(၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲမှ အဓိကဧည့်သည်တော်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ပြခန်းကို ဖွင့်လှစ်ခဲ့

2023-08-16 15:50|ရောင်စုံတိမ်တံတား

အဓိကဧည့်သည်တော်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ပြခန်းမှ ရုပ်ပြဇုန်ကို အဖြူရောင်နှင့် ရွှေရောင်တို့ဖြင့် အဓိက တန်ဆာဆင်ထားသည်။

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်း၌ (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် အဓိကဧည့်သည်တော်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ပြခန်းကို ဖွင့်လှစ်ခဲ့သည်။ ဤပြခန်း၏ ရုပ်ပြဇုန်ကို မန္တလေးနန်းတော်နှင့် ရန်ကုန် မြို့ပြအစိုးရတိုက်ကြီး စသည့် အဆောက်အအုံများ၏ ပုံစံအတိုင်း ဒီဇိုင်းတည်ဆောက်ခဲ့ပြီး အဖြူရောင်နှင့် ရွှေရောင်တို့ဖြင့် အဓိက တန်ဆာဆင်ထား၍ မြန်မာနိုင်ငံရှိ တမူထူးခြားသော အဆောက်အအုံများနှင့် ယဉ်ကျေးမှုများကို ပြသထားသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ပြောကြားသည်မှာ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်သည့် အစောဆုံးသောနိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များနှင့် နှစ်နိုင်ငံပြည်သူလူထုများအကြား ကြီးမားလေးနက်သော "ပေါက်ဖော်" ချစ်ကြည်ရေး ထူထောင်ခဲ့ကြောင်း၊ ယူနန်ပြည်နယ်သည် တရုတ်-မြန်မာ ဆက်ဆံရေးတွင် အလွန်အရေးကြီးသော အခန်းမှပါဝင် စွမ်းဆောင်ခဲ့ကြောင်း  ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ့အကပြသမှု ရှိသည်။ 

ပြသဇုန်၏ ဘယ်ညာ နှစ်ဖက်စလုံးတွင် Autostereoscopy နှင့် holographic display စသည့် သိပ္ပံနှင့်နည်းပညာများကို အသုံးပြု၍ လည်ပတ်ကြည့်ရှုသူများအတွက် မြန်မာနိုင်ငံ၏ လူမှုရေး ဓလေ့ထုံးစုံများနှင့် အထူးထုတ်ကုန်ပစ္စည်းများကို ပြသပြီး မြန်မာနိုင်ငံ၏ တမူထူးခြားသော ညှို့နိုင်စွမ်းကို အသက်ဝင် ပေါ်လွင်လာစေသည် ဖြစ်သည်။ ပြသဇုန်ထဲတွင် ယဉ်ကျေးမှုပြသဇုန်၊ ကုန်သွယ်ရေးပြသဇုန်နှင့် ရင်းနှီးမြှုပ်နှံမှု တိုင်ပင်ဆွေးနွေခြင်း ပြသဇုန်စသည့် နယ်ပယ်အများအပြားကိုလည်း စီစဉ်ထားပြီး လည်ပတ်ကြည့်ရှုသူများသည် သေသပ်သိမ်မွေ့သော ဓာတ်ပုံများနှင့် ဗီဒီယိုများအား ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး ဓလေ့ထုံးစုံများနှင့် ပေါများကြွယ်ဝသော အရင်းအမြစ်အားသာချက်များကို  နက်ရှိုင်းစွာ သိရှိနားလည်နိုင်ကြသည်။

1493996_2048x2048

缅甸主宾国馆的形象展区以白色和金色为主色调。记者谭石艳/摄

昆明信息港讯 8月16日上午,第七届中国—南亚博览会的缅甸主宾国馆开馆。缅甸主宾国馆的形象展区以曼德勒皇宫和仰光市政府大楼等建筑为设计元素,以白色和金色为主色调,展示了缅甸独具特色的建筑和文化。

在开馆仪式上,缅甸联邦共和国商务部部长昂乃乌表示,缅甸是最早与中国建交的国家之一,两国领导人之间,两国人民之间建立了深厚的“胞波”情谊,云南省在中缅关系中发挥着举足轻重的作用。

2

开馆仪式上的缅甸舞蹈表演。记者谭石艳/摄

记者在现场看到,展区左右两侧采用了裸眼3D、悬浮全息展示技术等科技化手段,向参观者展示缅甸的人文风情和特色产品,生动展现缅甸的独特魅力。展区内还设置了文化展示区、贸易展示区和投资洽谈区等多个功能区域,参观者可以通过精美的图片和视频,深入了解缅甸的投资发展、人文风情以及丰富的资源优势。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်