စိုက်ခင်းများမှ "အာရှပန်းမြို့တော်" အထိ ယူနန်ပြည်နယ် ပန်းများ၏ ခရီးစဉ်

2026-09-20 17:34|ဆင်ဟွာသတင်း

1

တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် ရာသီဥတုသင့်လျော်ပြီး ဂေဟပတ်ဝန်းကျင် အခြေအနေကောင်းမွန်သဖြင့် ပန်းမန်အမျိုးအစား စုံလင်သော၊ အရည်အသွေးကောင်းသော၊ နာမည်ကျော်ကြားသော လုပ်ငန်းအားသာချက် ဖြစ်လာခဲ့သည်။ ယူနန်ပြည်နယ် ကူမင်းမြို့ ချိန်ကုန့်ခရိုင်သည် ယူနန်ပန်းမန်လုပ်ငန်း၏ အဓိကဇုန်ဖြစ်ပြီး "အာရှပန်းမြို့တော်" ဟု အမည်ရသည့် သိုနန်ပန်းဈေး၊ ကူမင်းပန်းမန်လေလံစင်တာ တို့ကို ပိုင်ဆိုင်ထားရာ လတ်ဆတ်သောပန်းမန်များအား နိုင်ငံနှင့်ဒေသ ၆၄ ခုအထိ ရောင်းချလျက်ရှိသည်။

လတ်တလောနှစ်ပိုင်းတွင် ဒေသတွင်း၌ ပန်းမန်လုပ်ငန်းများ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရန် အင်တိုက်အားတိုက် တွန်းအားပေးခဲ့ပြီး ရေနှင့် ဓာတ်မြေဩဇာ စမတ်စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင် စောင့်ကြည့်တိုင်းတာမှု၊ AI ဖန်လုံအိမ် စသည့် ခေတ်မီနည်းပညာများကို ဆန်းသစ်တီထွင်စွာ အသုံးပြုလျက်ရှိသည်။ ထို့ပြင် အအေးခန်းကွင်းဆက် (Cold Chain) ဖြင့် ကုန်စည်ပို့ဆောင်မှု၊ အော့ဖ်လိုင်း လေလံတင်ရောင်းချမှု၊ e-commerce ဖြင့် တိုက်ရိုက်ပံ့ပိုးပေးမှု စသည့်နည်းလမ်းများကို ပြည့်စုံအောင် ဆောင်ရွက်ခြင်းဖြင့် ထုတ်ကုန်ရောင်းချမှုကို အားဖြည့်ပေးကာ သမားရိုးကျစိုက်ပျိုးမှုကို ခေတ်မီအသွင်ပြောင်းမှု၊ စံနှုန်းမီမှု၊ စမတ်အသွင်ပြောင်းမှု လုပ်ငန်းဆီသို့ တိုးတက်ရန် တွန်းအားပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ်တွင် သိုနန်ပန်းမန် အရောင်းအဝယ်ပြုလုပ်သည့် အပွင့်အရေအတွက်သည် ၁၅.၄၇၆ ဘီလီယံ၊ အရောင်းအဝယ် ပြုလုပ်မှုပမာဏ ယွမ် ၁၃.၄၈၄ ဘီလီယံအထိ ရှိခဲ့ပြီး ပန်းမန်လုပ်ငန်းသည် လူဦးရေ ၇၀,၀၀၀ ကျော် လုပ်ငန်းခွင်ဝင်ရန် လက်ခံဆွဲဆောင်ခဲ့သည်။ စိုက်ခင်းများမှ "အာရှပန်းမြို့တော်" အထိ လှပသောပန်းလေးများသည် ဒေသတွင်းကို အကျိုးပြု၍ ကမ္ဘာကြီးဆီသို့ ပို့ဆောင်လျက်ရှိပေသည်။

2

3

4

5

6

7

8

9

10

1

云南省气候适宜、生态条件良好,形成了花卉品类多、品质好、知名度高的产业优势。昆明市呈贡区作为云南花卉产业核心区,坐拥被誉为“亚洲花都”的斗南花卉市场、昆明花拍中心,鲜花远销64个国家和地区。

近年来,当地着力推进鲜花产业高质量发展,创新应用智能水肥、环境监测、AI大棚等现代化技术,完善冷链物流、线下拍卖、电商直供等方式助力产品销售,推动传统种植向现代化、标准化、智能化产业迈进。

2025年,斗南花卉交易量154.76亿枝、交易额134.84亿元,花卉产业联动吸纳7万多人就业。从田间地头到“亚洲花都”,美丽花卉惠及当地、走向世界。

2

3

4

5

6

7

8

9

10

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်