မြို့တစ်မြို့လုံးတွင် ကြယ်ငါးပွင့်အလံနီများ တလူလူလွင့်ပျံနေပြီး ကူမင်းမြို့ရှိ ဟိုင်ကေရေကာတာတွင် ကြီးကျယ်ခမ်းနားစွာ အလှဆင်ထား

2026-09-30 10:24|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) တရုတ်အမျိုးသားနေ့ နီးလာသည်နှင့်အမျှ ကူမင်းမြို့ရှိ ဟိုင်ကေရေကာတာအနှံ့တွင် တောက်ပရွှန်းတင့်သော  ကြယ်ငါးပွင့်အလံနီများ တလူလူလွင့်ပျံနေပြီး စည်ကားသိုက်မြိုက်သော ပွဲတော်အငွေ့အသက်များကို ရင်ဆိုင်ခံစားရသည်။

ရေကန်ဘေးတွင် ကြယ်ငါးပွင့်အလံနီများသည် လေထဲ၌ လွင့်ပျံလျက်ရှိပြီး နီရဲရဲဖြစ်သော အလံများသည် တျန်းချီရေကန်၏ မြစိမ်းရောင်ထသော ကယက်များ၊ ရှီးစန်းတာင်၏ လှပသော ရှုခင်းများနှင့် အပြန်အလှန်ရောင်ပြန်ဟပ်၍ လှပတင့်တယ်သော ဆောင်းဦးရာသီရှုခင်း ပန်းချီကားလိပ်တစ်ချပ်ကို ဖန်တီးပေးပါသည်။

ထွန်းလင်းတောက်ပသော "တရုတ်အနီရောင်"များဖြင့် ရေကန်ဘေးလမ်းလျှောက်ရာလမ်းကို အလှဆင်ထားကာ များပြားသော မြို့သူမြို့သားများသည် ခေတ္တရပ်တန့်ပြီး ဓာတ်ပုံရိုက်ကူးလျက်ရှိသည်။ လွင့်ပျံနေသော ကြယ်ငါးပွင့်အလံနီများသည် ရေကန်ဘေးရှုခင်းများကို လှပစေရုံသာမက မြို့သူမြို့သားများ၏ နှလုံးသားထဲတွင် မျိုးချစ်စိတ်ဓာတ်ကိုလည်း နက်ရှိုင်းစွာ နှိုးဆွပေးလျက်ရှိပါသည်။

国庆临近,昆明海埂大坝处处飘扬起鲜艳的五星红旗,热烈的节日氛围扑面而来。

湖畔岸边国旗迎风舒展,火红的旗帜与滇池碧波、西山美景交相辉映,勾勒出一幅亮丽的秋日画卷。

一抹抹耀眼的“中国红”装点湖畔廊道,不少市民驻足打卡拍照。飘扬的五星红旗,既扮靓了湖畔风景,也激荡起市民心中浓浓的家国情怀。

အယ်ဒီတာ: မရီရီ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်