ယူနန်ပြည်နယ် ရွှေလီမြို့တွင် နယ်စပ်စက်မှုဥယျာဉ်က အရှိန်အဟုန်မြင့် တိုးတက်လျက်ရှိ

2026-11-27 09:25|ဆင်ဟွာသတင်း

1

တရုတ်-မြန်မာနယ်စပ်တွင် တည်ရှိသော ယူနန်ပြည်နယ် ရွှေလီနယ်စပ်စက်မှုဥယျာဉ်သည် နယ်စပ်တွင် တံခါးဖွင့်လှစ်မှုဆိုင်ရာ တည်နေရာကို အခြေခံ၍ အဓိကဦးဆောင်လုပ်ငန်းလေးရပ်ဖြစ်သော အဝတ်အထည်စက်မှုလုပ်ငန်း၊ ဆက်သွယ်ရေးအီလက်ထရွန်းနစ်၊ တင်သွင်းကုန်ပစ္စည်း ဒေသတွင်း ကုန်ချောထုတ်လုပ်မှုနှင့် စက်ကိရိယာ ထုတ်လုပ်မှုတို့ကို အဓိက ပျိုးထောင်ဖော်ဆောင်လျက်ရှိသည်။ ထို့ပြင် အခွန်ထိန်းသိမ်းထားမှုလုပ်ငန်း၊ နယ်စပ်ဖြတ်ကျော်လုပ်ငန်းနှင့် ခေတ်မီသယ်ယူပို့ဆောင်ရေး ဟူသော ထုတ်လုပ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း သုံးရပ်ကို တွဲဖက်ဖော်ဆောင်ထားပြီး "ဥယျာဉ်အတွင်းရှိ ဥယျာဉ်" ၁၈ ခုကို တည်ဆောက်ရန် စီစဉ်ထားရာ တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများမှ စက်မှုလုပ်ငန်းများ လွှဲပြောင်းလာမှုကို လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၃ ခုနှစ် မေလမှစ၍ ဥယျာဉ်အတွင်းသို့ တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများမှ လုပ်ငန်းကုမ္ပဏီပေါင်း ၁၀၀ ကျော် ဝင်ရောက်အခြေစိုက်ရန် ဆွဲဆောင်ထားနိုင်ခဲ့ပြီး အဝတ်အထည်၊ အီလက်ထရောနစ်ပစ္စည်း၊ လက်ဝတ်ရတနာ ကုန်ချောထုတ်လုပ်မှု၊ တရုတ်တိုင်းရင်းဆေးပစ္စည်း စသည့် လုပ်ငန်းများ ပါဝင်ကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၈.၉၃ ဘီလီယံ လုပ်ဆောင်ပြီးစီးခဲ့သည်။ သတ်မှတ်အတိုင်းအတာနှင့်အထက်ရှိသည့် စက်မှုလုပ်ငန်းများ၏ တန်ဖိုးမြှင့်မှုသည် သုံးနှစ်ဆက်တိုက် တိုးတက်မှု ၆၀ ရာခိုင်နှုန်းကျော်ကို ထိန်းထားနိုင်ခဲ့ရာ နယ်စပ်ဒေသ၏ တည်နေရာအားသာချက်သည် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားအဖြစ် အဆက်မပြတ် ပြောင်းလဲလာလျက်ရှိသည်။

2

3

4

1

位于中缅边境的云南省瑞丽沿边产业园区立足沿边开放定位,重点培育纺织服装、通信电子、进口商品落地加工和装备制造四大主导产业,配套发展保税、跨境业务和现代物流三大生产性服务业,规划建设18个“园中园”,承接东中部产业转移。

自2023年5月以来,园区已吸引100多家东中部企业入驻,涵盖服装、电子产品、首饰加工、中药材等产业,累计完成投资89.3亿元,规上工业增加值连续三年保持60%以上的增长,沿边区位优势正持续转化为产业发展动能。

2

3

4

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်