ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ လုန်လျင်ခရိုင် လယ်တောများတွင် သီးနှံလှိုင်လှိုင် ရိတ်သိမ်းလျက်ရှိ
2026-09-29 17:02|
ယခုအချိန်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ လုန်လျင်ခရိုင်ရှိ ကျယ်ပြောလှသော လယ်တောများ၌ ဝါဆာဘီအပင်၊ စပါးခင်းအတွင်း မွေးမြူထားသော ငါးနှင့် ကဏန်း၊ ငရုတ်သီး၊ မက္ကာဒေးမီးယားစေ့၊ ဆန်လုံးနီ စပါးခင်းများ အချိန်ကျ၍ မှည့်ဝင်းလာလျက်သည်။ လယ်တောများ၏ နေရာအနှံ့တွင် ရိတ်သိမ်းရာသီ၏အငွေ့အသက်များ ပြည့်နှက်လျက်ရှိရာ ကုန်ထုတ်လုပ်မှုလုပ်ငန်းထွန်းကားခြင်း၊ ပြည်သူများ ဝင်ငွေတိုးပွားခြင်း ဟူသော ကျေးရွာပြန်လည်အားသစ်လောင်းရေး အလှပန်းချီကားတစ်ချပ်ကို ခြယ်မှုန်းထားသည့်ပမာ ရှိသည်။
ယနေ့အခါ လုန်လျင်ခရိုင် မြို့နယ်ကျေးရွာ အသီးသီးတွင် ဒေသထွက် ကုန်ထုတ်လုပ်ငန်းများ ပွင့်လန်းကာ "ဒေသတစ်ခု၊ အမှတ်တံဆိပ်တစ်ခု" နှင့် "ကျေးရွာတစ်ရွာ၊ လုပ်ငန်းတစ်မျိုး" ဟူသော ဒေသန္တရထူးခြားချက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်စွာ တိုးတက်လျက်ရှိသည်။ နောက်ခြေလှမ်းတစ်ရပ်အနေဖြင့် ယင်းဒေသသည် တောင်သူများနှင့် ချိတ်ဆက်လက်တွဲသည့်ယန္တရားကို စဉ်ဆက်မပြတ် ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်ကို ဆန့်တန်းကာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အရည်အသွေးမြင့်၊ ထိရောက်မှုမြင့်မားစေရန် တွန်းအားပေးဆောင်ရွက်ခြင်းဖြင့် ရိတ်သိမ်းမှု "အရည်အသွေးကောင်းမွန်" စေမည် ဖြစ်သလို "အကျိုးစီးပွား" လည်း ပို၍ တိုးပွားစေမည် ဖြစ်ပေသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း


