ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ

2026-07-13 17:18|ရောင်စုံတိမ်တံတား

2128059_2048x2048

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့ဝင်ရောက်ခွင့်ပြုတ်ပြီးနောက် ကူမင်း ချန်ချုံတောင်သည် မြို့သူမြို့သားများနှင့် ခရီးသည်များစွာကို ဆွဲဆောင်လာခဲ့၍ တောင်တက်ခြင်းနှင့် လည်ပတ်ကြည့်ရှုခြင်းကို လွယ်ကူချောမွေ့စေရန်အတွက် ဝူဟွာခရိုင် ဟုံယူလမ်းရှိ ယုတ်ယင်ကွန်မြူနီတီသည် တောင်ထိပ်သို့ တိုက်ရိုက်ရောက်ရှိသော ကြိုပို့ရန်တက္ကစီများကို ဖွင့်လှစ်ခဲ့ပြီဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲသည့် လည်ပတ်မှုပုံစံဖြင့် မြို့သူမြို့သားများနှင့် ခရီးသည်များအား လိုအပ်အချိန်တွင် စီးနင်းနိုင်စေမည် ဖြစ်သည်။

2128060_2048x2048

ယခုနှစ် ကြိုပို့ရန်တက္ကစီအဖွဲ့တွင် တက္ကစီ ၄၁ စီးပါဝင်ပြီး ၎င်းတို့သည် တောင်ခြေရှိ "ပန့်ဆန်းချီလီရှီး" လူနေအိမ်ရပ်ကွက်အနား၊ တောင်စောင်းရှိ "တာ့ရှန့်ချီဥယျာဉ်"နှင့် တောင်ထိပ် အပါအဝင် နေရာသုံးခု၌ ခွဲခြားရပ်နားထားပါသည်။ 

2128061_2048x2048

ကြိုပို့ရန်တက္ကစီ သီးသန့်လိုင်းသည် ၂၄ နာရီပတ်လုံး စဉ်ဆက်မပြတ် ပြေးဆွဲသည်။ တစ်ခုလုံး ၇.၁ ကီလိုမီတာရှည်လျားသော လမ်းကြောင်းကို အပိုင်းနှစ်ပိုင်းခွဲခြားထားသည်၊ ပထမအပိုင်းသည် တောင်ခြေရှိ ချီလီရှီးမှ တာ့ရှန့်ချီဥယျာဉ်အထိ ၃ ကီလိုမီတာခန့် ရှည်လျားပြီး ဒုတိယအပိုင်းသည် တာ့ရှန့်ချီဥယျာဉ်မှ တောင်ထိပ်အထိ ၄.၁ ကီလိုမီတာခန့် ရှည်လျားကာ အပိုင်းတစ်ပိုင်း လူတစ်ဦးလျှင် ၈ ယွမ် လိုပြီး ခရီးစဉ်တစ်ခုလုံး လူတစ်ဦးလျှင် ၁၆ ယွမ် လိုသည်။ ထို့အပြင်၊ သယ်ယူပို့ဆောင်ရေးစွမ်းရည် လုံလောက်စေရန်အတွက် ကြိုပို့ရန်တက္ကစီအားလုံးသည် လည်ပတ်ရာတွင် သတ်မှတ်ထားသော မှတ်တိုင်သုံးခုတွင် ရပ်နားထားပြီး အခြားနေရာများတွင် မပြေးဆွဲပါ။

2128062_2048x2048

တက္ကစီဖြင့် ကြိုပို့ခြင်း သီးသန့်လိုင်းသည်သောကြာနေ့ မွန်းလွဲပိုင်း၊ စနေနေ့နှင့် တနင်္ဂနွေနေ့ တစ်နေ့လုံးတို့တွင် အများဆုံး ပြေးဆွဲကာ အထူးသဖြင့် နေဝင်ချိန် ကြည့်ရှုသော မြို့သူမြို့သားများနှင့် ခရီးသည်များ ပိုမိုများသောကြောင့် ၎င်းတို့၏ ကားစီးချိန်သည် ညနေ ၅ နာရီမှ ၁၀ နာရီအတွင်း အဓိကဖြစ်သည်။

2128063_2048x2048

2128059_2048x2048

昆明长虫山解封后迎来了众多的市民和游客,为方便大家登山游玩,五华区红云街道‌右营社区组织开通了可直达山顶的“的士”摆渡车,并通过24小时滚动发车的运营模式,满足有需要的市民游客随时乘坐。

2128060_2048x2048

今年的摆渡车队由41辆出租车组成,它们分别停靠在山脚“半山七哩溪”小区附近,以及山腰“大象棋公园”和山顶三个点位。

2128061_2048x2048

的士摆渡专线全天24小时滚动发车,7.1公里的总路程分为两段运营,第一段从山脚的七哩溪到大象棋公园,长约3公里;第二段为大象棋公园到山顶,长约4.1公里,每段路程票价为每人8元,全程票价每人16元。此外,为了保证充足的运力,所有摆渡的士在运营期间将常驻三个停靠点位,不再进行其他区域的运营服务。

2128062_2048x2048

的士”摆渡专线运营高峰期为周五下午及周六、周日全天,尤其是观看日落的市民游客比较多,其乘车需求集中在下午5点到晚上10点这个时段。(来源:8099999《街头巷尾》)

2128063_2048x2048

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်