ယူနန်ပြည်နယ် ယွိရှီးမြို့တွင် ရေကန်အလှနှင့် ရွက်လှေငယ်ရှုခင်းများကြား ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေနေ

2026-09-16 10:42|ဆင်ဟွာသတင်း

1.webp

စက်တင်ဘာလ ၁၄ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွိရှီးမြို့ ဖူရှန်းရေကန် အနောက်ဘက်ကမ်းရှိ မင်းရှင်းယွီတုန့် ရှုခင်းသာနေရာ၏ အလှရှုခင်းမြင်ကွင်းများမှာ လှပတင့်တယ်နေပေသည်။ ရေကန် မျက်နှာပြင်ပေါ်တွင် ရွက်လှေငယ်များ ပြန့်ကျဲလျက်ရှိကာ ကမ်းစပ်တစ်လျှောက်တွင် သဲသောင်ပြင်များနှင့် ရေကန်ရှုခင်းကြည့် ကော်ဖီဆိုင်များ ဖြန့်ကြက်တည်ရှိနေရာ ကန်ဘောင်တစ်ခွင် အမျိုးစုံလင်သော အပန်းဖြေစရာ နေရာများက ခရီးသွားဧည့်သည်များအား လာရောက် တွေ့ကြုံခံစားရန် ဆွဲဆောင်လျက် ရှိသည်။

မကြာသေးမီ နှစ်များအတွင်း ထိုဒေသသည် ဖူရှန်းရေကန်၏ ဂေဟစနစ် ထိန်းသိမ်းရေးကို အားဖြည့်ဆောင်ရွက်သည့်တစ်ချိန်တည်းတွင် ကန်ဘောင်တစ်ခွင် အပန်းဖြေခြင်း၊ ရေပေါ် အားကစား စသည့် ခရီးသွားလုပ်ငန်း စီးပွားရေးပုံစံများကို အဆက်မပြတ် ကြွယ်ဝစုံလင်အောင် လုပ်ဆောင်ခဲ့ပြီး ရေကန်နှင့် တောင်တန်းတို့၏ အလှတရားနှင့် ဒေသခံ ငါးလုပ်ငန်း ယဉ်ကျေးမှုတို့ကို ပေါင်းစပ်ကာ ဖူရှန်းရေကန်၏ ယဉ်ကျေးမှုခရီးသွားလုပ်ငန်း စားသုံးမှုအခြေအနေအသစ်များကို အဆက်မပြတ် ချဲ့ထွင်လျက်ရှိသည်။

2.webp

3.webp

4.webp

5.webp

6.webp

1.webp

9月14日,位于云南省玉溪市抚仙湖西岸的明星鱼洞景区风光秀美,湖面帆影点点,沙滩、湖景咖啡沿岸分布,多样的湖滨休闲场景吸引游客驻足体验。

近年来,当地在加强抚仙湖生态保护的同时,不断丰富湖滨休闲、水上运动等旅游业态,将湖光山色与地方渔文化相融合,持续拓展抚仙湖文旅消费新场景。

2.webp

3.webp

4.webp

5.webp

6.webp

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်