၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
2026-06-12 18:14|
၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် ဇွန် ၁၁ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပခဲ့ရာ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဟယ်ဝေက ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအတူ တံခါးဖွင့်လှစ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အားလုံးပါဝင်မှု စိတ်ဓာတ်ကို အရင်းခံကာ "ရပ်ဝန်းနှင့် ပိုးလမ်းမ" အဆိုပြုချက်နှင့် တောင်အာရှနိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှုကို တွန်းအားပေးပြီး ကဏ္ဍစုံလက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ်နက်ရှိုင်းလာစေခဲ့ကြောင်း ဟယ်ဝေက ထောက်ပြခဲ့သည်။
၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံက ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း အောင်မြင်စွာ ပြီးမြောက်အောင် ဖော်ဆောင်နိုင်ခဲ့ပြီး စီးပွားရေးစွမ်းအား၊ သိပ္ပံနည်းပညာစွမ်းအား၊ ဘက်စုံနိုင်ငံတော်စွမ်းအားတို့သည် အဆင့်သစ်သို့ ဝင်ရောက်လာခဲ့ကြောင်း၊ တရုတ်ပုံစံခေတ်မီအသွင်ပြောင်းမှုသည် ခိုင်မြဲသောခြေလှမ်းသစ် လျှောက်လှမ်းနိုင်ခဲ့ပြီး ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းအသစ်များ ပံ့ပိုးပေးခဲ့ကြောင်း ဟယ်ဝေက အလေးထား ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် တောင်အာရှနိုင်ငံများနှင့်အတူ ဆက်လက်လက်တွဲပြီး ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်ဖော်ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ်ကို ရေးခြယ်သွားမည်ဖြစ်ကြောင်း၊ အားလုံးကလည်း ယခုအကြိမ်အခမ်းအနားပြပွဲမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများစွာ ဖော်ထုတ်ပြီး ပိုမိုများပြားသော ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပုံဖော်ကာ ပိုမိုသာယာလှပသည့် အနာဂတ်ကို ဖန်တီးရန် ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါကုန်စည်ပြပွဲ ကျင်းပသည့်ကာလအတွင်း ဟယ်ဝေသည် ဘင်္ဂလားဒေ့ရှ်၊ လာအို၊ နီပေါ စသည့်နိုင်ငံမှ အရေးကြီးနိုင်ငံရေးပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သည်။
新华社昆明6月11日电 记者浦超 6月11日,第十届中国-南亚博览会在昆明开幕,全国人大常委会副委员长何维出席开幕式并致辞。
何维指出,近年来,中国和南亚国家一道,秉持开放、合作、包容的精神,推进“一带一路”倡议同南亚各国发展战略对接,不断深化各领域务实合作。
何维强调,2025年,中国实现第十四个五年规划圆满收官,经济实力、科技实力、综合国力跃上新台阶,中国式现代化迈出新的坚实步伐,为世界发展提供了新机遇。中国将持续携手南亚国家,谱写加快发展振兴的合作新篇章。欢迎大家通过本次盛会发掘更多合作机遇,形成更多合作成果,创造更加美好的未来。
博览会期间,何维分别会见孟加拉国、老挝、尼泊尔等国政要。(完)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့






