ကူမင်းမှ ဟနွိုင်းအထိ ပန်းရနံ့များထဲတွင် တရုတ်-ဗီယက်နမ် စီးပွားရေးနှင့် ကုန်သွယ်ရေး၏ သက်ဝင်အားကို ခံစား
2025-04-22 16:21|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းသည် ပန်းနှစ်သက်သော မြို့တစ်မြို့ ဖြစ်ပြီး စက်ဘီး သို့မဟုတ် မော်တော်ဆိုင်ကယ်များဖြင့် ကုန်တင်စင်ဖြစ်သော "မိုးဆန်းပန်းဘတ်စ်ကား" များကို လမ်းကြီးလမ်းငယ်များတွင် တွေ့နိုင်ကာ ၄င်းသည် ဤမြို့၏ ထူးခြားသော ရှုခင်း ဖြစ်လာသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ချမ်ကုမ်ရပ်ကွက်ရှိ တုပ်နန်ပန်းစျေးသည် နာမည်ကျော်ကြားသည့် "အာရှ၏ပန်းမြို့တော်" ဖြစ်သည်။ ၂၀၂၄ ခုနှစ်အထိ တုပ်နန် နိုင်ငံတကာ ပန်းလုပ်ငန်းဇုန်၏ ပန်းရောင်းဝယ်ရေး အရေအတွက်နှင့် ပန်းရောင်း၀ယ်ရေး ပမာဏတို့သည် တရုတ်နိုင်ငံ၌ ၂၅ နှစ်ဆက်တိုက် ပထမအဆင့်ကို ထိန်းသိမ်းထားပါပြီ။
မကြာသေးမီနှစ်များတွင် နယ်စပ်ဖြတ်ကျော် E-commerce၊ ကုန်စည်စီးဆင်းမှုနှင့် သယ်ယူပို့ဆောင်ရေးတို့၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုကြောင့် တရုတ်နှင့် ဗီယက်နမ်တို့အကြား မိုးဆန်းပန်း ကုန်သွယ်မှုပမာဏသည် ဖြည်းဖြည်းနှင့်မှန်မှန် တိုးလာသည့် အလားအလာကို ထိန်းသိမ်းထားပါသည်။ ၂၀၂၄ ခုနှစ်တွင် ယူနန်ပြည်နယ်သည် ဗီယက်နမ်နိုင်ငံသို့ မိုးဆန်းပန်း ၉၁၆၈ တန်ကို တင်ပို့ခဲ့ပြီး ပို့ကုန်ပမာဏ ယွမ်ပေါင်း ၃၄၃၄ သောင်း ရှိခဲ့သည်။
လှပသော ယူနန့်ပန်းများသည် ဗီယက်နမ်၏ လမ်းကြီးလမ်းငယ်များတွင် ပွင့်လန်းနေပြီး တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၏ အသက်ဝင်သော မျက်ပြင်သက်သေခံချက် ဖြစ်လာသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ








