၂၀၂၄ ခုနှစ် တရုတ် နိုင်ငံတကာ ချစ်ကြည်ရေးမြို့ ညီလာခံကို ကူမင်းမြို့တွင် ကျင်းပမည်

2024-11-13 17:08|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့၂၀၂၄ ခုနှစ် တရုတ် နိုင်ငံတကာ ချစ်ကြည်ရေးမြို့ ညီလာခံဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ၁၁ ရက်နေ့တွင် ပေကျင်းမြို့၌ ကျင်းပခဲ့သည် ဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများသည် ဤအကြိမ်ညီလာခံ၏ အခြေအနေများကို မိတ်ဆက်ပေးခဲ့သည်။

၂၀၂၄ ခုနှစ် တရုတ် နိုင်ငံတကာ ချစ်ကြည်ရေးမြို့ ညီလာခံကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပတော့မည် ဖြစ်သည်။ ဤညီလာခံကို တရုတ်နိုင်ငံ ပြည်သူ့ ပြည်ပချစ်ကြည်ရေးအသင်း၊ တရုတ် နိုင်ငံတကာ ချစ်ကြည်ရေးမြို့ သမဂ္ဂနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့မှ ပူးတွဲပြီး ဦးစီးကျင်းပကာ ကူမင်းမြို့ ပြည်သူ့အစိုးရမှ တာဝန်ခံကျင်းပသည်။ ညီလာခံသည် "အတူစံစားခြင်း၊ အတူအနိုင်ရခြင်းနှင့် အနာဂတ်ကို အတူဖန်တီးခြင်း" ဟူသော ခေါင်းစဉ်ကို စီစဉ်ပြီး သိပ္ပံနှင့်နည်းပညာ အဆန်းထွင်မှုဖြင့် စမတ်ကျသောမြို့များကို တည်ဆောက်ရန် ကူညီပေးခြင်း၊ မြို့ပြ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဖြင့် ပြည်သူလူထု၏ နေထိုင်မှုဘဝကို အကျိုးရရှိစေခြင်း၊ မြို့ပြ၏ သမိုင်းဝင်နှင့် ယဉ်ကျေးမှု အခြေခံအုတ်မြစ်များကို ကာကွယ်စောင့်ရှောက်ပြီး ဆက်ခံခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အပြန်အလှန် ချိတ်ဆက်မှုဖြင့် မြို့ပြ အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်ခြင်း" ဟူသော ဆွေးနွေးဖွယ်ရာအကြောင်းခွဲ ၄ ခုကို စီစဉ်ပေးမည် ဖြစ်သည်။


2024中国国际友好城市大会新闻发布会11日在北京举行,相关负责人介绍了本次大会有关情况。

据介绍,2024中国国际友好城市大会将于11月18日至19日在云南省昆明市举行。大会由中国人民对外友好协会、中国国际友好城市联合会、云南省人民政府共同主办,昆明市人民政府承办。大会将以“共享共赢  共创未来”为主题,设置“科技创新助力打造智慧城市”“城市绿色发展惠及民生福祉”“守护传承城市历史文化根脉”“交通互联构建城市命运共同体”4个分议题。(人民日报 记者褚君)

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်