ယူနန်ပြည်နယ်သည် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဇုန်၏ တည်ဆောက်ရေးကို တက်ကြွစွာ ပါဝင်ဆောင်ရွက်

2023-07-03 16:58|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်အခုနှစ်များတွင် ယူနန်ပြည်နယ်သည် တောင်အာရှနှင့် အရှေ့တောင်အာရှသို့ မျက်နှာမူသည့် တရုတ်နိုင်ငံ၏ ဖြာထွက်ရေးစင်တာ တည်ဆောက်ရေး လိုအပ်ချက်များနှင့် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို အနီးကပ်စွာ အာရုံစူးစိုက်ခဲ့၍ ပြည်တွင်း ဆွဲဆောင်မှုနှင့် ပြည်ပ ချိတ်ဆက်မှုဆိုင်ရာ အားသာချက်များကို ထုတ်ဖော်ခဲ့၍ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဇုန်၏ တည်ဆောက်ရေးကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကာ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်ကို အပြည့်အဝ အသုံးချခဲ့၍ စျေးကွက်ကို တံခါးဖွင့်စေ၍ ဒေသတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၏ လွတ်လပ်ရေးနှင့် အဆင်ပြေမှု အဆင့်အတန်းကို တိုးမြှင့်ခဲ့ကာ တရုတ်နိုင်ငံနှင့် အာဆီယံတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို ဝန်ဆောင်မှုပေး သည့်အတွက် အားဖြည့်ပေးခဲ့သည်။

ကုန်သွယ်မှုပမာဏသည် တည်ငြိမ်စွာ တိုးတက်လာသည်။ အခုနှစ်များတွင် အာဆီယံသည် ယူနန်ပြည်နယ်၏ အကြီးဆုံးသော ကုန်သွယ်မှုအဖော် အမြဲတမ်းဖြစ်သည်။ နှစ်ဦးနှစ်ဘက်တို့၏ ကုန်သွယ်မှုပမာဏသည် ၂၀၂၈ ခုနှစ်တွင် ယွမ် ၉၁.၅၂ ဘီလီယံမှ ၂၀၂၁ ခုနှစ်တွင် ယွမ် ၁၂၄.၂၉ ဘီလီယံအထိ တိုးတက်လာခဲ့၍ စုစုပေါင်း သွင်းကုန်ပို့ကုန်ပမာဏ၊ ပို့ကုန်ပမာဏနှင့် သွင်းကုန်ပမာဏသည်  နှစ်စဉ် ပျမ်းမျှအားဖြင့် ၉.၃ ရာခိုင်နှုန်း၊ ၁၂ ရာခိုင်နှုန်းနှင့် ၆.၇ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ယူနန်ပြည်နယ်နှင့် အာအီယံတို့အကြားမှ ကုန်သွယ်မှုပမာဏသည် ယွမ် ၁၂၇.၃၇ ဘီလီယံ ရှိခဲ့သည်ဖြစ်၍ ပြည်နယ်တစ်ခုလုံး၏ စုစုပေါင်း ကုန်သွယ်မှုပမာဏ၏ ၃၈.၁ ရာခိုင်နှုန်းရှိခဲ့သည်။ ဤနှစ် ဇန်နဝါရီလမှ မေလအထိ၊ ယူနန်ပြည်နယ်နှင့် အာအီယံတို့အကြားမှ ကုန်သွယ်မှုပမာဏသည် ယွမ် ၄၆.၉၅ ဘီလီယံ ရှိခဲ့သည်ဖြစ်၍ ပြည်နယ်တစ်ခုလုံး၏ စုစုပေါင်း ကုန်သွယ်မှုပမာဏ၏ ၄၅.၆ ရာခိုင်နှုန်းရှိခဲ့သည်။ 

ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုသည် ပေါများကြွယ်ဝ၍ အမျိုးမျိုးအဖုံဖုံ ရှိသည်။ ယူနန်ပြည်နယ်၏ အာဆီယံသို့ မျက်နှာမူသည့် ကုန်သွယ်မှုသည် သာမန်ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှုတို့ကို အဓိက ဆောင်ရွက်ခဲ့သည်မှ အချောကိုင်ကုန်သွယ်မှု၊ Bonded logistics စသည့် နည်းလမ်းအမျိုးမျိုးဖြင့် အတူယှဉ်တွဲနေထိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုသို့ ပြောင်းလဲသွားခဲ့သည်။ သွင်းကုန်ပို့ကုန်၏ အမျိုးအစားသည် အဆက်မပြတ် ပေါများကြွယ်ဝလာခဲ့သည်၊ ကုန်းပြင်မြင့် ထူးခြားချက်ရှိ လယ်ယာထွက်ကုန်များ၊ ဓာတုဗေဒ ထုတ်ကုန်များ၊ လျှပ်စစ်စက်ပစ္စည်းများ၊ သတ္တုတွင်းထွက်ကုန်များ စသည်တို့သည် ယူနန်ပြည်နယ်နှင့် အာဆီယံတို့၏ ကုန်သွယ်မှုမဏ္ဍိုင်ကို ဖြစ်လာသည်အား အခြေခံပြု၍ ယူနန်ပြည်နယ်မှာ ကုန်သွယ်မှု ရှေ့အလားအလာကို တက်ကြွစွာ တူးဖော်ခဲ့ပြီး Single Crystal Silicon Block၊ လီသီယမ်ဘက်ထရီ (Lithium Battery) စသည့် ထွန်းသစ်စ စက်မှုထုတ်ကုန်များကို အာဆီယံစျေးကွက်သို့ တင်ပို့ရန် တွန်းအားပေးခဲ့သည်။ နေရာများတွင် ဆန်းသစ်တီထွင်မှု စမ်းသပ်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်၊ ကူမင်း၊ ဟုံဟယ်၊ တက်ဟုန်း၊ တာ့လီ စသည့် ပြည်နယ်ခွဲ (မြို့)များကို နယ်စပ်ဖြတ်ကျော် e-commerce အထွေထွေ စမ်းသပ်ရေးဇုန်များအဖြစ် အတည်ပြုခဲ့၍ ရွှေလီ၊ ဟယ်ခုတ် စသည့် ခရိုင်(မြို့)များကို နယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန်ကုန်ပစ္စည်းများ အချောကိုင်လုပ်ငန်း ဆောင်ရွက်သည့် ပထမအသုတ် စမ်းသပ်ရေး ခရိုင်(မြို့)များအဖြစ် အတည်ပြုခဲ့၍ ကူမင်းနှင့် ရွှေလီတို့ကို စျေးကွက်ဆိုင်ရာ ဝယ်ယူရေးကုန်သွယ်မှု စမ်းသပ်ရေးနေရာအဖြစ် အတည်ပြုခဲ့၍ တရုတ်မိုဟန်-လာအိုမိုဒင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်ကို နိုင်ငံတော် သွင်းကုန်ကုန်သွယ်မှု မြှင့်တင်ရေးနှင့် တီထွင်ဆန်းသစ်မှု စံပြဇုန်အဖြစ် အတည်ပြုခဲ့သည်။ ၂၀၂၁ ခုနှစ် ဧပြီလတွင် ယူနန်ပြည်နယ်သည် လာအိုနိုင်ငံမှ ပထမအသုတ် အမဲသားနွား ၂၀၁၆ ကောင်ကို တင်သွင်းလာခဲ့သည် ဖြစ်၍ ၂၀၂၂ ခုနှစ်တွင် မြန်မာ့ Silage များကို စတင်တင်သွင်းလာခဲ့သည် ဖြစ်သည်။ ၂၀၂၃ ခုနှစ် မေလတွင် အဘက်ဘက်သည် လာအိုနိုင်ငံမှ အမဲသားနွားများ တင်သွင်းမှုစနစ်ဆိုင်ရာ အတားအဆီးများကို လက်တွဲ ဖြေရှင်းခဲ့ကြသည်။

