ယူနန်ပြည်နယ်၌ လတ်ဆတ်သောဖြတ်ပန်းပွင့်များ၏ တင်ပို့မှု ပမာဏနှင့် တန်ဖိုး နှစ်မျိုးလုံး တိုးတက်လာခဲ့
2025-04-28 10:47|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ယူနန်ပြည်နယ်၌ လတ်ဆတ်သောဖြတ်ပန်းပွင့်၏ တင်ပို့မှု ပမာဏသည် ၉၁၃၄ တန်ရှိပြီး တင်ပို့မှုတန်ဖိုး တရုတ်ယွမ် ၂၇၀ သန်း ရှိ၍ လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၁၀ ရာခိုင်နှုန်းနှင့် ၄၈.၂ ရာခိုင်နှုန်း အသီးသီး တိုးပွားလာခဲ့ကာ ၄င်းတို့အတက် ဂျပန်၊ ထိုင်းနှင့် ကာဇက်စတန်တို့သည် ထိပ်တန်း ပို့ကုန်ဈေးကွက် ၃ ခု ဖြစ်ကြောင်း သတင်းထောက်က ဧပြီလ ၁၆ ရက်နေ့တွင် ကူမင်းအကောက်ခွန်ရုံးမှ သိရှိရခဲ့ပါသည်။
Lijiang Modern Flower Industry Park ရှိ အမို ၁၁၀၀ ကျယ်ဝန်းသော ဖန်လုံအိမ်ထဲတွင် ရောင်စုံ Calla lily အမျိုးပေါင်း ၁၈ မျိုးကို ပြုစုပျိုးထောင်ထား၍ ၄င်း၏ နှစ်စဉ်ထွက်ကုန်အရေအတွက်မှာ အကိုင်းအခက် ၉ သိန်းအထိ ရှိရောက်နိုင်ပါသည်။ ယွိလုံဆီးနှင်းတောင်မှ ရေခဲမြစ်နှင့် နှင်းရေများ၏ ရေသွင်းပေးခြင်းနှင့် သန့်ရှင်းသော ဂေဟပတ်ဝန်းကျင်ကို အားကိုး၍ ဤနေရာတွင် ထုတ်လုပ်သော လတ်ဆတ်သောဖြတ်ပန်းပွင့်များသည် အရည်အသွေး မြင့်မားပြီး လေကြောင်း၊ လမ်းကြောင်း စသည်တို့ဖြင့် ဘက်စုံသယ်ယူပို့ဆောင် ခြင်းအားဖြင့် နိုင်ငံတကာဈေးကွက်သို့ ရောင်းချလျက်ရှိသည်။ "ကျွန်ုပ်တို့က နိုင်ငံတကာဈေးကွက်မှာ အခင်းအကျင်းတွေကို လျင်မြန်စွာ ဖြန့်ကြက်နေပါတယ်၊ မနှစ်က စင်ကာပူနဲ့ ဗီယက်နမ်တို့မှာ စျေးကွက်ကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်မှာ တောင်အာရှနဲ့ အရှေ့တောင်အာရှ ဈေးကွက်တွေမှာ ဆက်လက် နက်ရှိုင်းစွာ တည်ရှိနေပါမယ်" ဟု Lijiang Cai Ma Horticultural Technology Co., Ltd မှ တာဝန်ခံ ဝမ့်ကျားက ပြောကြားခဲ့ပါသည်။
နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပန်းကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်ကို ပေါ်ပေါက်လာ စေခဲ့ပါသည်။ ဗီယက်နမ်ပန်းကုန်သည် Nguyen Yuncui သည် "Huayibao" ဟူသော E-commerce ပလပ်ဖောင်းနှင့် ပူးပေါင်းဆောင်ရွက်မှု မှတစ်ဆင့် အွန်လိုင်းဝယ်ယူမှုမှ ကုန်စည်စီးဆင်းမှုနှင့် ပို့ဆောင်ဖြန့်ဖြူးမှုအထိ ကွင်းဆက်အပြည့် ဒစ်ဂျစ်တယ် လည်ပတ်မှုကို ဖော်ဆောင်ခဲ့ပါသည်။ မနှစ်က အောက်တိုဘာလမှ ဤနှစ် မတ်လအထိ သူမ၏ ကုမ္ပဏီ၏ အရောင်းအဝယ် ပမာဏသည် အယွမ် ၃.၄ သန်းကို ကျော်လွန်ခဲ့ပါသည်။
ရင်းမြစ်ကြီးကြပ်မှုမှ ဆိပ်ကမ်းရှင်းလင်းခြင်းအထိ လတ်ဆတ်သောဖြတ်ပန်းပွင့်များ၏ လုပ်ငန်းစဉ်တစ်ခုလုံးကို ချောမွေ့စွာ ချိတ်ဆက်စေရန်အတွက် ကူမင်းအကောက်ခွန်ရုံးသည် ဦးစားပေး စစ်ဆေးရန် အစိမ်းရောင်လမ်းကြောင်းကို ဖွင့်လှစ်ခဲ့ပြီး ယူနန်ပန်းများကို လတ်ဆတ်အောင် ကမ္ဘာတဝှမ်းသို့ လျင်မြန်စွာ တင်ပို့ရန် ကူညီပေးပါသည်။
记者16日从昆明海关获悉,2025年第一季度,云南出口鲜切花9134吨、出口额2.7亿元,同比分别增长10%、48.2%。其中,日本、泰国和哈萨克斯坦为前三大出口市场。
在丽江现代花卉产业园,1100亩温室大棚内培育着18个品种的彩色马蹄莲,年产量达90万枝。依托玉龙雪山冰川雪水灌溉和纯净的生态环境,这里出产的鲜切花品质卓越,通过航空、公路等多式联运销往国际市场。“我们正加速布局国际市场,去年成功打开了新加坡、越南市场,今年继续深耕南亚东南亚市场。”丽江彩马园艺科技有限公司负责人万嘉介绍。
跨境贸易的发展催生出新的花卉贸易合作模式。越南花商阮翠云通过与“花易宝”电商平台合作,实现了从在线采购到物流配送的全链条数字化操作。从去年10月到今年3月,其公司营业额突破340万元。
为实现鲜切花从源头监管到口岸通关全流程顺畅衔接,昆明海关开辟绿色通道优先查检,助力“云花”抢“鲜”出口,绽放全球。(记者王贤思)
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်၌ လတ်ဆတ်သောဖြတ်ပန်းပွင့်များ၏ တင်ပို့မှု ပမာဏနှင့် တန်ဖိုး နှစ်မျိုးလုံး တိုးတက်လာခဲ့
- တရုတ်-လာအို ရထားလမ်းဖြင့် စုစုပေါင်း သယ်ယူပို့ဆောင်ပေးသည့် ခရီးသည် အကြိမ်ရေ ၄၈၆၀ သောင်းကျော်ရှိပြီ
- ကူမင်းမြို့ ကျင့်နင်ရပ်ကွက်တွင် Truffle ကို စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားစေ
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