရောင်းဝယ်ရေးစင်တာ၌ Collybia albuminosa ကို စတင်ရောင်းချ၍ တစ်ကီလိုဂရမ် အယွမ် ၂၅၀၀ မှ ၂၈၀၀ အထိဖြစ်
2025-04-27 15:29|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဧပြီလ ၁၆ ရက်နေ့တွင် ယူနန်မုရွှေဟွာ တောရိုင်းမှိုရောင်းဝယ်ရေးစင်တာ၌ ချူကျင့်မြို့နှင့် မန်ဇီမြို့တို့ မှလာသော Collybia albuminosa ၂ သုတ်ကို လက်ခံရရှိခဲ့ကာ စျေးသည် တစ်ကီလိုဂရမ် အယွမ် ၂၅၀၀ မှ ၂၈၀၀ အထိ ဖြစ်ပါသည်။
ဤနှစ်တွင် Collybia albuminosa ကို စတင်ရောင်းချသည့် အချိန်သည် မနှစ်ကထက် ပိုနှောင်းသည် ဖြစ်ကြောင်း၊ "ဒီနှစ် ဖေဖေါ်ဝါရီလနဲ့ မတ်လတို့မှာ အပူဒီဂရီ ပြင်းထန်စွာ ကျဆင်းပြီး နောက်ပိုင်းကာလမှာတော့ မိုးရေလဲ နည်းလို့ တောမှိုတွေရဲ့ ကြီးထွားလာမှုအတွက် ထိရောက်မှုတစ်ချို့ ရှိပါတယ်။ ယခင်နှစ် အဲဒီအချိန်မှာ Agaricus deliciosus၊ Boletus စတာတွေကို စတင်ရောင်းချခဲ့ပြီ ဖြစ်ပေမဲ့ ဒီနှစ်မှာတော့ မရှိသေးပါဘူး၊ ခြုံပြောရရင် တောမှိုတွေကို စျေးမှာ စတင်ရောင်းချဖို့ မနှစ်ကထက် ပိုနှောင်းပါတယ်။" ဖြစ်ကြောင်း မုရွှေဟွာ တောရိုင်းမှိုရောင်းဝယ်ရေးစင်တာ၏ စျေးကွက်ရှာဖွေရေးဌာနမှ တာဝန်ယူစီမံခန့်ခွဲသူ ဇိုင်ဇန့်ဟီက ပြောခဲ့ပါသည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




