မာလူထန် အထူးတံတားကြီး အောင်မြင်စွာ ချိတ်ဆက်လိုက်ပြီဖြစ်ရာ တရုတ်-ဗီယက်နမ် နယ်စပ်ရှိ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
2026-07-15 17:16|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယူနန်ပြည်နယ် ဝန်ဆန်း ကျွမ့်လူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မာလီပိုခရိုင်တွင် တည်ရှိသော ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီးပေါ်ရှိ မာလူထန် အထူးတံတားကြီးကို မကြာသေးမီက အောင်မြင်စွာ ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီးသွားခြင်းနှင့် တရုတ်-ဗီယက်နမ် နယ်စပ်ကို အပြန်အလှန် ဆက်သွယ်ပေးသည့် အဓိကလမ်းကြောင်းနောက်တစ်ခု တိုးလာခြင်းကို သရုပ်ဆောင်ထားသည်။
ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီးသည် တရုတ်-ဗီယက်နမ် နယ်စပ်ရှိ ထျန်းပေါင် နယ်စပ်ဂိတ်မှ စတင်ပြီး မာလီပိုခရိုင်တွင် အဆုံးသတ်ကာ စုစုပေါင်း အရှည်မှာ ၅၂.၈ ကီလိုမီတာခန့် ရှိပြီး နှစ်ဖက်သွား လေးလမ်းပြေးစံချိန်ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ မာလူထန် အထူးတံတားကြီးသည် လမ်းတစ်လျှောက်လုံး၏ အဓိက ထိန်းချုပ်ရေး စီမံကိန်းတစ်ခုဖြစ်၍ စုစုပေါင်း ၁၀၀၅.၅ မီတာ ရှည်လျားပြီး ပင်မခန်းဖွင့် ၄၈၀ မီတာ ရှိသည်။
ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး တစ်လျှောက်လုံး စတင်ဖွင့်လှစ်ပြီးနောက် ဝန်ဆန်းမှ ထျန်းပေါင်နယ်စပ်ဂိတ်သို့ ကားပြေးဆွဲချိန်ကို မိနစ် ၁၂၀ ခန့်မှ မိနစ် ၇၀ ခန့်အထိ လျှော့ချစေနိုင်မည်ဖြစ်၍ လမ်းကြောင်းတစ်လျှောက်ရှိ လူဦးရေ ၁ သိန်းနီးပါးအတွက် အဆင်ပြေလွယ်ကူသော လမ်းပန်းဆက်သွယ်ရေးကို ပေးဆောင်နိုင်မည် ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




















