တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၈ လအတွင်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်ပေးနိုင်မှု ယခင်နှစ် ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးတက်လာ
2026-09-11 10:42|
ယခုနှစ် ပထမ ၈ လအတွင်း တရုတ်-လာအို ရထားလမ်း၌ နိုင်ငံတကာ ခရီးသည်တင် ရထားအစင်းရေ ၉၇၂ စင်း ပြေးဆွဲခဲ့ပြီး နယ်စပ်ဖြတ်ကျော် ခရီးသည်အကြိမ်ရေ ၂၄၄,၀၀၀ ပို့ဆောင်ပေးခဲ့ရာ ၂၀၂၅ ခုနှစ် ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်း China Railway Kunming Group ကုမ္ပဏီလီမိတက်ထံမှ စက်တင်ဘာ ၉ ရက်တွင် သိရသည်။
တရုတ်-လာအို ရထားလမ်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် စတင်ဖွင့်လှစ် ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ ကူမင်းမြို့မှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ "နေ့ချင်းပြန်" သွားလာရေး အားသာချက်ကြောင့် တရုတ်-လာအို ရထားလမ်းသည် တရုတ်နှင့် နိုင်ငံခြားခရီးသွားများ ပိုမိုရွေးချယ်လာကြသော ရေပန်းစားသည့် ခရီးသွားလမ်းကြောင်းဖြစ်လာခဲ့သည်။ ကူမင်းမြို့နှင့် ဗီယင်ကျန်းမြို့အကြား နေ့စဉ် ပြေးဆွဲပေးလျက်ရှိသော နိုင်ငံတကာ ခရီးသည်တင်ရထားမှာ စတင်ဖွင့်လှစ်ချိန်က ၂ ကြိမ်ရှိရာမှ ၄ ကြိမ်အထိ တိုးတက်လာခဲ့ပြီး နယ်စပ်ဖြတ်ကျော် ခရီးသည် ထိုင်ခုံနေရာမှာလည်း ၂၅၀ ခုမှ ၄၂၀ ခုအထိ တိုးတက်လာခဲ့ကာ ပြည်အဝင်/အထွက် ခရီးသည်အကြိမ်ရေမှာ နေ့စဉ် ၃၀၀ မှ အများဆုံး ၁,၆၄၀ အထိ တိုးတက်လာခဲ့သည်။ ယခုနှစ် စက်တင်ဘာ ၇ ရက်အထိ တရုတ်-လာအို ရထားလမ်းသည် စုစုပေါင်း နယ်စပ်ဖြတ်ကျော် ခရီးသည်တင်ရထားအစင်းရေ ၃,၇၈၉ စင်း ပြေးဆွဲခဲ့ပြီး နိုင်ငံနှင့် ဒေသ ၁၂၀ ကျော်မှ နယ်စပ်ဖြတ်ကျော် ခရီးသည်အကြိမ်ရေ စုစုပေါင်း ၉၂၆,၀၀၀ ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။
စဉ်ဆက်မပြတ် မြင့်တက်လာသော နယ်စပ်ဖြတ်ကျော် ခရီးသည်စီးဆင်းမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် China Railway Kunming Group ကုမ္ပဏီလီမိတက်သည် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ အစဉ်မပြတ် အဆင့်မြှင့်တင် ပေးလျက်ရှိသည်။ ရှစ်ဆောင်ပဏ္ဏား၊ ဖူအယ် စသည့် ရထားဘူတာရုံများနှင့် နိုင်ငံတကာ ခရီးသည်တင် ရထားများပေါ်တွင် ခရီးသွားများအတွက် တရုတ်၊ လာအို၊ အင်္ဂလိပ် သုံးဘာသာဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး အဓိကနေရာများတွင် ခရီးသည်ပို့ဆောင်ရေး ဝန်ထမ်းများ ခန့်ထားကာ လမ်းညွှန်မှုပေးခြင်း၊ အထူးလိုအပ်ချက်ရှိသော ခရီးသည်များအတွက် သီးသန့်ပြတင်းပေါက်များ ထားရှိပေးခြင်း၊ ဘီးတပ်ကုလားထိုင်နှင့် ပုံမှန်သုံးဆေးဝါးများ စသည့် ပစ္စည်းများ ပြင်ဆင်ပေးထားခြင်းဖြင့် ခရီးသွားများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
လက်ရှိတွင် ကူမင်းနှင့် ဗီယင်ကျန်းအကြား နေ့စဉ် နိုင်ငံတကာ ခရီးသည်တင် ရထား ၄ စင်း ပြေးဆွဲလျက်ရှိရာ မိုဟန်မြို့ မီးရထားနယ်စပ်ဂိတ်၏ စိစစ်ဖြတ်သန်းချိန်မှာ မိနစ် ၅၀ ခန့်သာ ကြာမြင့်ပြီး ခရီးစဉ်တစ်ခုလုံး အမြန်ဆုံး ၉ နာရီ ၃၆ မိနစ်ဖြင့် ရောက်ရှိနိုင်သဖြင့် "နံနက်ပိုင်းတွင် ထွက်ခွာ၍ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိ" နိုင်သည့် နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုများမှာ ပုံမှန်အခြေအနေတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။
新华社昆明9月9日电 记者浦超 记者9月9日从中国铁路昆明局集团有限公司获悉,今年前8个月,中老铁路开行国际旅客列车972列,发送跨境旅客24.4万人次,比2025年同期增长超50%。
中老铁路2021年12月3日开通运营。昆明至老挝万象“当日到达”的交通优势,使中老铁路成为越来越多中外游客出行的热门选择。昆明至万象间每天开行国际旅客列车从开通初期的2列增至4列,跨境旅客席位从250个增至420个,出入境人数从每天300人次增至最高1640人次。截至今年9月7日,中老铁路已累计开行跨境旅客列车3789列,发送来自120多个国家和地区的跨境旅客92.6万人次。
面对持续攀升的跨境客流,国铁昆明局不断优化跨境运输服务保障。在西双版纳、普洱等站以及国际旅客列车上为旅客提供中、老、英三种语言服务,重点区域安排客运员加强引导服务,设置重点旅客专用窗口,配备轮椅、常用药等物品,为旅客提供帮助。
目前,昆明至万象间每天开行4列国际旅客列车,磨憨铁路口岸通关时间约50分钟,全程最快9小时36分即可抵达,“朝发夕至”的跨境出行已成常态。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ

