ကျင်မိုင့်တောင်က ကမ္ဘာ့အမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးနှင့် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေး ဟန်ချက်ညီညီဆောင်ရွက်ရာတွင် တရုတ်၏အဖြေကို ပြသပေး

2026-09-29 16:56|ဆင်ဟွာသတင်း

ScreenShot_2026-09-29_165650_225

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျင်မိုင့်တောင်တန်း ရှေးဟောင်းလက်ဖက်တော ယဉ်ကျေးမှုရှုခင်းသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာမှုကို  ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ နိုင်ငံစုံနန်းတော်၌ စက်တင်ဘာ ၂၃ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၆၃ ကြိမ်မြောက်အစည်းအဝေး ကမ္ဘာ့အမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် တရုတ်လူ့အခွင့်အရေး ပညာရှင် လီကျွမ်းက မိတ်ဆက်ပြောကြားခဲ့သည်။ 

အမွေအနှစ် ကာကွယ်စောင့်ရှောက်ရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အကြား မည်သို့ ဟန်ချက်ညီညီ ဆောင်ရွက်ရမည်နည်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံက အဖြေတစ်ခုကို ပေးအပ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

တရုတ်လူ့အခွင့်အရေး လေ့လာရေးအသင်းနှင့် ကျုံးနန်တက္ကသိုလ် လူ့အခွင့်အရေးသုတေသနစင်တာမှ လီကျွမ်းက ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်ကော်မတီမှ ရေးဆွဲထားသော “ကမ္ဘာ့အမွေအနှစ်ကွန်ဗင်းရှင်း အကောင်အထည်ဖော်ရေးလမ်းညွှန်” သည် လူ့အခွင့်အရေးကို အခြေခံသော နည်းလမ်းများကို ကျင့်သုံးရန် အားပေးတိုက်တွန်းထားကြောင်း ပြောကြားခဲ့သည်။

ကျင်မိုင့်တောင်တန်းသည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နှင့် သဘာဝအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တစ်ပြေးညီ ရှေ့သို့တိုးတက်အောင် ဆောင်ရွက်နိုင်သည်ကို ဖော်ပြလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကျင်မိုင့်တောင် ရှေးဟောင်းလက်ဖက်တော ယဉ်ကျေးမှုရှုခင်းများသည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံးသော လက်ဖက်ခေါင်းစဉ်ဖြင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်လာခဲ့ပြီးနောက်  တရုတ်နိုင်ငံသည် ဥပဒေစည်းမျဉ်းများပြဋ္ဌာန်းခြင်း၊ ဒေသခံတိုင်းရင်းသားလူမျိုးများအား အခွင့်အာဏာပေးအပ်ခြင်းနှင့် ဒစ်ဂျစ်တယ်အသွင် စွမ်းဆောင်ရည်မြှင့်တင်ခြင်း စသည့် ကဏ္ဍများမှတစ်ဆင့် ကမ္ဘာ့အမွေအနှစ် စဉ်ဆက်မပြတ် ကာကွယ်စောင့်ရှောက်ရေးအတွက် နည်းလမ်းပေါင်းစုံကို ရှာဖွေခဲ့ကြောင်း လီကျွမ်းက ဆိုသည်။

ဒေသခံပလောင်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုကို လေးစားမှုရှိသည့်အခြေအနေတွင် တရုတ်နိုင်ငံသည် ဒေသခံရပ်ရွာနှင့် နေထိုင်သူများကို အဓိကထား၍ လက်ဖက်ပင်စောင့်ရှောက်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်၏ ကိုယ်စားပြုအမွေဆက်ခံသူများအား လေ့ကျင့်သင်ကြားပေးခြင်း၊ ၎င်းတို့ကို လက်ဖက်ယဉ်ကျေးမှု ပြန့်ပွားစေသူများနှင့် လက်ဖက်လုပ်ငန်း၏ အကျိုးခံစားသူများဖြစ်လာစေခြင်းတို့ကို ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ဒစ်ဂျစ်တယ်အသွင် စွမ်းဆောင်ရည်မြှင့်တင်ခြင်းမှတစ်ဆင့် စမတ်စောင့်ကြည့်ရေးစနစ်သည် ကျင်မိုင့်တောင်အတွက် အချိန်အခါမရွေး ဂေဟစနစ် ကာကွယ်စောင့်ရှောက်မှုကို ပံ့ပိုးပေးလျက်ရှိရာ နှစ်ပေါင်းထောင်နှင့်ချီသော လက်ဖက်တောများအား စဉ်ဆက်မပြတ် တည်တံ့စေမည့် ရှင်သန်စွမ်းအားများကို ပေးအပ်ခဲ့ကြောင်း လီကျွမ်းက မိတ်ဆက်ပြောကြားခဲ့သည်။

ScreenShot_2026-09-29_165650_225

新华社日内瓦9月23日电(记者王其冰)在瑞士日内瓦万国宫23日进行的联合国人权理事会第63届会议关于世界遗产保护的大会发言中,中国人权学者黎娟介绍了云南景迈山古茶林文化景观成为世界遗产的案例,表示中国对遗产保护、人权保护和可持续发展之间如何实现协同给出一个中国答案。

来自中国人权研究会、中南大学人权研究中心的黎娟在发言中说,由联合国教科文组织世界遗产委员会制定的《实施世界遗产公约操作指南》鼓励采取基于人权的方法。景迈山案例表明,世界文化遗产与自然遗产的保护、人权保护和可持续发展可以齐头并进。   

黎娟表示,自从景迈山古茶林文化景观2023年成为世界上第一个以茶为主题的世界文化遗产以来,中国从制定法规、赋权世居民族,以及数字化赋能等方面,探索了世界遗产可持续保护的多种途径。   

黎娟介绍,在尊重当地布朗族文化的前提下,中国以当地社区和居民为主体组建了茶树监护团队,培训了文化遗产的代表性继承人,并使之成为茶文化的传播者和茶业的受益者。同时,通过数字化赋能,智能监控系统为景迈山提供了全天候的生态守护,赋予千年茶林持久活力。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်