ယူနန်ပြည်နယ် ကုန်းလမ်းနယ်စပ်ဂိတ် အများအပြားတွင် ပြည်တွင်းပြည်ပ နယ်စပ်နေပြည်သူများ လျင်မြန်ချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရေးစမ်းသပ်မှုများ ဖော်ဆောင်
2026-10-20 17:15|
၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်မှစ၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဟယ်ခို၊ မိုဟန်၊ ထျန်းပေါင်နှင့် ကျင်းဆွေဟယ် စသည့် ကုန်လမ်းနယ်စပ်ဂိတ်များတွင် ပြည်တွင်းပြည်ပ နယ်စပ်နေပြည်သူများအတွက် လျင်မြန်ချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရေး စမ်းသပ်မှုများကို တရားဝင် စတင်ဖော်ဆောင်ခဲ့ကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်ဝင်၊ ပြည်ထွက် နယ်စပ်စစ်ဆေးရေးစခန်းဌာနချုပ်မှ အောက်တိုဘာ ၁၈ ရက်တွင် သိရှိရသည်။
ယူနန်ပြည်နယ်သည် ဗီယက်နမ်၊ လာအို စသည့် အိမ်နီးချင်းနိုင်ငံများနှင့် တောတောင်ရေမြေချင်း ထိစပ်နေပြီး နှစ်ဖက် ကူးလူးဆက်ဆံရေးနှင့် နယ်စပ်ကုန်သွယ်ရေးများ မကြာခဏ ရှိကြရာ ပြည်တွင်းပြည်ပ နယ်စပ်နေ ပြည်သူများ ပြည်ဝင်ပြည်ထွက်သွားလာမှုသည် ယူနန်နယ်စပ်ဂိတ်များတွင် စုစုပေါင်း ဝင်ထွက်သွားလာမှု၏ ၇၅ ရာခိုင်နှုန်းကျော် ရှိသည်။ မကြာမီနှစ်များအတွင်း ယူနန်ပြည်နယ် ပြည်ဝင်ပြည်ထွက် နယ်စပ်စစ်ဆေးရေးစခန်းဌာနချုပ်သည် အိမ်နီးချင်းနိုင်ငံများမှ လူပုဂ္ဂိုလ်များ ကူးလူးဆက်ဆံရေးကို တက်ကြွစွာ မြှင့်တင်ဆောင်ရွက်လျက်ရှိရာ နယ်စပ်ဂိတ် စစ်ဆေးရေးတွင် သိပ္ပံနည်းပညာဖြင့် စွမ်းရည်ကို စဉ်ဆက်မပြတ် မြှင့်တင်ကာ "စမတ် နယ်စပ်စစ်ဆေးရေး" တည်ဆောက်မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။ ယခုအကြိမ် စမ်းသပ်မှုတွင် အထူးသီးသန့် လျင်မြန်ချောမွေ့စွာ ဖြတ်သန်းသွားလာရေး လမ်းကြောင်း ၃၂ ကြောင်းကို အဆင့်မြှင့်တင် ပြင်ဆင်ခဲ့ပြီး မှတ်ပုံတင်စနစ်နှင့် "QR စကင်ဖတ်" ၍ ဖြတ်သန်းသွားလာနိုင်မည့် အဆောက်အအုံများကို တည်ဆောက်ခဲ့သည်။ ယင်းမှာ လူဝင်မှုကြီးကြပ်ရေး နယ်ပယ်တွင် စနစ်တကျ တံခါးဖွင့်လှစ်ပေးခြင်းကို ဖော်ဆောင်သည့် အရေးကြီး အစီအမံတစ်ခု ဖြစ်သကဲ့သို့ ယူနန်ပြည်နယ်၏ အဆင့်မြင့် တံခါးဖွင့်လှစ်မှုအတွက် ဆန်းသစ်ဖော်ဆောင်ခြင်းလည်း ဖြစ်သည်။
စမ်းသပ်မှုများ ဖော်ဆောင်ပြီးနောက် ပြည်တွင်းပြည်ပ နယ်စပ်ပြည်သူများသည် မှတ်ပုံတင်ပြီးပါက သတ်မှတ်ထားသော နယ်စပ်ဂိတ်များ၌ "QR စကင်ဖတ်" ၍ လျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ရာ ပျမ်းမျှဖြတ်သန်းသွားလာချိန်သည် လူကိုယ်တိုင်စစ်ဆေးသည့် ယခင် ၁ မိနစ်ခန့်ကြာမြင့်ချိန်မှ ၁၀ စက္ကန့်အထိ တိုတောင်းသွားမည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် နယ်စပ်ဂိတ်များ၏ ဖြတ်သန်းသွားလာမှု လွယ်ကူချောမွေ့ရေးနှင့် နယ်စပ်နေပြည်သူများ၏ လျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်သည့် အတွေ့အကြုံများကို ထိရောက်စွာ အဆင့်မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး နှစ်ဖက် နယ်စပ်ဖြတ်ကျော် ပြည်သူများ၏ ကူးလူးဆက်ဆံရေးနှင့် နယ်စပ်နေပြည်သူများအကြား ကုန်သွယ်မှုများကို ပိုမို တိုးမြှင့်ပေးနိုင်မည် ဖြစ်သည်။
新华社昆明10月18日电 记者庄北宁 王研 记者18日从云南出入境边防检查总站获悉,2026年10月18日起,云南河口、磨憨、天保、金水河等公路口岸正式实施中外边民快捷通关试点。
云南与越南、老挝等毗邻国家山水相连,双边往来交流密切、边境贸易频繁,中外边民出入境人数占云南边境口岸出入境总数的75%以上。近年来,云南出入境边防检查总站积极推动周边国家人员往来,不断强化科技赋能口岸通关,加快推进“智慧边检”建设。此次试点专门升级改造了32条快捷通道,建设备案系统和“扫码”通关设施。这既是贯彻落实移民管理领域制度型开放的重大举措,也是推动云南高水平开放的创新实践。
试点实施后中外边民经备案,可经指定口岸“扫码”快捷通关,平均通关时间由原来人工查验的1分钟,缩短至10秒,将有效提升口岸通关便利性和边民快速通关体验,进一步促进双边跨境民生往来,带动边民互市贸易。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- မြို့တစ်မြို့လုံးတွင် ကြယ်ငါးပွင့်အလံနီများ တလူလူလွင့်ပျံနေပြီး ကူမင်းမြို့ရှိ ဟိုင်ကေရေကာတာတွင် ကြီးကျယ်ခမ်းနားစွာ အလှဆင်ထား
- တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း၊ ယူနန်ကော်ဖီကို သိရှိခံစားရန် ကူမင်းမြို့သည် ကမ္ဘာအား ဖိတ်ခေါ်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်