နိုင်ငံခြားကုန်သွယ်မှု၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်တို့ကို မြှင့်တင်ခဲ့သည်။ အခုနှစ်များတွင် ယူနန်ပြည်နယ်သည် ကုန်သွယ်မှုပမာဏကို တိုးမြှင့်ရန်အတွက် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်နှင့် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) စသည့် မူဝါဒအမြတ်ဝေစုများကို အပြည့်အဝအသုံးပြုရန် လုပ်ငန်းကုမ္ပဏီများကို တက်ကြွစွာ ပံ့ပိုးပေးခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် နယ်မြေအကောက်ခွန်ရုံးသည် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် အောက်ရှိ ပင်ရင်းသက်သေခံလက်မှတ် စုစုပေါင်း ၈၂၄၈၃ စောင်ကို ထုတ်ပေးခဲ့သည် ဖြစ်၍ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၃၅၇ ဘီလီယံ ရှိခဲ့သည် ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအထိ၊ နယ်မြေအကောက်ခွန်ရုံးသည် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် အောက်ရှိ ပင်ရင်းသက်သေခံလက်မှတ် စုစုပေါင်း ၂၉၅၄၁ စောင်ကို ထုတ်ပေးခဲ့သည် ဖြစ်၍ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၆၇၆ သန်း ရှိခဲ့သည် ဖြစ်သည်။ လက်ရှိတွင် ယူနန်ပြည်နယ်သည် အဆင့်မြင့် အခွင့်ရစီးပွားရေးလုပ်ငန်း (AEO) ၁၅ ခုကို ပြုစုပျိုးထောင်ခဲ့ပြီ ဖြစ်၍ လုပ်ငန်းများကို အဆင်ပြေသော အကောက်ခွန် ကြီးကြပ်မှု ဆောင်ရွက်ချက်များအား ခံစားစေနိုင်ရန် ကူညီပေးခဲ့သည် ဖြစ်သည်။ ယူနန်ပြည်နယ်သည် အိမ်နီးချင်းနိုင်ငံများမှ လယ်ယာထွက်ကုန်များကို တင်သွင်းရန် အစွမ်းကုန် ဆောင်ရွက်ခဲ့သည်၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ၊ လာအိုနိုင်ငံမှ အမဲသားနွားများ၊ ကန်စွန်းဥများ၊ ဖရဲသီးများ၊ လတ်ဆတ်သော ပဲမျိုး၊ လတ်ဆတ်သော ပင်မှည့်သီးများနှင့် လိမ္မော်သီးမျိုး စသည့် အသီးအနှံများ၊ Smilax glabra Roxb.၊ KADSURAE CAULIS နှင့် ဆေးရွက်ကြီးရွက်များ၊ မြန်မာနိုင်ငံမှ ဆန် (ဆန်ကွဲ)များ၊ ငှက်ပျောသီးများနှင့် ပြောင်းဖူးများ၊ ဗီယက်နမ်နိုင်ငံမှ ဒူးရင်းသီးများနှင့် ကန်စွန်းဥများ၊ အင်ဒိုနီးရှားနိုင်ငံမှ ဝဥခြောက်ပြား စသည့် ကုန်ပစ္စည်းများကို တင်သွင်းရန် အတည်ပြုသည့်အတွက် တွန်းအားပေးခဲ့သည်။ 

ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် နက်ရှိုင်းစေခဲ့သည်။ အာဆီယံတွင် ယူနန်ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုများ စတင်ပုံဖော်လာခဲ့သည်၊ ၂၀၂၃ ခုနှစ် ဇွန်လအထိ ယူနန်ပြည်နယ်သည် အာဆီယံနိုင်ငံများတွင် ငွေရေးကြေးရေး မဟုတ်သော နိုင်ငံခြားသို့ တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းကုမ္ပဏီ စုစုပေါင်း ၇၀၅ ခုကို တည်ထောင်ခဲ့၍ ပြည်နယ်တစ်ခုလုံးရှိ ငွေရေးကြေးရေး မဟုတ်သော နိုင်ငံခြားသို့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကုမ္ပဏီ စုစုပေါင်းပမာဏ၏ ၇၃.၁၃ ရာခိုင်နှုန်း ရှိခဲ့သည်။ အမှန်တကယ် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏသည် အမေရိကန်ဒေါ်လာ ၈.၆၁၃ ဘီလီယံ ရှိ၍ ပြည်နယ်တစ်ခုလုံးရှိ အမှန်တကယ် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ၏ ၅၉.၁၃ ရာခိုင်နှုန်း ရှိခဲ့၍ အဓိကအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ စွမ်းအင်ထုတ်လုပ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း စသည့် ရင်းနှီးမြှုပ်နှံမှု နယ်ပယ်များနှင့် သက်ဆိုင်သည် ဖြစ်ခဲ့သည်။

ယူနန်ပြည်နယ်တွင် အာဆီယံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇွန်လအထိ၊ အာဆီယံနိုင်ငံများသည် ယူနန်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကုမ္ပဏီ စုစုပေါင်း ၉၂၁ ခုကို တည်ထောင်ခဲ့၍ အမှန်တကယ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၄၀.၉ သန်း ရှိ၍ အဓိကအားဖြင့် အိမ်ခြံမြေ၊ ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရေးနှင့် စာတိုက်ရေးရာ စသည့် ရင်းနှီးမြှုပ်နှံမှု နယ်ပယ်များနှင့် သက်ဆိုင်သည် ဖြစ်ခဲ့သည်။

