"အမျိုးသား" အားကစားအသင်း အများအပြားသည် ကုန်းပြင်မြင့် ဆောင်းရာသီလေ့ကျင့်မှုကို ပြုလုပ်
2024-12-03 16:19|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဤဆောင်းရာသီတွင် တရုတ် အမျိုးသားဘတ်စကက်ဘောအသင်း၊ အမျိုးသားပြေးခုန်ပစ်အသင်းနှင့် အမျိုးသားရေကူးအသင်း စသည့် "အမျိုးသား" အားကစားအသင်း အများအပြားသည် နောက်မှပြိုင်ပွဲအတွက် ပြင်ဆင်ရန် ကူမင်းမြို့ရှိ ဟိုင်ကေအခြေခံစခန်းသို့ ရှေ့စဉ်နောက်ဆက် လာရောက်ခဲ့ပြီး ဆောင်းရာသီလေ့ကျင့်မှုကို ပြုလုပ်ကြသည်။
ဤအကြိမ် ဆောင်းရာသီလေ့ကျင့်မှုအတွင်း အမျိုးသားပြေးခုန်ပစ်အသင်းမှ အားကစားသမားနှင့် နည်းပြဆရာ အယောက်ပေါင်း ၂၇၀ ကျော်သည် ဟိုင်ကေအခြေခံစခန်းသို့ ပြေးခြင်း၊ ခုန်ခြင်း၊ ပစ်ပေါက်ခြင်း၊ လမ်းလျှောက်ခြင်း စသည်တို့ကို လေ့ကျင့်နေကြသည်။
ပါရီအိုလံပစ်အားကစားပြိုင်ပွဲမှ အမျိုးသမီး ကီလိုမီတာ ၂၀ လမ်းလျှောက်ပြိုင်ပွဲ၏ ချန်ပီယံ ယန်ကျားယုသည် ဟိုင်ကေအခြေခံစခန်းသို့ ပထမဆုံးအကြိမ် လာရောက်သည်၊ သူမက "အခြေခံစခန်းထဲမှာ ကျွန်မတို့ သင်တန်းအတွက် အရမ်းသင့်တော်တဲ့ လမ်းတစ်လမ်း ရှိပါတယ်၊ အရမ်းလုံခြုံပါတယ်။ ဒီမှာ အစားအသောက်၊ နေထိုင်ခြင်းနဲ့ ပံ့ပိုးခြင်းစလုံးက အရမ်းကောင်းလို့ လေ့ကျင့်ရတာ စိတ်တည်ငြိမ်လှပါတယ်" ဟု ပြောခဲ့သည်။ နည်းပြဆရာ လျူယူဟုန်က "ယူနန်ပြည်နယ်မှာ မတူတဲ့ ပင်လယ်ရေမျက်နှာပြင်အထက်က ကျွန်ုပ်တို့ ခရီးဝေးတဲ့ အားကစားလှုပ်ရှားမှုအတွက် ပံ့ပိုးမှုတွေကို ပေးနေပါတယ်" ဟု ပြောခဲ့သည်။
ကာယဗလလေ့ကျင့်ရေးစင်တာ၌ ကမ္ဘာ့ရေကူးချန်ပီယံ ဝမ်းရွှင့်သည် လေ့ကျင့်နေသည်။ သူသည် ဟိုင်ကေအခြေခံစခန်းကို အလွန်သိကျွမ်းသည် ဖြစ်၍ နှစ်တိုင်းလိုလို ကာယဗလလေ့ကျင့်ရန် နည်းပြအဖွဲ့နှင့် ကုန်းပြင်မြင့်သို့ လာရောက်လျက်ရှိသည်။ "ကျွန်တော်က ဟိုင်ကေကို ရောက်တိုင်း မတူညီတဲ့ ခံစားချက် ရှိပါတယ်၊ ၂၀၀၇ ခုနှစ်မှာ ကျွန်တော်က ပထမဆုံး လာရောက်ခဲ့ပြီး အခုအထိ ၁၇ နှစ်ရှိပြီ" ဟု သူသည် ပြောခဲ့သည်။
အမျိုးသား အားကစားအသင်း အများအပြား၏ လေ့ကျင့်ရေးအစီအစဉ်များကို ချောမွေ့စွာ ဆောင်ရွက်စေသည့်အတွက် ဟိုင်ကေအခြေခံစခန်းသည် နေရာ၊ ကာယဗလလေ့ကျင့်ရေး ပစ္စည်းကိရိယာများ၊ အစားအသောက်နှင့် နေထိုင်ခြင်း၊ လုံခြုံရေး စသည့် အဘက်ဘက်တွင် လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ထားကာ နိုင်ငံတကာအဆင့်မီ ပြေးခုန်ပစ်နေရာနှင့် လေ့ကျင့်ရေး အဆောက်အဦများကို ပြင်ဆင်ထားရုံသာမက ပေါများကြွယ်ဝသော ကာယဗလလေ့ကျင့်ရေး ပစ္စည်းကိရိယာများနှင့် အထူးကိရိယာများကိုလည်း ပေးထားကာ အားကစားသမားများသည် မတူညီသော လှုပ်ရှားမှုများ၏ လိုအပ်ချက်များနှင့်အညီ ပရော်ဖက်ရှင်နယ် လေ့ကျင့်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ပြင်၊ အခြေခံစခန်း၏ ဆေးဘက်ဆိုင်ရာ လေ့ကျင့်ရေးနှင့် အားကစား ကျန်းမာရေး စင်တာသည်လည်း အားကစားသမားများအတွက် ဆေးဘက်ဆိုင်ရာကုသမှုနှင့် ပြန်၍ကျန်းမာလာခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် အမျိုးသားအသင်း၏ ဆရာဝန်များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
新华社昆明11月25日电(记者岳冉冉)这个冬天,国家男篮、国家田径队、国家游泳队等多支“国字号”队伍陆续来到海埂基地,开启冬训备战。
这次冬训,国家田径集训队共有超270名运动员和教练员来到海埂基地,项目涵盖跑、跳、投、竞走等。
巴黎奥运会女子20公里竞走冠军杨家玉第一次来到海埂基地,她说:“基地里有一条非常适合我们训练的公路,很安全。这里的食宿、保障都非常好,在这训练很安心。”教练刘宏宇表示:“云南有不同梯度的海拔高度,为我们长距离项目提供了便利。”
在体能力量训练中心,游泳奥运冠军汪顺正在训练。对于海埂基地,他再熟悉不过,几乎每年他都会跟随教练组上高原储备体能。“每一次来海埂,我都有不一样的感受,从2007年第一次来,到现在已有17年。”
据悉,为确保多支国家队训练计划的顺利开展,海埂基地从场地、体能设备、食宿、安保等方面做了充足准备,不仅配备了国际标准的田径场地和训练设施,还提供了丰富的体能力量器材和专项设备,运动员可根据不同项目需求进行专业化训练。同时,基地的医科训运动健康中心也积极配合国家队队医,开展运动员的医疗、康复等工作。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