တရုတ်-လာအို ရထားလမ်း စုစုပေါင်း ကုန်စည် တင်သွင်း၊ တင်ပို့မှုတန်ဖိုး ယွမ် ၁၀၀ ဘီလီယံ ကျော်လွန်

2026-10-12 10:02|ဆင်ဟွာသတင်း

တရုတ်-လာအို ရထားလမ်းသည် ၂၀၂၁ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ချိန်မှစ၍ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၇ ရက်အထိ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေးရထား အကြိမ်ရေ ၂၅,၀၀၀ ကျော်ကို ပြေးဆွဲခဲ့ပြီး ကုန်စည်တင်သွင်း၊ တင်ပို့မှုပမာဏ တန်ဖိုးအားဖြင့် ယွမ် ၁၀၀.၄ ဘီလီယံကျော်ရှိသော တန်ချိန် ၂၀.၇၇ သန်းကျော်ကို သယ်ယူပို့ဆောင်ပေးကြောင်း ကူမင်းအကောက်ခွန်ဌာန၏ စာရင်းအင်းအချက်အလက်များအရ သိရသည်။

1

တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် ကုန်စည် တင်သွင်း၊ တင်ပို့မှုပမာဏသည် နှစ်စဉ် ပျမ်းမျှအားဖြင့် ၂၄ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပြီး ၎င်းရထားလမ်း ဝန်ဆောင်မှုကွန်ရက်သည် လာအို၊ ထိုင်းနိုင်ငံ စသည့် နိုင်ငံနှင့် ဒေသပေါင်း ၁၉ ခုအထိ ရောက်ရှိလာပြီဖြစ်သည်။ တင်သွင်းတင်ပို့သည့် ကုန်ပစ္စည်းအမျိုးအစားပေါင်း ၃,၉၀၀ ကျော်ရှိပြီး နိုင်ငံတစ်ဝန်းရှိ လုပ်ငန်းကုမ္ပဏီ ၇,၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ထို "ရွှေရောင်လမ်းကြောင်း" အကျိုးသက်ရောက်မှုသည် စဉ်ဆက်မပြတ် သိသာထင်ရှားလာပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အားအင်သစ်များ ဖြည့်တင်းပေးလျက်ရှိသည်။

2

၂၀၂၆ ခုနှစ် ပထမ ၈ လတာကာလအတွင်း တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် တင်သွင်းလာသော ဒူးရင်းသီး၊ မင်းကွတ်သီးနှင့် လုံဂန်သီး စသည့် အရှေ့တောင်အာရှ အပူပိုင်းဒေသသစ်သီးများ၏ တန်ဖိုးမှာ ယွမ် ၅.၂၆ ဘီလီယံအထိ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၂.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် အဆိုပါရထားလမ်းမှတစ်ဆင့် တင်ပို့ခဲ့သည့် လျှပ်စစ်နှင့် စက်ပိုင်းဆိုင်ရာထုတ်ကုန်များ၏ တန်ဖိုးမှာ စုစုပေါင်း ယွမ် ၇.၄၂ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၅၈.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း စာရင်းအချက်အလက်များအရ သိရသည်။

据昆明海关统计,自中老铁路2021年通车运营以来,截至2026年10月7日,中老铁路国际货运列车开行超2.5万列、进出口货物超2077万吨、货值超1004亿元。

1

中老铁路进出口货物规模年均增长超24%,辐射老挝、泰国等19个国家和地区,进出口商品品类达3900余种,服务全国超7000家企业,“黄金大通道”效应持续凸显,为区域合作发展增添新动能。

2

数据显示,2026年前8个月,经中老铁路进口榴莲、山竹、龙眼等东南亚热带水果货值52.6亿元,同比增长12.3%;经中老铁路出口机电产品货值74.2亿元,同比增长58.4%。(作者:庄北宁、苑红利)

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်