ကူမင်းရှိ ရှေးခေတ်လူများ စားပြီးကျန်ရစ်ခဲ့သော ခရုခွံများသည် တောင်တစ်လုံးကို စုပုံဖြစ်လာခဲ့

2023-05-31 16:49|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ခရုသည် ရေချိုတွင် နေထိုင်သည့် အခွံမာရေသတ္တဝါတစ်မျိုး ဖြစ်၍ ၄င်း၏ အသားသည် ချိုမြပြီး အာဟာရပြည့်ဝကာ လူအများအပြား နှစ်သက်ကြသည့် အစားအစာတစ်မျိုး ဖြစ်သည်။

သို့သော်လည်း ရှင်သိလော၊ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ တိန်ချီးရေကန်ဘေးနားတွင် ကူချိန်ရွာ ရှေးဟောင်းအပျက်အစီးများ တစ်ခုရှိကာ တောင်ကုန်းတစ်ကွက်အောက်တွင် ရှေးခေတ်လူများ စားပြီးကျန်ရစ်ခဲ့သော ခရုခွံများဖြင့် စုပုံဖြစ်လာသည့် တောင်တစ်လုံးကို မြှုပ်နှံထားသည်။

图片

ဤတောင်၏ အမြင့်သည် ၆.၅ မီတာ ရှိပြီး အကျယ်အဝန်းဧရိယာသည် ဘောလုံးကွင်း ၁၃ ခုခန့်နှင့်အတူ ကြီးမားသည်၊ ခရုခွံများ စုပုံမှု၏ အထူဆုံးသောနေရာသည် နှစ်ထပ်ဖြစ်သည့် တိုက်အိမ်ထက် ပိုမိုမြင့်မားသည်၊ ၄င်းကို "ခရုခွံတောင်ကုန်း ရှေးဟောင်းအပျက်အစီးများ"ဟု ခေါ်သည်။

图片

ရှေးဟောင်းသုတေသနပညာရှင်များ၏ မိတ်ဆက်မှုအရ ရှေးခေတ်တွင် ဤဒေသ၌ နေထိုင်သူများသည် တိန်ချီးရေကန်ကို မှီခိုအားကိုးပြီး အသက်မွေးဝမ်းကျောင်းပြု၍ သူတို့၏ အဓိက အစားအစာအဖြစ် ခရုများကို ဖမ်းမိခဲ့ကြသည် ဖြစ်ကြောင်း သိရှိခဲ့သည်။ ခရု၏ အသားသည် ချိုမြ၍ စားသုံးနိုင်ရုံသာမက ၎င်း၏အခွံများသည် လက်တွေ့ကျတန်ဖိုးလည်း ရှိကြသည်။

图片

ဤရှေးခေတ်လူများသည် အရသာရှိသည့် အစားအစာများ စားပြီးနောက် ခရုခွံများကို စိတ်အလိုအလျောက် စွန့်ပစ်လေ့ရှိခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ခရုခွံသည် တစ်နေ့ထက်တစ်နေ့ ပိုများလာသောကြောင့် ရှေးဟောင်းအပျက်အစီးများ အောက်တွင် အံ့သြဖွယ်ကောင်းသော အခွံတောင်တစ်လုံးကို စုပုံဖြစ်လာခဲ့သည်။

"ခရုခွံတောင်ကုန်း ရှေးဟောင်းအပျက်အစီးများ" ကို မည်ကဲ့သို့ ဖြစ်လာခဲ့သနည်း

图片

ရှေးဟောင်းသုတေသနပညာရှင်များ၏ စူးစမ်းလေ့လာမှုနှင့် ခွဲခြားစိတ်ဖြာမှုများအရ ဤနေရာသည် ယခင်က "ကူချိန်ရွာ" ဟုခေါ်သည့် လူနေအရပ်တစ်ခု ဖြစ်ခဲ့သည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ရှန်မင်းဆက်ခေတ် ကတည်းက ရှေးခေတ်လူများသည် တိန်ချီးရေကန် ပတ်လည်နားတွင် အခြေချနေထိုင်ခဲ့ကြသည် ဖြစ်၍ ထီးပြိုင်နန်းပြိုင်ခေတ်နှင့် အနောက်ချူမင်းဆက်ခေတ် စသည့် မင်းဆက်ခေတ်များကို ဖြတ်သန်းခဲ့ပြီး မန်ချူးမင်းဆက် ကုန်ဆုံးပြီး တရုတ်သမ္မတနိုင်ငံအစပိုင်းအထိ စွန့်ပစ်ထားခြင်းမရှိပေ ဖြစ်ကြောင်း သိရှိခဲ့သည်။

