ကော်ဖီမွှေးရနံ့နှင့် စက်မှုလုပ်ငန်းဆုံစည်းရာ ယူနန်ပြည်နယ် ချွီကျင့်မြို့က လုပ်ငန်းအသွင်အပြင်မျိုးစုံဖြင့် ယဉ်ကျေးမှုခရီးသွားလုပ်ငန်း ထွန်းကားလျက်ရှိ

2026-10-10 09:52|ဆင်ဟွာသတင်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချွီကျင့်မြို့၏ ဒုတိယအကြိမ်မြောက် "စက်မှုလုပ်ငန်းနှင့်ကော်ဖီထုတ်လုပ်မှု၊ ကော်ဖီတစ်ခွက်ဖြင့် အချိန်ကာလ အရသာကို ခံစားခြင်း" ဟူသော ကော်ဖီယဉ်ကျေးမှုပွဲတော်ကို ချီလျင်ခရိုင်တွင် အောက်တိုဘာလ ၁ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့သည်။ ဤပွဲတော်သည် ထူးခြားသော စက်မှုအမွေအနှစ် ရပ်ကွက်လမ်းရှုခင်းများဖြင့် ဒေသခံယဉ်ကျေးမှု အနှစ်သာရနှင့် မြို့ပြဖက်ရှင်အသစ် အသွင်အပြင်များကို ပေါင်းစပ်ပြီး နက်နက်ရှိုင်းရှိုင်းခံစားနိုင်သော ပွဲတော်အတွေ့အကြုံတစ်ရပ်ကို ဖန်တီးပေးခဲ့သည်။

နိုင်ငံတစ်ဝန်း ကော်ဖီလုပ်ငန်းရှင် ၁၃၀ ကျော်တို့က ပွဲနေရာတွင် စုဝေးခဲ့ကြပြီး အရည်အသွေးမြင့်ကော်ဖီ၊ ထူခြားမှုရှိသော လက်ဖက်ရည်၊ ယဉ်ကျေးမှုဖန်တီးမှုထုတ်ကုန်များ စသည့် လုပ်ငန်းအသွင်အပြင်မျိုးစုံတို့ကို စုစည်းပြသထားသည်။ တစ်ချိန်တည်းတွင် ဖျော်ဖြေမှု အမျိုးမျိုးကိုလည်း အလှည့်ကျ ပြသခဲ့ပြီး စည်ကားသိုက်မြိုက်သော ပျော်ရွှင်တက်ကြွသည့် ပွဲတော်အငွေ့အသက်ကို ဖန်တီးပေးခဲ့သည်။

ယခုအကြိမ်ကော်ဖီယဉ်ကျေးမှုပွဲတော်သည် ဒေသက စက်မှုအမွေအနှစ်များကို ပြန်လည်အသက်သွင်းခြင်း၊ မြို့ပြအပန်းဖြေမှုဆိုင်ရာ လုပ်ငန်းအသွင်အပြင်အသစ်များ ပြုစုပျိုးထောင်ခြင်း၏ သက်ဝင်လှုပ်ရှားမှုရှိသော လက်တွေ့ဖော်ဆောင်မှုဖြစ်သလို ပြည်သူများ၏ စိတ်ဓာတ်ယဉ်ကျေးမှုဘဝကို ကြွယ်ဝစေရန်၊ မြို့တော်၏ ယဉ်ကျေးမှုခရီးသွားလုပ်ငန်း အမှတ်တံဆိပ်အသစ်ကို တောက်ပစေရန် အားကောင်းသောအစီအမံတစ်ရပ်လည်းဖြစ်သည်။ "စက်မှုလုပ်ငန်းဆန်သော အပြင်အဆင်+ ကော်ဖီခေတ်စားမှု + ဒေသခံယဉ်ကျေးမှု + ညချမ်းစီးပွားရေး" ဟူသည့် ဆန်းသစ်သောနည်းလမ်းမှတစ်ဆင့် ရပ်ကွက်လမ်းဟောင်း အရင်းအမြစ်များကို ထိရောက်စွာ ပြန်လည်အသက်သွင်းပေးနိုင်သလို မြို့တော်၏ စားသုံးမှုပုံစံများကိုလည်း ကြွယ်ဝစေခဲ့သည်။

10月1日至10月7日,云南曲靖市第二届“重工萃咖·啡尝岁月”咖啡文化嘉年华在麒麟区举办。活动依托独特的工业遗存街区风貌,融合本土文化底蕴与都市时尚新潮,打造沉浸式节日体验。

来自全国各地的130余家咖啡商户齐聚现场,汇集精品咖啡、特色茶饮、文创产品等多元业态,同时,各类表演轮番上演,氛围感十足,营造出喜庆热烈的节日氛围。

此次咖啡文化嘉年华是当地活化工业遗存、培育城市休闲新业态的生动实践,也是丰富群众精神文化生活、擦亮城市文旅新名片的有力举措。通过“工业风+咖啡潮+本土文化+夜间经济”的创新模式,有效盘活老旧街区资源、丰富城市消费场景。(作者:熊轩昂、王金河、巴永飞、刘武俊、李丽)

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်