နွေရာသီကျောင်းပိတ်ရက် ကုန်ဆုံးတော့မည် ဖြစ်သော်လည်း ယူနန်အနောက်ပိုင်းသို့ ခရီးသွားသည့် ရေပန်းစားမှုက မလျှော့ပါနှင့်

2023-08-25 16:01|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့ယခုနှစ်များတွင် ယူနန်ရထားလမ်းကွန်ရက် အဆက်မပြတ် ကောင်းမွန်ပြည့်စုံလာခြင်း နှင့်အမျှ ယူနန်အနောက်ပိုင်းသို့ ခရီးသွားလမ်းကြောင်းများထဲမှ နေရာအများအပြားကို အောင်မြင်စွာ ချိတ်ဆက်လာခဲ့သည် ဖြစ်ကြောင်း၊ ဤနှစ် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ယူနန်အနောက်ပိုင်းသို့ ခရီးသွားလမ်းကြောင်းများသည် ဆက်လက် ရေပန်းစားနေ၍ နိုင်ငံတစ်ခုလုံး နေရာအသီးသီးမှလာသည့် ခရီးသည်များသည် တာ့လီ၊ လစ်ကျန်း၊ ပေါင်စန်း စသည့် နေရာများသို့ ရထားဖြင့် ခရီးသွားရန် ရွေးချယ်ခဲ့ကြသည် ဖြစ်ကြောင်း၊ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၂၀ ရက်နေ့အထိ တာ့လီဘူတာရုံ၌ ခရီးသည် အယောက်ပေါင်း ၂.၁၂၄ သန်း သယ်ယူပို့ဆောင်ခဲ့ပြီး နေ့စဉ်ပျမ်းမျှ ခရီးသည် အယောက်ပေါင်း ၄.၂ သောင်း သယ်ယူပို့ဆောင်ခဲ့ပြီး ယခင်ကာလတူများထက် ၄၉.၁ ရာခိုင်နှုန်း တိုးလာခဲ့သည် ဖြစ်ကြောင်း၊ လစ်ကျန်းဘူတာရုံ၌ ခရီးသည် အယောက်ပေါင်း ၈၉ သောင်း သယ်ယူပို့ဆောင်ခဲ့ပြီး နေ့စဉ်ပျမ်းမျှ ခရီးသည် အယောက်ပေါင်း ၁.၇ သောင်း သယ်ယူပို့ဆောင်ခဲ့ပြီး ယခင်ကာလတူများထက် ၃၅.၆ ရာခိုင်နှုန်း တိုးလာခဲ့သည် ဖြစ်ကြောင်း သြဂုတ်လ ၂၁ ရက်နေ့တွင် သတင်းထောက်က China Railway Kunming Group Co.,Ltd. မှ သိရှိရခဲ့သည်။

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ယူနန်အနောက်ပိုင်းသို့ ခရီးသွားလမ်းကြောင်းများ၏ သယ်ယူပို့ဆောင်ရေးကို အာမခံချက်ရှိစေရန်အတွက် ရထားလမ်းဌာနသည် လက်မှတ် ကြိုတင်ရောင်းချရေး ပမာဏ၊ လူကြိုက်များသော ရထားများ၏ စီးနှင်းမှုရာခိုင်နှုန်းနှင့် အဓိက ဘူတာရုံများ၏ ခရီးသည်များ မည်သည့်နေရာများသို့ သွားခြင်းတို့ကို မျက်ခြည်မပြတ် အာရုံစိုက်ကာ ခရီးသည်များ၏ ခရီးထွက်သည့် ထုံးနည်းများကို သိရှိနားလည်ရန် သီးသန့်လုပ်ငန်းဆောင်ရွက်သူများကို ကိန်းဂဏန်းများ၏ စာရင်းကောက်ခြင်းနှင့် ခွဲစိတ်ပိုင်းခြားခြင်းတို့ကို ဆောင်ရွက်စေခဲ့သည်။ နွေရာသီကျောင်းပိတ်ရက်အတွင်း ရထားလမ်းဌာနသည် ယူနန်အနောက်ပိုင်းဒေသ၌ ယာယီခရီးသည်တင်ရထား ၂၈ တွဲနှင့် EMU train reconnection ရထား ၃၁၅ ကြိမ်ကို တိုးတက်ဖွင့်လှစ်ပေးခဲ့၍ သယ်ယူပို့ဆောင်ရေး စွမ်းရည်နှင့် အင်အားကို အပြည့်အဝ ထုတ်လွှတ်ခဲ့ကာ ခရီးသည်များ၏ ခရီးထွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေး၍ "တစ်နေ့စီ မြေပုံတစ်ချပ်စီ"ဖြင့် တိကျမှန်ကန်စွာ ရထား မောင်းနှင်းစေရန် အာမခံပေးခဲ့သည်။

