China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
2026-07-22 18:24|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဇူလိုင်လ ၂၀ ရက်နေ့တွင် China Southern Airlines သည် တာ့လီမှ ချန်ရှားဖြတ်သန်း တာ့လျန်သို့ လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့ကာ ၎င်းသည် တာ့လီရှိအရှေ့မြောက်ပိုင်းဒေသသို့ အသွားအပြန် ပထမဆုံးလေကြောင်းလိုင်း ဖြစ်သည်။
တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ်နံပါတ်သည် CZ5911/2 ဖြစ်ပြီး ဇူလိုင်လမှ ဩဂုတ်လအတွင်း တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနေ့နှင့် စနေနေ့တို့တွင် ပျံသန်းရန် စီစဉ်ထားသည်။ အသွားလေယာဉ်ခရီးစဉ်နံပါတ်သည် နံနက် ၇ နာရီ ၂၀ မိနစ်တွင် တာ့လျန်မှ ပျံသန်းထွက်ခွာပြီး ညနေ ၁ နာရီ ၄၀ မိနစ်တွင် တာ့လီသို့ ရောက်ရှိမည် ဖြစ်ကာ အပြန်လေယာဉ်ခရီးစဉ်နံပါတ်သည် ညနေ ၂ နာရီခွဲတွင် တာ့လီမှ ပျံသန်းထွက်ခွာပြီး ည ၈ နာရီ ၃၅ မိနစ်တွင် တာ့လျန်သို့ ရောက်ရှိမည် ဖြစ်သည်။
လေယာဉ်ခရီးစဉ်အချိန်ဇယားသည် စီးပွားရေးနှင့် ခရီးသွားလာမှု လိုအပ်ချက်နှစ်မျိုးလုံးကို ဖြည့်ဆည်းပေးကာ ဤလေကြောင်းလိုင်းသည် ယူနန်အနောက်ပိုင်းဒေသနှင့် ပိုဟိုင်ပင်လယ်ပတ်ဝန်းကျင်ဒေသကြား လေထဲလမ်းကြောင်းကို ဖောက်ထွင်းခဲ့ပြီး ချန်ရှန်းတောင်နှင့် အယ်ဟိုင်ရေကန်၊ ကြယ်မြို့တော် ချန်ရှားနှင့် ဆိပ်ကမ်းမြို့တော် တာ့လျန်တို့ကို ချိတ်ဆက်ပေးကာ တရုတ်အနောက်တောင်ပိုင်းဒေသ၊ အလယ်ပိုင်းဒေသနှင့် အရှေ့မြောက်ပိုင်းဒေသသုံးခုတို့အကြား စီးပွားရေးနှင့် ခရီးသွားခရီးစဉ်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဖလှယ်မှုများအတွက် လွယ်ကူလျင်မြန်သော လေထဲတံတားကို တည်ဆောက်ပေးထားသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




