မေဒေး အားလပ်ရက်အတွင်း ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် သွားလာမှု ပမာဏသည် အကြိမ်ရေ ၇.၅၉ သောင်းအထိ ရောက်ရှိခဲ့
2025-05-13 17:22|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) မေဒေး အားလပ်ရက်အတွင်း မေလ ၅ ရက်နေ့ ၂၄ နာရီအထိ တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် လူအယောက်ပေါင်း ၇.၅၉ သောင်းနှင့် ပြည်ဝင်ပြည်ထွက် သယ်ယူပို့ဆောင်ရေးယာဉ် အစင်းပေါင်း ၈၆၀၀ ကျော်ကို စစ်ဆေးခွင့်ပြုခဲ့ကာ နေ့စဉ်ပျမ်းမျှ ပြည်ဝင်ပြည်ထွက် လူဦးရေသည် အားလပ်ရက်မဟုတ်သော ကာလများနှင့် နှိုင်းယှဉ်ပါက ၂၈ ရာခိုင်နှုန်းကျော် တိုးလာကာ ပြည်ဝင်ပြည်ထွက် လူဦးရေသည် အလုံးစုံ တည်ငြိမ်စွာ တိုးလာသည့် အနေအထားကို ပြသခဲ့သည် ဖြစ်ကြောင်း မေလ ၆ ရက်နေ့တွင် ရွှေလီ ပြည်ဝင်ပြည်ထွက် နယ်စပ်စစ်ဆေးရေးဂိတ်မှ သိရှိရခဲ့သည်။
ရွှေလီဆိပ်ကမ်းသည် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံပြည်သူများအကြား နေ့စဉ်ကူးလူးဆက်ဆံမှုနှင့် အပြန်အလှန် ဖလှယ်ခြင်းအတွက် အရေးပါသော နှောင်ကြိုး ဖြစ်ပြီး တရုတ်ပြည်တွင်း ရှိနေသော်လည်း အပြင်ပိုင်းဒေသအဖြစ် ထင်မှတ်ခံသည့် ထူးခြားသော ကုန်သွယ်ရေးမူဝါဒသည်လည်း ၄င်းကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသတွင် အရေးကြီးသော လူစီးဆင်းမှု၊ ကုန်စည်စီးဆင်းမှုနှင့် သတင်းအချက်အလက်စီးဆင်းမှုတို့၏ သွင်းယူဖြန့်ဖြူးရာနေရာအား ဖြစ်လာစေသည်၊ တစ်ချိန်တည်းမှာပင် ၄င်း၏ ထူးခြားသော တည်နေရာအားသာချက်များနှင့် တိုင်းရင်းသားယဉ်ကျေးမှုများကြောင့် နေရာအသီးသီးမှ ခရီးသည်များကိုလည်း လာရောက် လည်ပတ်ကြည့်ရှုရန် ဆွဲဆောင်လျက်ရှိသည်။ မေဒေး အားလပ်ရက်အတွင်း အများပြည်သူ၏ ပြည်ဝင်ပြည်ထွက် လိုအပ်ချက်ကို ဆက်လက်ထုတ်လွှတ်ခဲ့ပြီး ပြည်ဝင်ပြည်ထွက် ခရီးသည်များသည် အဓိကအားဖြင့် ပြည်ထွက် ဆွေမျိုးနှင့် မိတ်သင်္ဂဟများအား သွားရောက်ကြည့်ရှုတွေ့ဆုံခြင်းနှင့် ပြည်ဝင် လည်ပတ်ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




