ယူနန်ပြည်နယ် ထိန်ချုံးမြို့ ကျန်းတုံးကျေးရွာရှိ ဂျင်ဂိုရွက်များကို ကြည့်ရှုရန် အကောင်းဆုံးသောရာသီချိန် ရောက်ရှိ
2024-12-17 16:22|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဆောင်းရာသီအစပိုင်းတွင် ယူနန်ပြည်နယ် ထိန်ချုံးမြို့ ကို့တုံးမြို့နယ် ကျန်းတုံးကျေးရွာရှိ ဂျင်ဂိုရွက်များကို ကြည့်ရှုရန် အကောင်းဆုံးသောရာသီချိန် ရောက်ရှိနေပြီ ဖြစ်ကာ နေရာအသီးသီးမှ ခရီးသည်များသည် တယောက်ပြီးတယောက် လာရောက်ကြည့်ရှုကြပြီး ခရီးသည်လူဦးရေ လျင်မြန်စွာ တိုးပွားလာနေကြသည်။ ဤနှစ် နိုဝင်ဘာလ မှစ၍ ဤကျေးရွာသို့ လာရောက်သည့် ခရီးသည်များသည် အယောက်ပေါင်း ၂ သိန်းကို ကျော်လွန်ခဲ့ပြီ ဖြစ်သည်။
ဂျင်ဂိုကျေးရွာသည် ယူနန်ပြည်နယ် ထိန်ချုံးမြို့ ကို့တုံးမြို့နယ် ကျန်းတုံးရပ်ကွက်၌ တည်ရှိပြီး ထိန်ချုံးရှေးဟောင်းမြို့နှင့် ၃၅ ကီလိုမီတာ ကွာဝေးပြီး ထိန်ချုံး မီးတောင်နှင့် ဘူမိအပူစွမ်းအင် အမျိုးသား ဘူမိအခြေအနေဥယျာဉ်နှင့် နီးကပ်၍ တမူထူးခြားသော ရှေးဟောင်းကျေးရွာတစ်ခု ဖြစ်သည်။ ကျေးရွာထဲမှ အိမ်ရှေ့နှင့် နောက်ကွယ်တွင် အမို ၄ ထောင် ကျယ်ဝန်းသော ရှေးဟောင်းဂျင်ဂိုပင် အပင် ၃ သောင်းကျော် ပြန့်နှံ့ထားပါသည်။ ၄င်းတို့အနက်၊ အသက် အနှစ် ၅၀၀ ကျော်ရှိသည်မှာ အပင် ၅၀ ကျော်ရှိပြီး အနှစ် ၄၀၀ ကျော်ရှိသည်မှာ အပင် ၇၀ ကျော် ရှိပြီး ၁၀၀ ကျော်ရှိသည်မှာ အပင် ၁ ထောင် ကျော်ရှိပြီး အလတ်စားနှင့် အငယ်စား သစ်တော အမို ၁၀၀၀၊ အပင် ၃.၃ သောင်းခန့် ရှိကြသည်။
ဂျင်ဂိုကျေးရွာရှိ အိမ်ထောင်စုတိုင်းတွင် ကိုယ်ပိုင်အိမ်ဝင်းရှိ၍ သစ်သားအိမ်နှင့် ရှေးဟောင်းသော မီးတောင်ကျောက်များနှင့် အနက်ရောင်ကြွေပြားများ၊ ဂျင်ဂိုပင်များသည် လယ်သမားအိမ်ထောင်စုများ၏ ရှေ့နှင့် နောက်ကွယ်တွင် စိမ်းလန်းစိုပြေစွာ ကြီးပြင်းလာခြင်း၊ လူသားမျိုးနွယ်နှင့် သဘာဝတရား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ဝေးရာမှ ကြည့်လျှင် "ကျေးရွာသည် သစ်တောထဲတွင် ရှိခြင်း၊ သစ်တောသည် အိမ်ဝင်းထဲတွင် ရှိခြင်း၊ လူသည် ပန်းချီကားထဲတွင် ရှိခြင်း" ဟူသော ရှုခင်းများ တွေ့နိုင်၍ ၄င်းသည် အပြန်အလှန် ရောင်ပြန်ဟပ်ပြီး ရှုခင်းဖြစ်လာ၍ တမူထူး၍နေသည်။
နှစ်တိုင်း နိုဝင်ဘာလ ဒုတိယဆယ်ရက်ပိုင်းမှ ဒီဇင်ဘာလ ဒုတိယဆယ်ရက်ပိုင်းအထိ ဂျင်ဂိုကျေးရွာ၏ အလှဆုံးသော အချိန်ကာလ ဖြစ်သောကြောင့် မရေမတွက်နိုင်သော ခရီးသည်များကို လာရောက်ကြည့်ရှုရန် ဆွဲဆောင်ထားကြသည်။ ဤအချိန်တွင် အိမ်၏ ရှေ့နှင့် နောက်ကွယ်တွင်၊ ကျေးရွာထဲမှ လမ်းများတွင်၊ ကျောက်နံရံပေါ်တွင်၊ ကြွေပြားအမိုးပေါ်တွင် အဝါရောင်ဖြစ်သည့် အရွက်များသည် တဖွဲဖွဲလွင့်ပျံ၍ ကျေးရွာများကို ရွှေရောင်ဖြစ်သည့် ပင်လယ်တစ်ကွက် ဖြစ်လာလျက်ရှိသည်။ ခရီးသည်များသည် ကျေးရွာထဲသို့ ဝင်ရောက်လျှင် ရွှေရောင်ဖြစ်သည့် ကလေးပုံပြင်လောကထဲ ဝင်ရောက်သကဲ့သို့ ခံစားမိကြသည်။
昆明信息港综合整理 初冬时节,云南省腾冲市固东镇江东村的银杏进入最佳观赏期,各地游客纷纷前来观光打卡,游客呈“井喷式”增长。据了解,今年11月以来,该村游客累计突破20万人次。
银杏村位于云南省腾冲市固东镇江东社区,距离腾冲城35公里,紧邻腾冲火山地热国家地质公园,是一个独具特色的古村落。村内房前屋后分布着4000亩集中连片的古银杏树3万余株。其中,树龄在500年以上的有50余株,400年以上的有70余株,百年以上的1000余株,中幼林1000亩、约33000株。
银杏村家家户户都有自己别样的小院,木质结构的房屋,加上古朴的火山石和青瓦,银杏树在农家的房前屋后茂盛生长,人与自然和谐共生,远远望去“村在林中,林在家中,人在画中”,相映成景,别具一格。
每年11月中旬至12月中旬是银杏村最美的时候,吸引无数游人慕名前来打卡。此时,房前屋后、村道上、石墙上、瓦房上,漫天黄叶纷扬,“满城尽带黄金甲”,村庄变成了一片金色的海洋。游人步入村庄,仿佛进入了一个金色的童话世界。(内容来源:新华网、腾冲市委宣传部)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