图片

ဤလူနေအရပ်သည် တိန်ချီးရေကန်ဘေးတွင် တည်ရှိပြီး ကျင်းဆားမြစ်၏ အဝင်ပေါက်နှင့် နီးကပ်ကာ ၄င်း၏ ပထဝီတည်နေရာသည် သာလွန်ကောင်းမွန်ပြီး ရေကြောင်းနှင့် ကုန်းကြောင်း သယ်ယူပို့ဆောင်ရေးသည် အဆင်ပြေသည်။

图片

ရှေးခေတ်က ဤနေရာတွင် နေထိုင်ကြသည့်သူများသည် အဓိကအားဖြင့် တိန်ချီးရေကန်ထဲမှ ခရုများကို ဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြု သည့်အပြင် စိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေး၊ လက်မှုပညာနှင့် ကူးသန်းရောင်းဝယ်ရေး စသည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်ခဲ့ကြသည်။

အပျက်အစီးများရှိ ခရုခွံအများစုသည် အဆုံးတွင် ကွဲသွားကြသည်။ ၄င်းသည် ရှေးခေတ်လူများ ခရုအသားစားပြီးနောက် စွန့်ပစ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

图片

အချိန်ကြာလာသည်နှင့်အမျှ ဤခရုခွံများသည် တောင်ကုန်းငယ် တစ်လုံးလုံးအဖြစ်သို့ တဖြည်းဖြည်း စုပုံလာ၍ နောက်ဆုံးတွင် ယနေ့လူသားများ တွေ့မြင်ရသည့် "ခရုခွံတောင်ကုန်း ရှေးဟောင်းအပျက်အစီးများ" ကို ဖြစ်လာစေသည်။

图片

"ခရုခွံတောင်ကုန်း ရှေးဟောင်းအပျက်အစီးများ" သည် ရှေးခေတ်လူများ၏ စားသောက်မှုပုံစံနှင့် လူနေမှုပုံစံများကို မှတ်တမ်းတင်ရုံသာမက ၎င်းတို့၏ လူမှုဖွဲ့စည်းပုံနှင့် ယဉ်ကျေးမှုလက္ခဏာများကိုလည်း ဖော်ပြထားသည်။

ယူနန်လူမျိုးများသည် ရှေးယခင်ကတည်းက ခရုများကို ကြိုက်သည် ဟုတ်လော

ယူနန်ပြည်နယ်တွင် ဤကဲ့သို့သော အတိုင်းအတာကြီးမားသော ခရုခွံများကို ရှာဖွေတွေ့ရှိခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ၊ အစောပိုင်းနှစ်များတွင် ယူနန်ပြည်နယ် ယိရှီးမြို့ ထုံးဟိုင်ခရိုင် ရှင်းယိကျေးရွာရှိ ရှင်းယိ မူလတန်းကျောင်း၏ စားသောက်ခန်း တည်ရှိရာနေရာရှိ မြေဆီလွှာအောက်တွင် ခရုခွံ အမြောက်အမြားကိုလည်း တွေ့ရှိခဲ့သည်။

图片

ရွာထဲရှိ အိမ်ဟောင်းများ၏ နံရံများပေါ်တွင်လည်း ခရုခွံများ ပြွတ်ပြွတ်သိပ်သိပ်ရှိသဖြင့် ခရုနံရံများ ဟုခေါ်နိုင်သည်။

တိန်ချီးရေကန်သည် ရှေးခေတ်ကတည်းက ခရုပေါများ၍ ယခု တိန်ချီးရေကန် ပတ်လည်နားတွင် နေထိုင်ကြသည့် လူများသည်လည်း တိန်ချီးရေကန်ထဲသို့ ခရုသွားဖမ်းပြီး စားလျက်ရှိကြသည်။

သို့သော်လည်း ရှေးခေတ်လူများ စားသုံးခဲ့သည့် မျိုးစိတ်နှင့် မတူပါ၊ ကျွန်မတို့ ခါတိုင်းစားသည့် ခရုအများစုမှာ လယ်ထွက်ခရုများ ဖြစ်ကာ ၄င်းသည် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပြီး ထွက်ကုန်ပမာဏသည် အမြောက်အမြားရှိသည်၊ သို့သော်လည်း ကူချိန်ရွာ အပျက်အစီးများထဲမှ ခရုများသည် တရုတ်နိုင်ငံ ကာကွယ်ရေးတိရစ္ဆာန်များ ဖြစ်သည်။

