ယူနန်ပြည်နယ် ရှန်းဝေးမြို့၌ ဝက်ပေါင်ခြောက် အစားအစာ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲကို ကျင်းပနေ
2023-08-23 19:04|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) သြဂုတ်လ ၁၈ ရက်နေ့တွင် ယူနန်ပြည်နယ် ရှန်းဝေးမြို့ (၂၀၂၃ ခုနှစ်) ဝက်ပေါင်ခြောက် အစားအစာ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲကို စတင်ကျင်းပခဲ့၍ နိုင်ငံတစ်ခုလုံး နေရာအသီးသီးမှ လာသည့် ခရီးသည် ၁ သောင်းခန့်သည် ရှန်းဝေးမြို့ဗဟိုချက်မနေရာရှိ မေဟွမ့်ရင်ပြင်၌ အတူတူစုစည်းနေ၍ အရသာစစ်မှန်သော ရှန်းဝေးဝက်ပေါင်ခြောက်ကို မြည်းစမ်းကြည့်ရင်း ဒေဿခံ ထူးခြားချက် ပြည့်စုံထားသော အနုပညာကပြဖျော်ဖြေပွဲကိုလည်း ကြည့်ရှုနေပါသည်။
ရှန်းဝေးမြို့သည် ချူကျင့်မြို့၏ အရှေ့မြောက်ပိုင်း၌ တည်ရှိ၍ တရုတ် ဝက်ပေါင်ခြောက် ယဉ်ကျေးမှု၏ မွေးရပ်မြေဟု ချီးကျူးခံလျက်ရှိပါသည်။ ရှန်းဝေးဝက်ပေါင်ခြောက်သည် ယူနန်ပြည်နယ်၌ နာမည်ထင်ရှားသော အထူးထုတ်ကုန်များထဲမှ တစ်မျိုးဖြစ်၍ ၄င်း၏ သမိုင်းကြောင်းသည် ကြာရှည်လေးမြင့်ပြီး ပြည်တွင်းပြည်ပ နာမည်ကျော်ကြားလျက်ရှိသည် ဖြစ်ပါသည်။ ၄င်းသည် နိုင်ငံတကာ ပနားမား ကုန်စည်ပြပွဲ၏ ရွှေတံဆိပ် ရရှိခဲ့၍ ဆွန်ယက်ဆင် ကိုယ်တိုင်ရေးသော "饮和食德" ဟူသော ဟန်စာလုံးကိုလည်း ရရှိခဲ့သည်။ ရှန်းဝေးဝက်ပေါင်ခြောက်သည် နိုင်ငံတော် ပင်ရင်းထုတ်လုပ်မှုနေရာရှိ ကာကွယ်ရေးထုတ်ကုန်၊ တရုတ်-ဥရောပ ပထဝီဝင်အမှတ်လက္ခဏာ ဒုတိယအသုတ် ကာကွယ်ရေးအမည်စာရင်းနှင့် Shanghai Great World DSJJNS Record သက်သေပြုခြင်း စသည့် ထူးခြားသော ဂုဏ်ရည် အရပ်ပေါင်း ၁ ရာကျော်ကိုလည်း ရရှိခဲ့ပါသည်။
ဧည့်သည်ကြိုဆိုခြင်း ထမင်းစားပွဲသည် ဤအကြိမ် ဝက်ပေါင်ခြောက် အစားအစာ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲ၏ ဖွင့်ပွဲအခမ်းအနားထဲမှ အရေးပါသော အစိတ်အပိုင်း ဖြစ်သည်။ လေးထောင့်ပုံ စားပွဲလေး အလုံး ၆၆၀ ကို မေဟွမ့်ရင်ပြင်၏ အလယ်ဗဟိုတွင် ညီညီညာညာ စီစဉ်ထား၍ ခရီးသည်များနှင့် ဒေသခံများသည် အတူတပျော်တပါး ဆုံစည်းကြပြီး ဝက်ပေါင်ခြောက်ကို မြည်းကြည့်ခဲ့ကြပါသည်။ စိတ်အားထက်သန်သော "အမျိုးသား ပျော်ပျော်ရွှင်ရွှင် သီချင်းဆိုခြင်း" ဟူသော သီချင်းကို ဆိုခဲ့ခြင်းနှင့်အမျှ စိမ်းစားသည့် ဝက်ပေါင်ခြောက်ပြား၊ ဝက်ပေါင်ခြောက်မုန့်သရေစာ၊ ဝက်ပေါင်ခြောက်စွပ်ပြုတ်၊ ပဲမုန့်နှင့် မုန်ညင်းဖြူ ပြုတ်၊ ဆားရည်နှင့် တိုဖူးဝါပြုတ် စသည့် ဟင်းလျာ ၁၅ ခုကို စားပွဲအပေါ် ရှေ့စဉ်နောက်ဆက် တင်ထားခဲ့၍ ခရီးသည် အများအပြားကို ရှန်းဝေး၏ ဝက်ပေါင်ခြောက်ဆိုင်ရာ အစားအစာ ယဉ်ကျေးမှုများကို နက်နက်ရှိုင်းရှိုင်း ခံစားစေခဲ့ပါသည်။ လှုပ်ရှားမှုတွင် ပါဝင်သည့် ချုံချင့်မြို့သူ လီယို့ယင်းက "ကျွန်မက ခရီးသွားပြီး နွေအပူဒဏ်ရှောင်ဖို့ ချူကျင့်မြို့ကို လာတာ နှစ်လလောက် ရှိပါပြီ။ ဒီနေ့ ဝက်ပေါင်ခြောက် အစားအစာ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးပွဲ ပါဝင်ဖို့ ရှန်းဝေးအစားအစာတွေကို မြည်းကြည့်ဖို့ ရှန်းဝေးကို အထူးတလည် လာတာဖြစ်ပါတယ်။ ဒီနေရာမှာ လူတွေက စိတ်အားထက်သန်လှပြီး အစားအစာတွေလည်း ထူးခြားချက်ရှိပါတယ်၊ စားရတာ၊ ကစားရတာနဲ့ နေရတာတို့က သိပ်ကောင်းလိုက်တာပဲ။" ဟု ပြောခဲ့ပါသည်။
ရှန်းဝေးမြို့ (၂၀၂၃ ခုနှစ်) ဝက်ပေါင်ခြောက် အစားအစာ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲကို သြဂုတ်လ ၂၈ ရက်နေ့အထိ ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။ ဤအချိန်ကာလအတွင်း ဝက်ပေါင်ခြောက် အစားအစာပွဲ၊ ယန်လျူမြို့နယ် ခဒုဟယ်မြစ်ဘေးရှိ ချီးရှီးပွဲတော် သီချင်းပြိုင်ပွဲ၊ နီကျူဟယ် လျှိုမြောင်ကြီးသို့ အားရပါးရ လည်ပတ်ကြည့်ရှုခြင်း ခရီးစဉ်၊ ပန်ချောင်မြို့နယ် ယီဂူပန်းပင်လယ်သို့ ခရီးသွားခြင်း၊ တုံးစန်းမြို့နယ် ဖူဇုန်ရွာ လျှို့ဝှက်ရာနေရာနှင့် မြက်ခင်းပြင်ပေါ် ဘာဘီကျူးလုပ်ခြင်း စသည့် လှုပ်ရှားမှု ၁၀ ခုကျော်ကို ဆောင်ရွက်မည်ဖြစ်ကာ ခရီးသည်များကို ရှန်းဝေးရှိ တောတောင်ရေမြေအား အားရပါးရ လည်ပတ်ကြည့်ရှုစေ၍ ရှန်းဝေးဝက်ပေါင်ခြောက်ကို မြည်းစမ်းကြည့်စေမည် ဖြစ်သည်။ ထို့ပြင်၊ ပစ္စည်းကောင်းရောင်းဈေးနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ရောင်းဈေး စသည့် ကုန်စည်ပြပွဲနှင့် တိုင်ပင်ဆွေးနွေးရေး လှုပ်ရှားမှုများကိုလည်း ကျင်းပမည် ဖြစ်သည်။
新华网昆明8月21日电(记者 浦超)8月18日,云南宣威(2023)火腿美食文化旅游节拉开序幕,近万名来自全国各地的游客齐聚在宣威市中心的美奂广场,一边品尝风味纯正的宣威火腿,一边观看充满当地特色的文艺演出。
宣威市位于曲靖东北部,被誉为中国火腿文化之乡。宣威火腿是云南省著名特产之一,历史悠久,驰名中外。曾荣获国际巴拿马博览会金质奖章,孙中山亲笔题词“饮和食德”。宣威火腿还先后荣获国家原产地域保护产品、中欧地理标志第二批保护名单、大世界基尼斯纪录认证等过百项殊荣。
美食迎客宴是本次宣威火腿美食文化旅游节开幕式的重头戏。660张四方小方桌整齐排列在美奂广场中央位置,游客和当地群众欢聚一起品尝火腿。随着热情激昂的《民族欢歌》唱响,生吃火腿片、火腿茶点、炖火腿、菜豆花、盐水黄豆腐等15道菜品依次上桌,让广大游客深刻感受宣威的火腿美食文化。在现场参加美食文化活动的重庆市民李育英说:“我来曲靖旅居避暑已有两个月,今天专门来宣威参加火腿美食文化旅游节,品尝宣威美食。这里的老百姓很热情,美食有特色,真是好吃好玩又好在。”
宣威(2023)火腿美食文化旅游节将持续到8月28日。活动期间,当地推出了火腿美食宴、杨柳可渡河畔七夕赛歌汇、尼珠河大峡谷畅享之旅、板桥迤谷花海田园游、东山芙蓉秘境、草地烧烤等10余项活动,让游客沉浸式畅游宣威山水、品尝宣威火腿。同时,当地还将举办好物市集、非遗市集等商贸展洽活动。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့
- ယူနန်ပြည်နယ်၌ လတ်ဆတ်သောဖြတ်ပန်းပွင့်များ၏ တင်ပို့မှု ပမာဏနှင့် တန်ဖိုး နှစ်မျိုးလုံး တိုးတက်လာခဲ့
- ကူမင်းမှ ဟနွိုင်းအထိ ပန်းရနံ့များထဲတွင် တရုတ်-ဗီယက်နမ် စီးပွားရေးနှင့် ကုန်သွယ်ရေး၏ သက်ဝင်အားကို ခံစား