အနောက်ပိုင်း ခေါင်းမည်းမျောက်လွှဲကျော်များအား စောင့်ရှောက်ခြင်းဖြင့် စိမ်းလန်းစိုပြည်သော တောတောင်ရေမြေအား အတူတကွစောင့်ရှောက်ခြင်း
2026-10-26 14:47|
အနောက်ပိုင်း ခေါင်းမည်းမျောက်လွှဲကျော်သည် တရုတ်နိုင်ငံ၏ နိုင်ငံတော် ပထမအဆင့် အဓိကထား ကာကွယ်ထိန်းသိမ်းလျက်ရှိသည့် တောရိုင်းတိရစ္ဆာန်ဖြစ်ပြီး ယူနန်ပြည်နယ် ဝူလျန့်တောင်၊ အိုင်းလောင်တောင်ဒေသက မျောက်လွှဲကျော်များအတွက် အရေးကြီးသော ကျက်စားနေထိုင်ရာဒေသဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း ဒေသတွင်း၌ ဂေဟစနစ် ကာကွယ်ရေးလုပ်ငန်းကို စဉ်ဆက်မပြတ် ခိုင်မြဲစွာတည်ဆောက်ပြီး ဂေဟစနစ် ပြုပြင်တည်ဆောက်မှု၊ ကျက်စားနေထိုင်ရာဒေသအား စီမံကာကွယ်မှု၊ ကင်းလှည့်စောင့်ကြည့် တိုင်းတာမှု စသည့်လုပ်ငန်းများကို ဖော်ဆောင်ခဲ့သည်။ ထို့ပြင် အဖိုးတန် တောရိုင်းအပင်နှင့် တိရစ္ဆာန်များအား စေတနာအမှန်ဖြင့် စောင့်ရှောက်ပြီး တောရိုင်းအပင်နှင့် တိရစ္ဆာန် အရင်းအမြစ်များအား ဖျက်ဆီးသည့် တရားဥပဒေချိုးဖောက်သည့် လုပ်ရပ်များအား ပြင်းပြင်းထန်ထန် တိုက်ဖျက်ကာ မျောက်လွှဲကျော်များ မျိုးပွားရှင်သန်နေထိုင်ရန်အတွက် လုံခြုံရေးအကာအကွယ် ခိုင်မြဲစွာ တည်ဆောက်ပေးခဲ့သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- မြို့တစ်မြို့လုံးတွင် ကြယ်ငါးပွင့်အလံနီများ တလူလူလွင့်ပျံနေပြီး ကူမင်းမြို့ရှိ ဟိုင်ကေရေကာတာတွင် ကြီးကျယ်ခမ်းနားစွာ အလှဆင်ထား
- တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း၊ ယူနန်ကော်ဖီကို သိရှိခံစားရန် ကူမင်းမြို့သည် ကမ္ဘာအား ဖိတ်ခေါ်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်







