တောရိုင်းမှိုရောင်းရန် "အနှေးရထား"ကို စီးသွား
2023-09-20 18:01|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) လေတိုက်၍ လျှပ်ပြက်သကဲ့သို့ လျင်မြန်လှသော မြန်နှုန်းမြင့်ရထား၏ ခေတ်တွင် ယူနန်ပြည်နယ်ရှိ မြေကြီးပေါ်၌ ဈေးသက်သာပြီး ဘူတာရုံတစ်ခုတိုင်း ဆိုက်ကပ်ရသည့် လူထုကောင်းစားရေး "အနှေးရထား"တစ်သုတ် ခုတ်မောင်းပြေးဆွဲနေသေးသည် ဖြစ်ကာ ကူမင်းမှ ဟုံကိုသို့ ရထား အမှတ် 5652/1 သည် ၎င်းတို့ထဲမှ တစ်ခု ဖြစ်သည်။ လမ်းတစ်လျှောက်ရှိ ဟင်းသီးဟင်းရွက် စိုက်ပျိုးသော၊ သစ်သီးဝလံ ရောင်းချသော ရွာသူရွာသားများသည် ဤ"အနှေးရထား"ဖြင့် တောင်ထဲမှ လယ်ယာထွက်ကုန်များကို မြို့ပြရှိ ဈေးများသို့ သယ်ယူပို့ဆောင်ပြီး ရောင်းချရန် ကာလကြာရှည် ဆောင်ရွက်လျက်ရှိသည်။ ယခုတလော၊ "မိုးရွာတိုင်း တောရိုင်းမှိုများ ပေါက်လာ"သည့် ရာသီဖြစ်နေသောကြောင့် တောရိုင်းမှိုများသည်လည်း ရထားတွဲထဲမှ "မကြာခဏ တွေ့မြင်နိုင်သော ကုန်ပစ္စည်း" ဖြစ်လာသည်၊ ဤရာသီတွင်သာ ရှိသည့် "လတ်ဆတ်သော ကုန်ပစ္စည်း"သည် ယူနန်လူမျိုးများ၏ နှစ်သက်မှု များများရရှိ၍ ခရီးစဉ်တစ်ခုတွင် ငွေအများကြီးရရှိနိုင်သည်။ တခါတရံ ဘူတာရုံသို့ မရောက်မီ သေးငယ်သော ရထားတွဲထဲ၌ အရောင်းအဝယ် သုံးလေးငါးကြိမ် အောင်မြင်စွာ ပြုလုပ်နိုင်သည်။
China Railway Kunming Group Co.,Ltd. မှ ခုတ်မောင်းပြေးဆွဲသည့် ကူမင်းမှ ဟုံကိုသို့ လူထုကောင်းစားရေး "အနှေးရထား" အမှတ် 5652/1 သည် အသွား(သို့မဟုတ် အပြန်)ခရီးတာ ၂၆၁ ကီလိုမီတာ ပြေးဆွဲသည် ဖြစ်ပြီး လမ်းတစ်လျှောက်တွင် ဘူတာရုံ ၆ ခုနှင့် passenger platforms ၁၀ ခုတွင် ဆိုက်ကပ်၍ အသွားခရီးတာ ၅ နာရီ ၅၃ မိနစ်ကြာ ပြေးဆွဲသည်ဖြစ်ပြီး အပြန်ခရီးတာ ၅ နာရီ ၅၉ မိနစ်ကြာ ပြေးဆွဲသည်ဖြစ်၍ ခရီးစဉ်တစ်ခုလုံး လက်မှတ်ခ ၃၆.၅ ယွမ် လိုပြီး အချင်းချင်းနီးစပ်သော ဘူတာရုံအကြားမှ အနိမ့်ဆုံး လက်မှတ်ခ ၄ ယွမ်သာ လိုသည် ဖြစ်သည်။
在风驰电掣、一日千里的高铁时代,云岭大地上仍开行着一批价格实惠、站站停靠的公益“慢火车”,昆明至红果的5652/1次列车就是其中之一。长期以来,沿途种蔬菜、贩水果的老乡们,都会通过这趟“慢火车”,将大山里的农产品运到城镇的集市上进行售卖。最近正值“下一场雨,长一茬菌子”的时节,野生菌也成了车厢里的“常客”,这一季节限定的“鲜货”,深受云南人的喜爱,一趟下来赚头不小!有时甚至不等到站下车,在小小的车厢里,就能做成好几笔买卖。
由中国铁路昆明局集团有限公司开行的昆明至红果5652/1次公益“慢火车”,单程运行261公里,沿途停靠6个客运站和10个乘降所,去程运行5小时53分、返程运行5小时59分,全程票价36.5元,相邻车站间最低票价仅4元。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့
- ယူနန်ပြည်နယ်၌ လတ်ဆတ်သောဖြတ်ပန်းပွင့်များ၏ တင်ပို့မှု ပမာဏနှင့် တန်ဖိုး နှစ်မျိုးလုံး တိုးတက်လာခဲ့
- ကူမင်းမှ ဟနွိုင်းအထိ ပန်းရနံ့များထဲတွင် တရုတ်-ဗီယက်နမ် စီးပွားရေးနှင့် ကုန်သွယ်ရေး၏ သက်ဝင်အားကို ခံစား