ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ

2025-02-24 17:41|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်း ၉ နာရီတွင် တရုတ်နိုင်ငံမှ အမှီအခိုကင်းစွာ ကိုယ့်ဖာသာ တီထွင်ထုတ်လုပ်သည့် ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထား ဖြစ်သည့် လိကျန်းမြို့ ဆီးနှင်းတောင် ရှုခင်းကြည့်ရထားသည် ခရီးသည်များကို အပြည့်အဝ တင်ဆောင်ထားကာ ခရီးသည်များစင်တာမှ နောက်ဆုံးပန်းတိုင် ဖြစ်သည့် ယိလုံးဆီးနှင်းတောင်သို့ အချိန်မှန် မောင်းနှင်ခဲ့သည်။

1

၃၅ မိနစ် အတွင်း လိကျန်းရှေးဟောင်းမြို့မှ လျှို့ဝှက်ဆန်းကြယ်သော ဆီးနှင်းတောင်သို့ ဖြတ်သန်းရောက်ရှိပြီး ဘိုင်ဆားရှေးဟောင်းမြို့နယ်၊ လိဆွေကျိုက်၊ တုံးပါးဂူနှင့် ကန်းဟိုင်ဇီ ဟူသော ရှုခင်းသာနေရာတို့ကို ချိတ်ဆက်ထားကာ လမ်းတစ်လျှောက်ရှိ ရှုခင်းများသည် 4D ရုပ်ရှင်ထဲမှ မြင်ကွင်းကဲ့သို့ လှပသည်။ ဆီးနှင်းတောင်၊ ပန်းများနှင့် စားကျက်မြေများ စလုံးသည် အလွန်လှပသည်။

2

လိကျန်းမြို့ရှိ ဆီးနှင်းတောင် ရှုခင်းကြည့်ရထား၏ ခရီးစဉ်တစ်ခုလုံးသည် ၂၀.၇ ကီလိုမီတာ ရှိပြီး ၄င်းကို အမြင့်ဆုံး အရှိန်အဟုန်း တစ်နာရီ ၇၀ ကီလိုမီတာ အလိုက် စီစဉ်၍ ဘိုင်ဆားရှေးဟောင်းမြို့နယ်၊ လိဆွေကျိုက်၊ တုံးပါးဂူနှင့် ကန်းဟိုင်ဇီ စသည့် အဓိက ရှုခင်းသာနေရာများနှင့် ရေပန်းစားသည့် ဓာတ်ပုံရိုက်နေရာများကို ချိတ်ဆက်ထားကာ လိကျန်းမြို့ရှိ ပထမဆုံး ရှုခင်းကြည့်ရထားလမ်း ဖြစ်ပြီး လိကျန်းရှေးဟောင်းမြို့နှင့် ယိလုံဆီးနှင်းတောင် AAAAA အဆင့် ရှုခင်းသာနေရာတို့ကို ချိတ်ဆက်သည့် ရှုခင်းကြည့် အထူးရထားလမ်းလည်း ဖြစ်သည်။

3

ရထား ပြေးဆွဲသည့် အစအဦးကာလတွင် အနိမ့်ဆုံး ထွက်ခွာချိန်သည် ၁၂ မိနစ်ကြာ ဖြစ်ပြီး တစ်လမ်းမောင်းချိန် ၃၅ မိနစ် ဖြစ်၍ ဦးစားပေးပေါ်လစီအရ လက်မှတ်ခကို သတ်မှတ်ထားပြီး တစ်လမ်းသွားခမှာ လူတစ်ဦးလျှင် အယွမ် ၅၀၊ အသွားအပြန်ခမှာ လူတစ်ဦးလျှင် အယွမ် ၈၀ ဖြစ်သည့်အပြင် ကလေးများ၊ စစ်မှုထမ်းဆဲ စစ်မှုထမ်းများ၊ မီးသတ်သမားများ၊ မသန်စွမ်းသူများ၊ ဧည့်လမ်းညွှန်များ စသည်တို့သည် တစ်ဝက်ဈေး သို့မဟုတ် အခမဲ့ လက်မှတ်ကို ခံစားနိုင်သည်။


2月12日上午9时,我国自主研发的全球首列全景观光山地旅游列车——丽江雪山观光火车满载旅客,准点从起点游客中心站驶向终点玉龙雪山站。

1

35分钟,从烟火丽江穿越至雪山秘境,串联白沙古镇、玉水寨、东巴谷、甘海子,沿途风光如4D电影般扑面而来。雪山、繁花与牧场,每一帧都是壁纸级美景。

2

据悉,丽江雪山观光火车全程20.7公里,设计最高速度70公里/小时,串联了白沙古镇、玉水寨、东巴谷、甘海子等主要旅游景区及网红打卡点,是丽江市第一条观光火车线路,也是连接丽江古城与玉龙雪山5A级景区的旅游观光专线。

3

项目开通初期,最小发车间隔12分钟,单程运行时间35分钟,票价实行优惠政策,单程票价50元/人、往返票价80元/人,并针对儿童、现役军人、消防救援人员、残疾人、导游等再半票或免票。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်