ယူနန်ပြည်နယ် ကျင့်နင်ရပ်ကွက်၌ မိုပေါင်းထောင်ချီသော ကြာပန်းများသည် လှပသော ကျေးရွာ၏ ပုံပြရှုခင်းအသစ်ကို ထင်ဟပ်
2023-09-20 17:39|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဆောင်းဦးရာသီအစောပိုင်းတွင် ယူနန်ပြည်နယ် ကူမင်းမြို့ ကျင့်နင်ရပ်ကွက် ကျင့်ချမ်လမ်း ဆာတီကျေးရွာကော်မတီ ယူကျားကုပ်ရွာရှိ မိုပေါင်းထောင်ချီသော ကြာပန်းကန်ကမ်းနား၌ လမ်းလျှောက်လျှင် ကြာပန်းများ ရှေ့စဉ်နောက်ဆက် ပွင့်ဖူးနေသည်ကို တွေ့မြင်နိုင်၍ အဖြူရောင်ဖြစ်သည့် ကြာပန်းများသည် ကျောက်စိမ်းကဲ့သို့ ဖြစ်ပြီး ပန်းရောင်ဖြစ်သည့် ကြာပန်းများသည် ဆည်းဆာကဲ့သို့ ဖြစ်ကာ ရေကန်ထဲတွင် ပြည့်ဝစွာရှိသည့် ကြာဖက်များသည် စိမ်းစိုစိုဖြစ်ပြီး အဝေးမှ တျန်းချီရေကန်နှင့် အပြန်အလှန် ရောင်ပြန်ဟပ်ပြီး သာယာလှပသော ရှုခင်းပန်းချီတစ်ချပ်ကို ဖွဲ့စည်းဖြစ်လာသည်။
ဆာတီရွာသည် တျန်းချီရေကန် အရှေ့ဘက်မှ ကမ်းနားတွင် တည်ရှိသည်။ ယခုနှစ်များတွင် တျန်းချီရေကန်ဆိုင်ရာ ကာကွယ်ထိန်းချုပ်ရေးအလုပ်ကို အဆက်မပြတ် နက်ရှိုင်းစွာ ရှေ့သို့တွန်းတင်လာခဲ့သည်နှင့်အမျှ ဆာတီရွာရှိ ရွာသူရွာသားများသည် အစကနဦး စပါးစိုက်ခြင်းမှ ဖန်လုံအိမ်တွင် ဟင်းသီးဟင်းရွက်များနှင့် ပန်းမန်များ စိုက်ခြင်းအထိ နောက်ဆုံးတွင် ဖန်လုံအိမ် ဖြိုဖျက်ပြီး ရိုးရာလယ်ယာစိုက်ပျိုးရေးကို ပြန်လည်ဆောင်ရွက်လာခဲ့သည် ဖြစ်၍ ဂေဟစိုက်ပျိုးရေး သဘောတရားဖြင့် သာယာလှပသော ကျေးလက်ဒေသကို တည်ဆောက်ခဲ့ကြကာ တျန်းချီရေကန်ကို ကောင်းမွန်လာအောင် ကာကွယ်ထိန်းသိမ်းရာတွင် ဆာတီရွာ၏ ထူးခြားချက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းတစ်လိုင်းကိုလည်း စူးစမ်းရှာဖွေရခဲ့သည်။
လက်ရှိအချိန်တွင် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံများ စဉ်ဆက်မပြတ် တည်ဆောက်ခြင်းနှင့် ကောင်းမွန်ပြည့်စုံလာခြင်း နှင့်အမျှ ဆာတီရွာ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ အဆက်မပြတ် ကြွယ်ဝလာနေသည် ဖြစ်၍ ပန်းနှင့် တျန်းချီရေကန် ကြည့်ရှုခြင်း၊ စိုက်ပျိုးရေး လက်တွေ့လေ့လာခြင်း၊ မိဘ-ကလေး ကစားပျော်ရွှင်မှု၊ ဒေသခံ ထူးခြားချက်ရှိ အစားအသောက် စသည့် ဝန်ဆောင်မှုများ ပေါင်းစပ်ထားသည့် လည်ပတ်ကြည့်ရှုခြင်းနှင့် ခရီးသွားရပ်ဝန်းကို ဖြစ်လာနေပြီဖြစ်ကာ အနီးအနားမှ ခရီးသည်များနှင့် သူငယ်ချင်းများကို ဤနေရာသို့ လည်ပတ်ကြည့်ရှုရန် ဆွဲဆောင်နေကြသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့
- ယူနန်ပြည်နယ်၌ လတ်ဆတ်သောဖြတ်ပန်းပွင့်များ၏ တင်ပို့မှု ပမာဏနှင့် တန်ဖိုး နှစ်မျိုးလုံး တိုးတက်လာခဲ့
- ကူမင်းမှ ဟနွိုင်းအထိ ပန်းရနံ့များထဲတွင် တရုတ်-ဗီယက်နမ် စီးပွားရေးနှင့် ကုန်သွယ်ရေး၏ သက်ဝင်အားကို ခံစား