တရုတ်နိုင်ငံ ယူနန်ပြည်နယ် မိုဟန်ဆိပ်ကမ်းသည် နိုင်ငံခြားပညာတော်သင်များအတွက် အထူးပြည်ဝင်လမ်းကို ဖွင့်လှစ်

2023-09-08 17:48|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ခင်ခင်ယခုတလော နွေရာသီကျောင်းပိတ်ရက် ကုန်ဆုံးခဲ့ခြင်းနှင့် တရုတ်နိုင်ငံအတွင်းမှ အဓိက တက္ကသိုလ်များနှင့် ကောလိပ်ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ခြင်း နှင့်အမျှ လာအိုနိုင်ငံမှ ပညာတော်သင်အများအပြားသည် ကျောင်းပြန်တက်ကြသောကြောင့် မိုဟန်ဆိပ်ကမ်းသည်လည်း တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်သည့် နိုင်ငံခြားပညာတော်သင်များ၏ အရေအတွက် အများဆုံးသော အချိန်ကာလထဲသို့ ဝင်ရောက်ခဲ့သည်။ စက်တင်ဘာလ ၄ ရက်နေ့တွင် ယူနန်နော်မယ်တက္ကသိုလ်၌ စာသင်နေသည့် လာအိုနိုင်ငံကျောင်းသားတစ်ယောက်သည် မိုဟန်ဆိပ်ကမ်းတွင် အထူးပြည်ဝင်လမ်းဖြင့် တရုတ်နိုင်ငံတွင်းသို့ လျင်မြန်စွာ ဝင်ရောက်ပြီးနောက် "မင်းတို့ရဲ့ စိတ်အားထက်သန်တဲ့ ဝန်ဆောင်မှုအတွက် ကျေးဇူးတင်ပါတယ်၊ တရုတ်နိုင်ငံမှာ တရုတ်စာလေ့လာရတာ အရမ်းပျော်ရွှင်တယ်၊ တရုတ်နိုင်ငံမှာ စာသင်လာပြီး တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို ခံစားဖို့ ပိုများတဲ့ အဖော်များကို ထောက်ခံအကြံပေးရမယ်"ဟု ပြောခဲ့သည်။

မိုဟန်ဆိပ်ကမ်းသည် တရုတ်-လာအိုနှစ်နိုင်ငံတို့ အကြားရှိ အကြီးဆုံးသော နိုင်ငံတော်အဆင့် ကုန်းလမ်းဆိပ်ကမ်းဖြစ်သည်။ တရုတ်-လာအို ရထားလမ်း၏ စတင်လည်ပတ်ခြင်း နှင့်အမျှ မိုဟန်ဆိပ်ကမ်းသည်လည်း "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (One Belt One Road)" အဆိုပြုချက်၏ အဓိကနေရာတစ်ခုနှင့် အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသသို့ မျက်နှာမူသည့် အရေးကြီးသော တံခါးဖွင့်ဆိပ်ကမ်း ဖြစ်လာခဲ့သည်။ မိုဟန် ပြည်ဝင်ပြည်ထွက် နယ်စပ်စစ်ဆေးရေးစခန်းမှ စာရင်းဇယားများအရ နှစ်စဉ် နိုင်ငံခြားပညာတော်သင်များ အယောက် ၃၀၀၀ ကျော်သည် မိုဟန်ဆိပ်ကမ်း မှတစ်ဆင့် တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်လာကြပြီး ၎င်းအနက် ရာခိုင်နှုန်း ၈၀ မှာ လာအိုနိုင်ငံမှ လာသည် ဖြစ်၍ ကျန်ရှိသော ပညာတော်သင်များမှာ ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယားနှင့် အခြားနိုင်ငံများမှ လာသည် ဖြစ်ကာ လူအများဆုံး ဝင်ရောက်သည့် အချိန်ကာလသည် နှစ်စဉ် သြဂုတ်လ ၂၀ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့အထိ ဖြစ်သည်။

昆明信息港讯 日前,随着暑假的结束,国内各大高校陆续开学,大批老挝留学生开始返校,磨憨口岸也迎来了留学生入境高峰。9月4日,一名在云南师范大学留学的老挝学生,在磨憨口岸通过“特别通道”快速通关入境后说道:“谢谢你们热情的服务,很开心到中国学习中文,我会推荐更多同胞来中国读书,真实感受中国速度。”

磨憨口岸是中老两国最大的国家级陆路口岸,随着中老铁路开通运行,磨憨口岸也成为“一带一路”重要支点和面向中南半岛的重要开放口岸。据磨憨出入境边防检查站统计,每年经由磨憨口岸入境中国的留学生有3000余人,其中80%来自老挝,其余来自泰国、新加坡、柬埔寨等国,入境高峰期从每年的8月20日一直持续到9月10日左右。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်