တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ

2026-08-17 11:06|ဆင်ဟွာသတင်း

1

၂၀၂၆ ခုနှစ် ပထမ ၇ လအတွင်း တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် ပို့ဆောင်သော ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုးမှာ ယွမ် ၂၀.၁၁ ဘီလီယံရှိပြီး ယမန်နှစ် ကာလတူထက် ၂၉.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းအကောက်ခွန်ဌာနမှ ဩဂုတ် ၁၃ ရက်က သိရသည်။

ကူမင်းအကောက်ခွန်ဌာန၏ စာရင်းကောက်ယူမှုများအရ ယခုနှစ် ပထမ ၇ လအတွင်း တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် ယွမ် ၄.၉၂ ဘီလီယံ တန်ဖိုးရှိသော အာဆီယံ အပူပိုင်းဒေသသစ်သီးဝလံများ တင်သွင်းခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၄.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ယွမ် ၂.၃၁ ဘီလီယံ တန်ဖိုးရှိ စွမ်းအင်သစ်မော်တော်ယာဉ်၊ နေရောင်ခြည်စွမ်းအင်သုံး ထုတ်ကုန်များ စသည့် "ထုတ်ကုန်အသစ်သုံးမျိုး" တင်ပို့ခဲ့ပြီး ယမန်နှစ်ကာလတူထက် ၃၀၆.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ နယ်စပ်ဖြတ်ကျော် e-commerce B2B ပို့ကုန်တန်ဖိုးမှာ ယမန်နှစ်ကာလတူထက် ၁.၅ ဆ တိုးတက်ခဲ့ကြောင်း၊ ၎င်းတို့အနက် ဒူးရင်းသီး တန်ချိန် ၁၅၈,၀၀၀ တင်သွင်းခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၂၅.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။ တရုတ်-လာအို ရထားလမ်းဟူသော အဆိုပါ "ရွှေရောင်အဓိကလမ်းကြောင်းကြီး" ကို အမှီပြု၍ "တရုတ်နိုင်ငံ ထုတ်ကုန်များ တောင်ဘက်သို့ ဆင်းသက်ခြင်း၊ အရှေ့တောင်အာရှ ဒေသထွက်ထုတ်ကုန်များ မြောက်ဘက်သို့ တက်လာခြင်း" ဟူသော နှစ်ဖက်ကုန်သွယ်မှု အခင်းအကျင်းပုံစံသည် အရှိန်အဟုန်မြင့် ပုံပေါ်လာလျက်ရှိသည်။

ကူမင်းအကောက်ခွန်ဌာနသည် "ကြိုတင်လျှောက်ထားနိုင်ခြင်း" နှင့် "ရထားလမ်း အမြန်ဖြတ်သန်းခွင့်ပြုခြင်း" ကဲ့သို့သော အဆင်ပြေစေမည့် အစီအမံများကို အကောင်အထည်ဖော်ကာ အကြီးစား ကွန်တိန်နာ စစ်ဆေးရေးစနစ်၊ 5G စမတ်စစ်ဆေးရေးကိရိယာ၊ အလိုအလျောက် လမ်းညွှန်သယ်ယူပို့ဆောင်ရေးယာဉ် စသည့် စမတ်စောင့်ကြည့်စစ်ဆေးရေးကိရိယာများကို အသုံးပြုခြင်းဖြင့် စောင့်ကြည့်စစ်ဆေးရေးနှင့် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်း ထိရောက်မှုကို များစွာမြှင့်တင်ခဲ့ကြောင်း၊ "လန်ချန်း-မဲခေါင်အမြန်လမ်း" နှင့် "တရုတ်-လာအို ရထားလမ်း + တရုတ်-ဥရောပ ရထားလမ်း" နိုင်ငံတကာ ကုန်စည်ရထားများ ထိရောက်မှုမြင့်မားစွာ ပြေးဆွဲလည်ပတ်မှုကို အပြည့်အဝအာမခံကာ တရုတ်-လာအို ရထားလမ်း၏ နယ်စပ်ဖြတ်ကျော် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး စွမ်းဆောင်ရည်ကို အဆက်မပြတ် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် စတင်လည်ပတ်ပြေးဆွဲခဲ့သည့်အချိန်မှစ၍ ယခုနှစ် ဩဂုတ် ၁၀ ရက်အထိ တရုတ်-လာအို ရထားလမ်းသည် နယ်စပ်ဖြတ်ကျော် ကုန်စည်တန်ဖိုး စုစုပေါင်း ယွမ် ၉၄ ဘီလီယံကျော်ကို သယ်ယူပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

1

新华社昆明8月13日电 记者庄北宁 记者13日从昆明海关获悉,今年前7个月,经中老铁路进出口货值201.1亿元、同比增长29.9%。  

据昆明海关统计,今年前7个月,经中老铁路进口东盟热带水果49.2亿元、同比增长14.9%,出口新能源汽车、光伏产品等“新三样”23.1亿元、同比增长306.2%,跨境电商B2B出口货值同比增长1.5倍。其中,进口榴莲15.8万吨,同比增长25.6%。依托中老铁路这条“黄金大通道”,“中国智造南下,东南亚特产北上”双向贸易格局加速形成。  

昆明海关实施“提前申报”“铁路快通”等便利举措,借助大型集装箱检查系统、5G智能单兵、自动引导运输车等智能监管查验设备,监管通关效率大幅提升,全力保障“澜湄快线”“中老铁路+中欧班列”国际货物列车高效运行,持续释放中老铁路跨境物流效能。  

截至8月10日,自2021年通车运营以来,中老铁路累计运输跨境货物货值超940亿元。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်