နွေရာသီကျောင်းပိတ်ရက် ကုန်ဆုံးတော့မည် ဖြစ်သော်လည်း ယူနန်အနောက်ပိုင်းသို့ ခရီးသွားသည့် လိုအပ်ချက်များသည် ဆက်လက် ရှင်ရှင်သန်သန်ရှိနေသည်။ တာ့လီနှင့် လစ်ကျန်းဘူတာရုံတို့အပြင် လင်ချန်း၊ ယန့်ပီ၊ ပေါင်စန်းနှင့် ဝေ့စန်း စသည့်ဘူတာရုံများ၏ ခရီးသည် သယ်ယူပို့ဆောင်ရေးပမာဏသည် ဆက်လက် အများအပြားရှိနေသည်။ ဤနှစ်အတွင်း ယူနန်-တိဗက် ရထားလမ်းမှ လစ်ကျန်း-ရှန်ဂရီလာ လမ်းထောက်ကို ဖွင့်လှစ်ရန် မျှော်လင့်ချက်ရှိကာ ထိုအချိန်ရောက်လျှင် ယူနန်အနောက်ပိုင်းသို့ ခရီးသွားလမ်းကြောင်းများ၏ ကွန်ရက်ဖွဲ့စည်းပုံသည် အဆင့်တိုး၍ ကောင်းမွန်ပြည့်စုံလာစေမည် ဖြစ်၍ "ရထားဖြင့် တရုတ်နိုင်ငံကို ကြည့်ရှုခြင်း"သည် ယူနန်အနောက်ပိုင်းတွင် ခရီးသည်များ၏ ပထမဆုံး ရွေးချယ်မှု ဖြစ်လာလိမ့်မည် ဖြစ်သည်။

昆明信息港讯(昆明日报 记者王绍芬 通讯员谢一可 陈畅)8月21日,记者从中国铁路昆明局集团有限公司(以下简称“国铁昆明局”)获悉,近年来,随着云南铁路网不断完善,串起了大滇西旅游环线的多个地区。今年暑运以来,大滇西旅游环线持续火爆,来自全国各地的旅客选择乘铁路前往大理、丽江、保山等地旅游。7月1日至8月20日,大理站共发送旅客212.4万人次,日均发送旅客4.2万人次,同比增长49.1%;丽江站共发送旅客89万人次,日均发送旅客1.7万人次,同比增长35.6%。

为保障大滇西旅游环线暑期运输,铁路部门密切关注车票预售量、热门车次上座率和重点车站客流流向,专人负责大数据统计分析,掌握旅客出行规律。暑运以来,铁路部门在滇西地区增开临客28对、增加重联动车组列车315趟,充分释放运能、运力,满足旅客出行需求,确保“一日一图”精准开车。

据悉,暑运虽然已经接近尾声,但滇西地区旅客出行需求依然旺盛。除大理、丽江站外,临沧、漾濞、保山、巍山站等的旅客发送量依然居高不下。年内,滇藏铁路丽江至香格里拉段有望开通,届时将进一步完善大滇西旅游环线路网结构,“坐着火车看中国”在滇西地区成为旅客出行首选。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်