ယူနန်ပြည်နယ် ရွှေလီမြို့တွင် နည်းပညာဖြင့် ကော်ဖီလုပ်ငန်း အရည်အသွေးနှင့် စွမ်းဆောင်ရည် တိုးမြှင့်ခြင်း
2026-11-27 09:41|
ကော်ဖီရိတ်သိမ်း၍ ကုန်ချောထုတ်လုပ်သည့် ရာသီချိန်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်း အပူပိုင်းစိုက်ပျိုးရေးသိပ္ပံ သုတေသန အင်စတီကျုမှ ကော်ဖီသုတေသနအဖွဲ့သည် လတ်ဆတ်သော ကော်ဖီသီး ခူးဆွတ်မှု၊ စံချိန်မီ နမူနာခူးဆွတ်မှု၊ အထွက်နှုန်းစမ်းသပ်ခြင်းနှင့် မျိုးစိတ်ရွေးချယ်ခြင်း၊ နမူနာချန်ခြင်းနှင့် အရည်အသွေးစမ်းသပ်ခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ အသစ်တစ်ကြိမ် မျိုးစိတ်ရွေးချယ်ပျိုးထောင်မှုနှင့် ရွေးချယ်စမ်းသပ်မှုအတွက် ကုန်ကြမ်းများ ပြင်ဆင်လျက်ရှိသည်။
အဆိုပါအင်စတီကျုသည် လက်ရှိတွင် ကော်ဖီမျိုးစေ့ငယ်၊ မျိုးစေ့အလတ်၊ မျိုးစေ့ကြီး၊ လေးညှင်း စသည့် မျိုးကွဲ ၁၅ မျိုးခန့်၊ ကော်ဖီမျိုးရိုးဗီဇအရင်းအမြစ် ၁,၅၀၀ ကျော်ကို ထိန်းသိမ်းထားသည်။ အထွက်နှုန်းမြင့်မားမှု၊ အရည်အသွေးကောင်းမွန်မှု၊ ကော်ဖီသံချေးမှိုရောဂါ ခံနိုင်ရည်ရှိမှု၊ အနံ့အရသာနှင့် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှု စသည့် ရည်မှန်းချက်များကို ဗဟိုပြု၍ သုတေသနအဖွဲ့သည် မျိုးကွဲများ၏ အကဲဖြတ်မှုနှင့် ရွေးချယ်မှုကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး တောင်သူများ စိုက်ပျိုးလိုပြီး စျေးကွက်က အသိအမှတ်ပြုသော မျိုးကောင်းမျိုးသန့်များကို ပျိုးထောင်ကာ ကိုယ်ပိုင်မျိုးကွဲများနှင့် ယင်းတို့နှင့်တွဲဖက်သော နည်းပညာများကို ပြန့်ပွားအသုံးချရေးကို တွန်းအားပေးဖော်ဆောင်လျက်ရှိသည်။
အရင်းအမြစ်ထိန်းသိမ်းခြင်း၊ မျိုးကွဲဖန်တီးခြင်းမှ ရလဒ်များ အသွင်ကူးပြောင်းခြင်းအထိ အဆိုပါအင်စတီကျုက သိပ္ပံနည်းပညာ၏ အခန်းကဏ္ဍကို ဆက်လက်ထမ်းဆောင်ကာ ကော်ဖီလုပ်ငန်း၏ အရည်အသွေးနှင့် စွမ်းဆောင်ရည် တိုးမြှင့်ခြင်း၊ တောင်သူများ၏ ဝင်ငွေတိုးပွားရေးအတွက် ပံ့ပိုးပေးလျက်ရှိသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- မြို့တစ်မြို့လုံးတွင် ကြယ်ငါးပွင့်အလံနီများ တလူလူလွင့်ပျံနေပြီး ကူမင်းမြို့ရှိ ဟိုင်ကေရေကာတာတွင် ကြီးကျယ်ခမ်းနားစွာ အလှဆင်ထား
- တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း၊ ယူနန်ကော်ဖီကို သိရှိခံစားရန် ကူမင်းမြို့သည် ကမ္ဘာအား ဖိတ်ခေါ်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အာဆီယံနိုင်ငံများမှ ဒူးရင်းလုပ်ငန်းများ တရုတ်နိုင်ငံ ကူမင်းမြို့တွင် လာရောက် "ဆုံစည်း"
- တရုတ်-လာအို ရထားလမ်း စုစုပေါင်း ကုန်စည် တင်သွင်း၊ တင်ပို့မှုတန်ဖိုး ယွမ် ၁၀၀ ဘီလီယံ ကျော်လွန်
- စိုက်ခင်းများမှ "အာရှပန်းမြို့တော်" အထိ ယူနန်ပြည်နယ် ပန်းများ၏ ခရီးစဉ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ












