ရှန်ဟိုင်း-ယူနန် ညှိနှိုင်းတွဲဖက်ဆောင်ရွက်မှုက ပေါင်ဆန်းမြို့ လုန်ယန်ခရိုင်မှ ကော်ဖီမွှေးရနံ့ ကမ္ဘာတစ်ဝန်း မွှေးပျံ့စေရန် အထောက်အကူပြုလျက်ရှိ
2026-09-28 16:41|
ရှန်ဟိုင်း-ယူနန် ညှိနှိုင်းတွဲဖက်ဆောင်ရွက်သည့် စတင်ချိန်မှစ၍ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နှင့် ယူနန်ပြည်နယ် ပေါင်ဆန်းမြို့တို့သည် ကော်ဖီ ထုတ်လုပ်မှု-ရောင်းချမှု ချိတ်ဆက်ခြင်း၊ ထုတ်လုပ်မှုလုပ်ငန်း အဆင့်မြှင့်တင်ခြင်း စသည့် နယ်ပယ်များတွင် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်ခဲ့ရာ ကော်ဖီစေ့ အစိမ်းမှ အအေးစိမ်ထုတ်ယူ၍ အခြောက်ခံခဲထားသည့် ကော်ဖီမှုန့်အထိ ကွင်းဆက်အပြည့် ကော်ဖီထုတ်လုပ်ရေးစနစ်ကို တည်ဆောက်နိုင်ခဲ့သည်။ ကော်ဖီစေ့ အထူးအရည်အသွေးအဆင့် သတ်မှတ်ချက်ပြည့်မီမှုနှုန်း ၆၅ ရာခိုင်နှုန်းကျော်ရှိပြီး အထူးကောင်းမွန်ကုန်ချောထုတ်လုပ်မှုနှုန်းမှာမူ ၈၀ ရာခိုင်နှုန်းကျော် ရရှိထားပြီဖြစ်သည်။ စုစုပေါင်း ယွမ်သန်း ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံကာ ကော်ဖီလုပ်ငန်း အရည်အသွေးမြှင့်တင်ရေး စီမံကိန်း ၂၃ ခုကို အကောင်အထည်ဖော်ခဲ့ပြီး စိုက်ပျိုးမှုတိုးတက်ကောင်းမွန်ရေး၊ အထူးကောင်းမွန်ကုန်ချောထုတ်လုပ်ရေး၊ e-commerce တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှု၊ ကော်ဖီ-ခရီးသွားလုပ်ငန်း ပေါင်းစပ်မှုစသည့် ကွင်းဆက်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
၂၀၂၅ ခုနှစ် နှစ်ကုန်အထိ လုန်ယန်ခရိုင်တွင် ကော်ဖီစိုက်ပျိုးဧရိယာသည် တရုတ်မူ ၁.၂ သိန်းနီးပါးကျယ်ဝန်းပြီး လတ်ဆတ်သောကော်ဖီသီး နှစ်စဉ်ထွက်ရှိမှု တန်ချိန် ၂.၄ သောင်းခန့်၊ စိုက်ပျိုးရေးလုပ်ငန်း နှစ်စဉ်ထုတ်လုပ်မှုတန်ဖိုး ယွမ် ၁.၄ ဘီလီယံခန့် ရှိပြီး ကော်ဖီလုပ်ငန်းကွင်းဆက်တစ်ခုလုံး၏ နှစ်စဉ်ထုတ်လုပ်မှုတန်ဖိုး ယွမ် သန်း ၈,၀၀၀ ခန့် ရရှိခဲ့ကြောင်း သိရသည်။ “ပေါင်ဆန်းကြွယ်ဝရေး” ၏ ထုတ်ကုန်သည် ကော်ဖီကို ကြားခံအဖြစ်ထားရှိကာ “ကမ္ဘာကြီးအား သင်းပျံ့သောမွှေးရနံ့ဖြင့် တွေ့ဆုံစေခြင်း” ကို အကောင်အထည်ဖော်နိုင်ခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း






