စင်ရော်ခေါင်းမဲငှက်များ၏ "ရှေ့ပြေးအုပ်စု" ကူမင်းမြို့ တျန်းချီရေကန်သို့ ရောက်ရှိလာ
2026-10-20 09:35|
မကြာသေးမီရက်များတွင် ဆောင်းခိုရန် လာရောက်ကြသည့် စင်ရော်ခေါင်းမဲငှက်များ၏ "ရှေ့ပြေးအုပ်စု"သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ တျန်းချီရေကန်သို့ ပျံသန်းရောက်ရှိလာပြီး ၎င်းတို့ကို ဟိုင်ဟုန် စိမ့်မြေအရပ် ရေပြင်တွင် တွေ့ရှိရသည်။ စင်ရော်ခေါင်းမဲငှက်များသည် တစ်ခါတစ်ရံ ရေကစားရင်း အစာရှာဖွေနေကြခြင်း၊ တစ်ခါတစ်ရံ အတောင်ပံခတ်၍ ပျံသန်းနေကြခြင်းတို့ဖြင့် ခရီးသွားအများအပြားကို ရပ်တန့်ကြည့်ရှုရန် ဆွဲဆောင်လျက်ရှိသည်။ စင်ရော်ခေါင်းမဲငှက်များ တစ်အုပ်ပြီးတစ်အုပ် ဆက်တိုက်ရောက်ရှိလာသည်နှင့်အမျှ ကူမင်းမြို့၏ စင်ရော်ငှက်ကြည့်ရှုသည့် ရာသီအသစ်သည်လည်း စတင်ခဲ့ပြီဖြစ်သည်။ နှစ်စဉ် ဆောင်းရာသီတွင် စင်ရော်ခေါင်းမဲငှက်များသည် သစ္စာရှိစွာ ရောက်ရှိလာလေ့ရှိပြီး ကူမင်းမြို့၏ ထူးခြားလှပသော ဆောင်းရာသီ ရှုခင်းတစ်ခုဖြစ်ရုံသာမက မြို့ခံပြည်သူများနှင့် ခရီးသွားအများအပြား မျှော်လင့်စောင့်စားနေကြသည့် ဆောင်းရာသီ တွေ့ဆုံမှုလည်းဖြစ်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း၊ ယူနန်ကော်ဖီကို သိရှိခံစားရန် ကူမင်းမြို့သည် ကမ္ဘာအား ဖိတ်ခေါ်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်


