ယူနန်ပြည်နယ်သည် မှိုစားရာသီသို့ ဝင်ရောက်နေ
2023-07-04 10:11|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) မိုးရာသီ ရောက်လာသည်နှင့်အမျှ ယူနန်ပြည်နယ်မှ စျေးတွင် တောမှိုကို အမြောက်အမြား ရောင်းချနေ၍ တစ်နှစ်တစ်ကြိမ် မှိုစားရာသီ ကျရောက်လာသည်။ ယူနန်ပြည်နယ်သည် "တောမှိုနိုင်ငံ" ဟူသော နာမည် ရှိပြီး စားသုံးနိုင်သည့် တောမှိုအမျိုးမှာ စုစုပေါင်း အမျိုး ၉၀၀ ခန့် ရှိသည်။
ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီတွင် ကူမင်း မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစင်တာ၌ Thelephora ganbajun Zang၊ Russula virescens နှင့် Boletus edulis စသည့် တောမှိုအမျိုးမျိုးကို အမြောက်အမြား ရောင်းချနေ၍ စည်ကားလှသည်။ ရောင်းချနေသည့် တောမှိုပမာဏသည် များပြားလာသည် နှင့်အမျှ စျေးနှုန်းလည်း စတင်ကျဆင်းလာသည်။ လက်ရှိအချိန်တွင် Russula virescens၊ Collybia albuminosa၊ Agaricus deliciosus နှင့် Boletus edulis အမျိုးမျိုး၏ စျေးနှုန်းတို့သည် ကျဆင်းလာ သောကြောင့် တောမှိုကြိုက်စားသည့် မြို့သူမြို့သားများသည် အသီးသီး လာရောက်ဝယ်ကြသည်။
လက်ရှိအချိန်၌ စျေးတွင် Thelephora ganbajun Zang နှင့် Tricholoma matsutake (lto et lmai) Singer အများအပြား မရှိသော်လည်း ဈေးတွင် စတင်ရောင်းချခဲ့သည့် အချိန်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းသည် များများ ကျဆင်းလာသည်။ Boletus brunneissimus Chiu၊ အဝါရောင် Boletus edulis၊ Agaricus deliciosus နှင့် Cantharellus cibarius Fr. စသည့် မှိုများထဲတွင် ဈေးနှုန်း အသက်သာဆုံးမှာ တစ်ကီလိုဂရမ်လျှင် ယွမ် ၁၀၀ အောက် ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့
- ယူနန်ပြည်နယ်၌ လတ်ဆတ်သောဖြတ်ပန်းပွင့်များ၏ တင်ပို့မှု ပမာဏနှင့် တန်ဖိုး နှစ်မျိုးလုံး တိုးတက်လာခဲ့
- ကူမင်းမှ ဟနွိုင်းအထိ ပန်းရနံ့များထဲတွင် တရုတ်-ဗီယက်နမ် စီးပွားရေးနှင့် ကုန်သွယ်ရေး၏ သက်ဝင်အားကို ခံစား