ယူနန်ပြည်နယ်နှင့် အာဆီယံတို့အကြားမှ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် တည်ငြိမ်စွာ တိုးတက်လာခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ယူနန်ပြည်နယ်၏ အသစ်ချုပ်ဆိုသည့် နိုင်ငံခြားစီမံကိန်း သဘောတူစာချုပ် ၂၂ စောင်ထဲတွင် ၁၇ စောင်သည် အာဆီယံနိုင်ငံများနှင့် လက်မှတ်ရေးထိုးခဲ့သည် ဖြစ်၍ စုစုပေါင်းပမာဏ၏ ၇၇.၂၇ ရာခိုင်နှုန်း ရှိခဲ့သည် ဖြစ်သည်။ အလားတူကာလအတွင်း ယူနန်ပြည်နယ်သည် နိုင်ငံခြားသို့ အလုပ်သမား ၂၀၈၅ ဦးကို စေလွှတ်ခဲ့၍ ၎င်းတို့အနက် အာဆီယံနိုင်ငံများသို့ ၁၅၂၂ ဦးကို စေလွှတ်ခဲ့သည် ဖြစ်၍ စုစုပေါင်းပမာဏ၏ ၇၂ .၉၉ ရာခိုင်နှုန်း ရှိခဲ့သည် ဖြစ်သည်။

近年来,云南省紧紧围绕建设我国面向南亚东南亚辐射中心建设要求和经济社会发展大局,发挥内引外联优势,积极参与中国—东盟自贸区建设,充分运用中国—东盟自贸协定,促进市场开放,提升区域贸易投资自由化和便利化水平,为服务我国与东盟合作贡献力量。

贸易体量稳步增长。近年来,东盟一直保持云南第一大贸易伙伴地位。双边贸易额从2018年的915.2亿元上升至2021年的1242.9亿元,进出口总额、出口额和进口额年均分别增长9.3%、12%和6.7%。2022年,云南与东盟贸易额1273.7亿元,占全省外贸总额比重为38.1%。今年1月至5月,云南与东盟贸易额469.5亿元,占全省外贸总额比重为45.6%。

贸易合作丰富多元。云南对东盟贸易从以一般贸易和边境贸易为主向加工贸易、保税物流等方式多元化并存发展转变。进出口商品品类不断丰富,在高原特色农产品、化工产品、机电产品、矿产品等成为云南和东盟贸易支柱的基础上,云南省积极挖掘贸易潜力,推动单晶硅切片、锂电池等新兴工业品出口东盟市场;创新试点多点开花,昆明、红河、德宏、大理等州(市)获批跨境电商综试区,瑞丽、河口等县(市)获批为开展边民互市贸易进口商品落地加工第一批试点县(市),昆明、瑞丽获批市场采购贸易试点,中老磨憨—磨丁经济合作区获批国家进口贸易促进创新示范区。2021年4月,云南实现从老挝方向进口首批肉牛2016头,2022年实现进口缅甸青贮饲料。2023年5月,各方携手扫除老挝肉牛循环进口制度障碍。

对外贸易提质增效。近年来,云南省积极支持企业充分运用中国—东盟自贸协定、《区域全面经济伙伴关系协定》(RCEP)原产地累积叠加等政策红利,扩大贸易额。2022年,属地海关共签发中国东盟项下原产地证书82483份,金额23.57亿美元。2023年1至5月,属地海关共签发中国东盟项下原产地证书29541份,金额6.76亿美元。目前,云南已培育高级认证企业(AEO)15家,助推企业享受海关监管便利措施。云南大力推进周边国家农产品准入,2019年至2022年,分别推动老挝肉牛、甘薯、西瓜、新鲜豆类、鲜食百香果、柑橘类水果、土茯苓、鸡血藤、烟叶,缅甸大米(碎米)、香蕉、玉米,越南榴莲、甘薯,印度尼西亚魔芋干片等产品获得准入。

投资合作持续深化。云南对东盟投资初具规模,截至2023年6月,云南在东盟国家共设立非金融类对外直接投资企业705家,占全省非金融类对外直接投资企业总数的73.13%;累计实际投资总额86.13亿美元,占全省累计实际投资总额的59.13%,主要涉及农业、商务服务业、能源生产和供应业等投资领域。

东盟在云南投资活动有序开展。截至2023年6月,东盟国家在云南累计设立投资企业921户,实际到位外资14.09亿美元,主要涉及房地产、制造、交通运输、仓储和邮政等投资领域。

云南与东盟经济技术合作稳步推进。2022年,云南新签22份对外承包工程合同中,与东盟国家签署17份,占比为77.27%。同期,云南外派劳务人数2085人,其中派往东盟国家1522人,占比为72.99%。(云南日报 记者韩成圆 刘子语)


အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်