图片

လက်ရှိတွင် ကူချိန်ရွာအပျက်အစီးများတွင် သာမန်ခရုများ၊ မုတ်စီခရုများနှင့် ဝမ်ဝေဟွာချွမ်ခရုများကို ဖြန့်ဖြူးနေသည်။ မုတ်စီခရုများသညိ တိန်ချီးရေကန်တွင်သာ ဖြန့်ဖြူးထားသည်။

သာမန်ခရုများသည် ကူမင်းရှိတိန်ချီးရေကန်၊ တာ့လီမြို့ရှိ အယ်ဟိုင်ရေကန်၊ စီဘီဟိုရေကန်၊ ဟိုင်ရှီးဟိုင်ရေကန်၊ ကျန့်ဟိုရေကန် စသည့်နေရာတို့တွင် ဖြန့်ဖြူးထားကာ အရေအတွက် အနည်းငယ်ရှိပြီး တရုတ်နိုင်ငံ အမျိုးသားအဆင့် ဒုတိယအဆင့် ကာကွယ်ရေးတိရိစ္ဆာန် ဖြစ်၍ ၄င်းကို နိုင်ငံတကာ သဘာဝထိန်းသိမ်းရေးသမဂ္ဂ (IUCN) သည် "မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်" အဖြစ် အကဲဖြတ်ထားသည်။

图片

ဝမ်ဝေဟွာချွမ်ခရုများသည် ယခုတွင် တိန်ချီးရေကန်၏ တောင်ဘက်ရှိ ရေအိုင်အချို့တွင် အဓိကဖြန့်ဖြူးနေသည်။

螺蛳,是一种生活在淡水中的贝类动物,它的肉质鲜美,营养丰富,是许多人喜爱的美食。

但是,你知道吗?在云南昆明滇池边,有一个古城村遗址,一片平丘下面埋藏着一座由古人吃剩的螺蛳壳堆成的山。

1

这座山高达6.5米,面积约为13个足球场大小,螺蛳壳堆积最厚的地方超过两层楼高,被称为“贝丘遗址”。

2

据考古学家介绍,古时居住在这片地区的人们以滇池为生,他们捕捞螺蛳作为主要的食物来源。螺蛳肉质鲜美,不仅可食用,其壳也具备一定的实用价值。

3

这些古人在享用美味佳肴后,往往将螺蛳壳随意丢弃。随着时间的推移,螺蛳壳越来越多,就在遗址下积累形成了一座令人惊叹的壳山。

“贝丘遗址”是如何形成的?

4

根据考古学家的调查和分析,这里曾经是一个叫做“古城村”的聚落,自我国商代开始,古人已经在滇池周边定居,历经战国、西周等多个朝代,直到清末民初才被废弃。

5

这个聚落位于滇池湖畔,靠近金沙江入湖口,地理位置优越,水陆交通便利。

6

古时居住在此的人,主要以捕捞滇池中的螺蛳为生,同时也从事农耕、牧业、手工业和商业等活动。

遗址中的螺蛳壳,多数尾部被敲破。据专家推测,这可能是古人取食螺蛳肉后丢弃的。

7

随着时间的推移,这些螺蛳壳逐渐堆积成了一座座小山丘,最终形成了今天我们看到的“贝丘遗址”。

8

“贝丘遗址”不仅记录了古人的饮食习惯和生活方式,还反映了他们的社会结构和文化特征。

云南人自古就爱吃螺蛳?

在云南,这不是第一次发现规模这么庞大的螺蛳壳群,在早些年,云南省玉溪市通海县兴义村兴义小学食堂所在地的土壤下也曾发现了大量螺蛳壳。

9

村里老房子的夯土墙上也密密麻麻的全是螺蛳壳,堪称螺蛳墙。

滇池自古盛产螺蛳,现在居住在滇池周边的人,也会到滇池里捕捞螺蛳来食用。

但和古滇人吃的并非同一品种,我们平时所吃的螺蛳大多是田螺,分布广,产量大,而古城村遗址中的螺蛳是国家保护动物。

10

目前,古城村遗址中分布有普通螺蛳、牟氏螺蛳和网纹华蜷。牟氏螺蛳仅在滇池有分布。

普通螺蛳在昆明滇池和大理洱海、茈碧湖、海西海、剑湖等地有分布,数量较少,为国家二级保护动物,被世界自然保护联盟评估为“濒危”。

11

网纹华蜷现主要分布在滇池以南的一些龙潭。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်