ယူနန့်အဖိုးတန် မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ် ယူနန်ရွှေခြည်မွေးမျောက် အရေအတွက်သည် ၃၈၀၀ ကျော်အထိ တိုးမြင့်လာ

2022-08-10 09:37|ရောင်စုံတိမ်တံတား

1310650068_16597579005801n

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်အနှစ် ၄၀ ကျော် မဆုတ်မနစ် ကာကွယ်ခြင်းအားဖြင့် တရုတ်နိုင်ငံရှိ အဖိုးတန် မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ် ဖြစ်သည့် ယူနန်ရွှေခြည်မွေးမျောက် အုပ်စုအမျိုးအစား အရေအတွက်သည် ၁၇ ခုမှ ၂၄ ခုအထိ တိုးမြင့်လာ၍ တစ်ကောင်တည် အရေအတွက်သည် အကောင် ၂၀၀၀ မပြည့်မှ အကောင် ၃၈၀၀ ကျော်အထိ တိုးမြင့်လာခဲ့ကြောင်း သတင်းထောက်သည် သြဂုတ်လ ၅  ရက်နေ့ ယူနန်ပြည်နယ် တာ့လီမြို့၌ ကျင်းပခဲ့သည့် တတိယအကြိမ် ယူနန်ရွှေခြည်မွေးမျောက် နေမြေတစ်ခုလုံး ကာကွယ်ရေးကွန်ရက် နှစ်စဉ်စည်းဝေးပွဲမှ သိရပါသည်။

1310650068_16597579006871n

ယူနန်ရွှေခြည်မွေးမျောက်သည် တရုတ်နိုင်ငံအမျိုးသားအဆင့် ပထမတန်းစားကာကွယ်ထိန်းသိမ်းရေး တိရစ္ဆာန်ဖြစ်၍  နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး သမဂ္ဂ (IUCN) Red List ထဲမှ မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်လည်း ဖြစ်၍ ကျင်းဆားမြစ်နှင့် လန်ချာမြစ်အကြားရှိ ဧရိယာ စတုရန်းကီလိုမီတာ ၂ သောင်းခန့်ရှိသည့် ကျည်းမြောင်းသော အရပ်ဒေသ၌ ခွဲဖြန့်ထား၍ ပန်ဒါဝက်ဝံကြီးကဲ့သို့ တရုတ်နိုင်ငံ၏ "နိုင်ငံတော်ရတနာ"ဟု ခေါ်ပါသည်။

1310650068_16597579007431n

ယူနန်ရွှေခြည်မွေးမျောက် ကာကွယ်ရေးသည် ထင်ရှားသော အောင်မြင်မှုများ ရယူခဲ့ကြောင်း၊ အဖိုးတန် မျိုးသုဉ်းရန်အန္တရာယ်ရှိသော ပရိုင်းမိတ်နို့တိုက်သတ္တဝါမျိုး ကာကွယ်ရေးအတွက် အတွေ့အကြုံများ စုစည်း၍ စံပြပေးခဲ့ကြောင်း တာ့လီတက္ကသိုလ် အရှေ့ဟိမဝန္တာသုတေသနဌာနမှ ဒုတိယဌာနမှူး ဇန်ရှူရှာက ပြောဆိုခဲ့ပါသည်။

1310650068_16597579007901n

ယူနန်ရွှေခြည်မွေးမျောက် နေမြေတစ်ခုလုံး ကာကွယ်ရေးကွန်ရက်ကို ယူနန်ပြည်နယ် သစ်တောနှင့် မြက်ခင်းပြင်လုပ်ငန်း ဦးစီးဌာန၊ ယူနန်ပြည်နယ် အစိမ်းရောင်ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၊ ယူနန် ဘိုင်မာဆီးနှင်းတောင် အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်မြေ၏ စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးဗျူရို၊ တာ့လီတက္ကသိုလ် အရှေ့ဟိမဝန္တာသုတေသနဌာန စသည့် အစုအဖွဲ့ ၁၃ ခုသည် အတူတကွ ကမကထပြုခဲ့ပါသည်။ ၄င်းသည် ၃ နှစ်ကြာ လုပ်ဆောင်ခြင်းအားဖြင့် အဖွဲ့ဝင် ၂၈ ခုအထိ တိုးမြင့်လာ၍ ရင်းနှီးငွေ စုစုပေါင်း အယွမ် ၄၀ သန်းကျော် ရရှိ၍ ကာကွယ်ရေး အောင်မြင်မှု ထင်ရှားခဲ့ပါသည်။ ယူနန်ရွှေခြည်မွေးမျောက် နေမြေတစ်ခုလုံး ကာကွယ်ရေးအစီအစဉ်သည် ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း (Convention on Biological Diversity - CBD) ၁၅ ကြိမ်မြောက် စာချုပ်ချုပ်ဆိုသောနိုင်ငံများညီလာခံ (COP15)မှ "တရုတ်နိုင်ငံရှိ ဂေဟပတ်ဝန်းကျင် ပြန်လည်ကောင်းမွန်စေခြင်း စံပြအမှုပုံစံ"ထဲသို့ အရွေးခံခဲ့ပါသည်။

1310650068_16597579005801n

新华社昆明8月5日电 记者赵珮然 记者5日从在云南省大理市召开的第三届滇金丝猴全境保护网络年会上了解到,经过40多年坚持不懈的保护,我国特有珍稀濒危物种滇金丝猴种群数量从17群增加到24群,个体数量从不足2000只增加至3800多只。

1310650068_16597579006871n

滇金丝猴是国家一级保护动物,也是世界自然保护联盟(IUCN)红色名录中的濒危物种,分布于金沙江和澜沧江间面积约2万平方公里的狭窄地带,与大熊猫一样被称为中国的“国宝”。

1310650068_16597579007431n

大理大学东喜玛拉雅研究院副院长张淑霞表示,滇金丝猴保护取得了明显成效,为珍稀濒危灵长类动物保护积累了经验,树立了典范。

1310650068_16597579007901n

滇金丝猴全境保护网络由云南省林业和草原局、云南省绿色环境发展基金会、云南白马雪山国家级自然保护区管护局、大理大学东喜玛拉雅研究院等13家单位共同发起。经过3年的运行,成员单位发展到28家,累计投入资金4000余万元,保护成效明显。滇金丝猴全境保护项目入选联合国《生物多样性公约》缔约方大会第十五次会议(COP15)“中国生态修复典型案例”。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်