ပထမအကြိမ် ပြင်ပအားကစားလုပ်ငန်း စည်းဝေးပွဲကို အောက်တိုဘာလကုန်တွင် ယူနန်ပြည်နယ်၌ ကျင်းပမည်
2023-08-30 15:03|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) သြဂုတ်လ ၂၈ ရက်နေ့တွင် ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ ပြင်ပအားကစားလုပ်ငန်း စည်းဝေးပွဲ၏ ထုတ်ပြန်ပွဲအခမ်းအနားကို ပေကျင်းမြို့၌ ကျင်းပခဲ့သည်။ ပထမအကြိမ် ပြင်ပအားကစားလုပ်ငန်း စည်းဝေးပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၌ ကျင်းပမည်ဖြစ်ကြောင်း အထက်ပါ ထုတ်ပြန်ပွဲအခမ်းအနားမှ သိရှိရခဲ့သည်။
ဤအကြိမ်စည်းဝေးပွဲတွင် "တောင်၊ ရေ၊ လမ်း၊ လေ" နယ်ပယ်စလုံးရှိ ပြင်ပအားကစား စီမံကိန်းများကို ဖုံးလွှမ်းထား၍ အဆင့်မြင့်ဖိုရမ်များ၊ လုပ်ငန်းပြသမှု၊ မိတ်ဆက်ခြင်းနှင့် ညှိနှိုင်းဆွေးနွေးမှု၊ လက်တွေ့လေ့လာခြင်းနှင့် ကပြဖျော်ဖြေမှုတို့ ဖြစ်သည့် အပိုင်း ၄ ပိုင်း ပါဝင်မည် ဖြစ်သည်။ ၄င်းတို့အနက် လုပ်ငန်းပြသမှု အစိတ်အပိုင်းတွင် တာ့လီ၏ မြို့ပြလက္ခဏာများကို အပြည့်အဝ အသုံးပြု၍ အိမ်တွင်းနှင့် ပြင်ပရှိ စတုရန်းမီတာ ၂.၅ သောင်း ကျယ်ဝန်းသော ပြသရေးဒေသကို စီစဉ်ရမည် ဖြစ်သည်။ မိတ်ဆက်ခြင်းနှင့် ညှိနှိုင်းဆွေးနွေးမှု အစိတ်အပိုင်းတွင် နိုင်ငံတစ်ခုလုံးရှိ ပြင်ပအားကစားအရင်းအမြစ် ပေါများသော ပြည်နယ်များ၏ မိတ်ဆက်ပွဲတစ်ခုနှင့် ယူနန်ပြည်နယ်၏ သီးခြားမိတ်ဆက်ပွဲတစ်ခုကို စီစဉ်မည်ဖြစ်၍ သက်ဆိုင်ရာ ညှိနှိုင်းမှုနှင့် စစ်ဆေးလေ့လာမှု လှုပ်ရှားမှုများကို တပြိုင်နက် စီစဉ်မည် ဖြစ်သည်။ လက်တွေ့လေ့လာခြင်းနှင့် ကပြဖျော်ဖြေမှု အစိတ်အပိုင်း၏ အရေးကြီးသည်မှာ ပါဝင်ခြင်းဖြစ်ကာ ဖျော်ဖြေပွဲလှုပ်ရှားမှုများနှင့် ခြေလျင်လျှောက်ခြင်းများအပြင် တရုတ် အပန်းဖြေအားကစားလှုပ်ရှာမှု စိန်ခေါ်ပြိုင်ပွဲ၊ နိုင်ငံတစ်ခုလုံး မော်တော်ယာဉ်များနှင့် လူနေအပန်းဖြေမော်တော်ယာဉ်(RV)များဖြင့် စခန်းချပြိုင်ပွဲနှင့် အယ်ဟိုင်ရေကန်ပတ် စက်ဘီးစီးပြိုင်ပွဲတို့ကိုလည်း တစ်ချိန်တည်း ကျင်းပရမည် ဖြစ်သည်။
8月28日,2023中国户外运动产业大会发布仪式在北京举行。据悉,首届中国户外运动产业大会,将于10月27日至29日在云南省大理白族自治州举办。
本届大会覆盖“山、水、路、空”全域户外项目,涵盖高端论坛、产业展览、推介洽商和体验展演四大板块。其中,产业展览板块将充分利用大理的城市特色,规划室内室外2.5万平方米的展览区域;推介洽商板块将安排全国户外运动资源省份和云南专场两场推介会,并同步配套组织商洽和调研活动;体验展演板块重在参与,除了嘉年华活动和徒步行外,中国休闲运动挑战赛、全国汽车房车露营集结赛和环洱海自行车赛也将同期开展。(云南日报 记者娄莹)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
291.08MMK
1 ယွမ်=291.08ကျပ်
- မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး စတင်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့
- ယူနန်ပြည်နယ်၌ လတ်ဆတ်သောဖြတ်ပန်းပွင့်များ၏ တင်ပို့မှု ပမာဏနှင့် တန်ဖိုး နှစ်မျိုးလုံး တိုးတက်လာခဲ့