တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
2026-08-03 10:05|
၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်အထိ တရုတ်-လာအိုရထားလမ်း၏ ကုန်စည်ပို့ဆောင်ရေး အမျိုးအစားသည် ၁၀ မျိုးကျော်မှ ၃,၉၀၀ ကျော်အထိ ရှိလာပြီဖြစ်ပြီး နိုင်ငံနှင့် ဒေသပေါင်း ၁၉ ခုကို လွှမ်းခြုံထားကာ တရုတ်နိုင်ငံ ပြည်တွင်းရှိ နိုင်ငံခြားကုန်သွယ်ရေး ကုမ္ပဏီပေါင်း ၇,၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သော ပို့ကုန်သွင်းကုန် တန်ဖိုးပမာဏသည် ယွမ် ၁၇.၁၇ ဘီလီယံရှိပြီး ယမန်နှစ်ကာလတူထက် ၃၃.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ၎င်းအနက် စွမ်းအင်သစ်ကား၊ လီသီယမ်ဘက်ထရီ၊ နေရောင်ခြည်စွမ်းအင်သုံးထုတ်ကုန်များ ပို့ကုန် တန်ဖိုး ပမာဏသည် ယွမ် ၂.၁၄ ဘီလီယံရှိပြီး ၃၄၈.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ရာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး တိုးတက်မှု၏ ထူးခြားချက် ဖြစ်လာခဲ့သည်။ (Xinhua)
အယ်ဒီတာ: မရီရီ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


