ဆောင်းဦးရာသီတွင် ကူမင်းမြို့သို့ ကျူပန်းများကို လာရောက်ကြည့်ရှုကြပါ
2023-09-13 15:04|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ရာသီဥတုသည် တဖြည်းဖြည်း အေးလာသည်နှင့်အမျှ
ယခုအချိန်တွင် ကူမင်းမြို့၌ မိုးနှောင်းအခါသမယသည် ရာသီဥတုမှာ သာယာလှ၍ အပူချိန်သည်လည်း သင့်တော်သည်
နေရာအများအပြားသည် ၄င်းတို့၏ အဝတ်အစားများကို တိတ်တဆိတ်နှင့် ပြောင်းလဲ၍
ဆောင်းဦးရာသီတွင် တစ်ခုတည်းရှိသည့် ကဗျာဆန်သော အပေါ်အင်္ကျီဖြင့် ဖုံးအုပ်ထားသည်
အခုတလော အင်တာနက် အသုံးပြုသူ "JD" သည် Douyin တွင် တိန်ချီးစိုစွတ်မြေရှိ ကျူပန်းများအကြောင်း ဗီဒီယိုကို ထုတ်ပြန်ခဲ့၍ မရေမတွက်နိုင်သော အင်တာနက် အသုံးပြုသူများကို ကြည့်ရှုရန် ဆွဲဆောင်ခဲ့သည်။
ကူမင်းမြို့၏ ဆောင်းဦးရာသီသည် ကျူပင်များဖြင့် စတင်လျက်ရှိသည်၊ ဆောင်းဦးလေညင်းသည် တိုက်ခတ်နေပြီး မြစ်ကမ်းစပ်ရှိ ယွမ်းနွဲ့လှုပ်ရှားနေသည့် ကျူပင်များမှာ ဆောင်းဦးရာသီသည် ကူမင်းမြို့ကို ပေးပို့သည့် အနူးညံ့ဆုံးသော ကဗျာဆန်မှု ဖြစ်ကာ ဤသည် ကူမင်းမြို့၌ ဆောင်းဦးရာသီအစပိုင်းထဲတွင် အလှဆုံးသော အရောင် ဖြစ်နိုင်သည်။
ဤနေ့တွင် တရုတ်ဂန္တဝင်ကဗျာများ(ရှိကျင်)၊ (ဟန်) ထဲတွင် နှစ်ပေါင်းနှစ်ထောင်ကျော်ကြာ လှပသော ရုက္ခပင်များကို အတူတူ သွားကြည့်ကြပါ။
စောင်ဟိုင်စိုစွတ်မြေဥယျာဉ်
စောင်ဟိုင်စွေ့သောင့်(ဥမင်) စိုစွတ်မြေဥယျာဉ်ရှိ ကျူပင်များသည် ဆောင်းဦးရာသီထဲသို့ ဝင်ရောက်သည့် ကူမင်းမြို့သည် လှပမှုများကြောင့် ထပ်မံ၍ နာမည်ကျော်ကြားစေခဲ့သည်။ မြင့်မားသော ကျူပင်များ၊ တစ်လှိုင်လှိုင်မွှေးနေသော မြက်စိမ်းများ စသည်တို့ရှိကာ တကယ်၍ အလွန်လှပသည်။ အထူးသဖြင့် ညမိုးချုပ်ချိန်တွင် နေဝင်ဆည်းဆာအောက်ရှိ ကျူပန်းများနှင့် ခွေးမြီးမြက်များသည် အပြန်အလှန် တန်ဆာဆင်ထား၍ အလွန်လှပသည်။
ပေါင်ဖုန်း စိုစွတ်မြေဥယျာဉ်
လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် အများပြည်သူသို့ တရားဝင် အခမဲ့ဖွင့်လှစ်ခဲ့ပြီးနောက် ပေါင်ဖုန်း စိုစွတ်မြေဥယျာဉ်သည် မြို့သူမြို့သားများနှင့် ခရီးသည်များ၏ နှစ်သက်မှု များများရရှိခဲ့သည်။ မြို့ပြ၏ ရှုပ်ထွေးပွေလီမှုများနှင့် ကွားဝေသော ဤနေရာ၌ ဆိုင်းဆိုင်းဝေဝေရှိသော Galsang ပန်းများနှင့် ယွမ်းနွဲ့လှုပ်ရှားသည့် ကျူပင်များ ရှိ၍ အားလပ်ရက်များတွင် အပန်းဖြေသည့် အလွန်ကောင်းမွန်သော ရှုခင်းသာနေရာတစ်ခု ဖြစ်သည်။
တိန်ယွန်လူနေရပ်ကွက် လုံထန်ယင်
ကူမင်းမြို့တွင်းရပ်ကွက်မှ ထွက်ခွာပြီး မြောက်ဘက်သို့ မော်တော်ယာဉ်ဖြင့် ကီလိုမီတာ ၃၀ ခန့် မောင်းနှင်လျှင် ဖန်လုံရပ်ကွက် တိန်ယွန်လမ်းသို့ ဝင်ရောက်နိုင်သည်။ ၄င်းသည် အကျယ်အဝန်း မသေးမငယ်ပြီး လေးဘက်တွင် တောတောင်များ ဝန်းရံထားသော မြေပြန့်အရပ်တစ်ခု ဖြစ်ကာ စမ်းရေစီးပေါက် အများအပြားရှိပြီး ရေစီးကြောင်း ပေါများကြွယ်ဝပြီး ဖန်လုံမြစ်၏ မြစ်ဖျားခံရာများထဲမှ တစ်ခုဖြစ်၍ ဖန်မြစ်၏ မြစ်ဖျားခံရာဟု ချီးကျူးခံလျက်ရှိသည်။ ဤနေရာသို့ ကျူပင်များကို လာရောက်ကြည့်ရှုသည့် ခရီးသည် အနည်းငယ်သာရှိသောကြောင့် မြေပေါ်တွင် ထိုင်ပြီး ရှုခင်းများကို ကြည့်ရှုနိုင်သည်။
ဟိုင်တုံး စိုစွတ်မြေဥယျာဉ်
ဟိုင်တုံး စိုစွတ်မြေဥယျာဉ်သို့ ဝင်ရောက်လျှင် လေသည် အေးအေးညှင်းညှင်း လန်းလန်းဆန်းဆန်းဖြစ်ပြီး လေပြေသည် မျက်မှာပေါ်သို့ ညှင်းညှင်းငြိမ့်ငြိမ့် သုတ်ဖြူးဆော်သွေးပြီး လူများကို ကြည်နူးဆွတ်မောစေ၍ ဤနေရာရှိ ကျူပင်များ၏ အရေအတွက်သည် စောင်ဟိုင်စွေ့သောင့်(ဥမင်) စိုစွတ်မြေဥယျာဉ်ထက် မနည်းနှင့်။ ဟိုင်တုံး စိုစွတ်မြေဥယျာဉ်သည် ဧရိယာကျယ်ဝန်းပြီး ဘေးနားရှိ တုပ်နန် စိုစွတ်မြေဥယျာဉ်နှင့် နယ်နိမိတ်ချင်းဆက်စပ်၍ ရှုခင်းများ သာယာလှပပြီး ကျူပင်များအပြင် ခရမ်းရောင်ဖြစ်သည့် ခွေးမြီးမြက်များလည်း ရှိသည်။ ပြန့်ပြူးသော မြက်ခင်းပြင်များ၊ ကွေ့တီးကွေ့ကောက်ဖြစ်သော လမ်းငယ်များ၊ ကျယ်ပြန့်သော တိန်ချီးရေကန် စသည်တို့ရှိသောကြောင့် ကလေးများ နှင့်အတူ သွားကြရန် အလွန်သင့်တော်သည်။
ရှုခင်းတစ်ချို့ကို
တစ်နေ့စောစော တွေ့မြင်ရလျှင်
ပိုစောစွာ သက်သာစေနိုင်ပါ
ဆောင်းဦးလေ တိုက်ခတ်လာသည့်အခါ
ကျူပင်များသည် ယွမ်းနွဲ့လှုပ်ရှားနေသည်
ဤကဲ့သို့သော ကူမင်းမြို့ရှိ ဆောင်းဦးရာသီရှုခင်းများကို
မင်းသည် ကြိုက်နှစ်သက်သနည်း
天气渐渐转凉
此时的昆明秋高气爽、气温适宜
许多地方悄悄换装
披上了独属秋天的灿烂诗意的外衣
日前,网友“JD”在抖音发布了滇池湿地芦苇花的视频,引来无数网友围观。
昆明的秋天由芦苇拉开序幕,秋风习习,河畔摇曳的芦苇就是秋天送给昆明最温柔的一抹诗意,这大概是昆明初秋最美的颜色。
今天,一起去看看在《诗经》中美了两千年的植物。
草海隧道湿地公园
草海隧道湿地公园的芦苇让入秋的昆明再一次美出圈。高高的芦苇荡,幽幽的青草香……真的好美。特别是傍晚时,夕阳下的芦苇荻花和狗尾巴草交相辉映。
宝丰湿地公园
自去年10月16日正式对公众免费开放以来,宝丰湿地公园深受市民游客的欢迎。这里远离城市繁杂,这里有繁盛的格桑花、摇曳的芦苇,是休闲度假的绝佳胜地。
滇源社区龙潭营
从昆明城区出发,一路向北,行车约30公里就进入盘龙区滇源街道了。这是一个面积不小、四面环山的坝子,泉眼众多,水流丰富,是盘龙江的源头之一,被誉为盘江之源。来这里看芦苇,游客少,可以席地而坐看风景。
海东湿地公园
走进海东湿地公园,空气清新,微风拂面令人心旷神怡,这里的芦苇荡规模不输草海隧道。海东湿地面积大,与隔壁的斗南湿地接壤,风景优美,除了芦苇荡还有成片的紫色狗尾草。平坦的草地、蜿蜒的小道、广阔的滇池……非常适合遛娃。
有些风景
早一天看到
就会早一点被治愈吧
阵阵秋风袭来
芦苇飘荡
昆明的秋景
你心动了吗
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- တရုတ်နိုင်ငံ လစ်ကျန်းမြို့- ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းကို စတင်ဖွင့်လှစ်ခဲ့
- National Geographic မဂ္ဂဇင်း၏ ဂန္တဝင်ဓာတ်ပုံပြပွဲကို ကူမင်းမြို့၌ စတင်ကျင်းပခဲ့
- တရုတ်-လာအို ရထားလမ်းသည် ပြောင်းလဲမှုအသစ်ကို ထပ်ရှိပြီး အမြန်ရထားဖြင့် လာအိုနိုင်ငံသို့သွားရန် ၁ နာရီကြာ အတိုချုံ့
- (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို သြဂုတ်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကူမင်းမြို့တွင် ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ဆိပ်ကမ်းများ မှတစ်ဆင့် သွင်းယူသည့် အာဆီယံနိုင်ငံများထွက် သစ်သီးဝလံ၏ ပမာဏသည် လျင်မြန်စွာ တိုးလာ
- တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် ပါဝင်ပြသမည့် ပထမအသုတ်ကုန်ပစ္စည်းက အကောက်ခွန်ဌာနမှ ဖြတ်သန်းခဲ့
- ယူနန့်ဘေဘယ်ရီသီးကို ပထမဆုံး တရုတ်-ကမ္ဘောဒီးယား ပင်ရင်းသက်သေခံလက်မှတ်ဖြင့် ကမ္ဘောဒီးယားသို့ တင်ပို့ခဲ့
- ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းပြပွဲကို ကူမင်းမြို့၌ ကျင်းပခဲ့