ယူနန်ပြည်နယ် ချူရှုန်မြို့တွင် "သာယာချမ်းမြေ့ဖွယ် ပန်းမန်များ" အိမ်ရှေ့တွင်ပင် ပွင့်လန်းလျက်ရှိ
2026-09-07 10:09|
ဆောင်းဦးရာသီတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူရှုန်မြို့ ချန်းလျင်မြို့နယ်၌ လတ်ဆတ်သောပန်းမျိုးစုံ အပြိုင်အဆိုင်ပွင့်လန်းလျက်ရှိပြီး အလုပ်သမားများသည် ဖန်လုံအိမ်များနှင့် အလုပ်ရုံများတွင် ပန်းခူးခြင်း၊ အမျိုးအစားခွဲခြင်းနှင့် ထုပ်ပိုးခြင်းလုပ်ငန်းများဖြင့် အလုပ်များလျက် ရှိသည်။ မကြာသေးမီနှစ်များအတွင်း ချန်းလျင်မြို့နယ်သည် ပန်းမန်လုပ်ငန်းကို အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများ၏ ဦးဆောင်မှု၊ အခြေစိုက်စခန်းများ တည်ဆောက်ခြင်း စသည့် နည်းလမ်းများမှတစ်ဆင့် အနီးပတ်ဝန်းကျင်ဒေသမှ ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေကာ "လှပသောထုတ်လုပ်မှုလုပ်ငန်း" ကို ပြည်သူများ ၀င်ငွေတိုးပွားစေသည့် "သာယာချမ်းမြေ့ဖွယ်လုပ်ငန်း" ဖြစ်လာရန် တွန်းအားပေးလျက်ရှိသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- မြို့တစ်မြို့လုံးတွင် ကြယ်ငါးပွင့်အလံနီများ တလူလူလွင့်ပျံနေပြီး ကူမင်းမြို့ရှိ ဟိုင်ကေရေကာတာတွင် ကြီးကျယ်ခမ်းနားစွာ အလှဆင်ထား
- တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း၊ ယူနန်ကော်ဖီကို သိရှိခံစားရန် ကူမင်းမြို့သည် ကမ္ဘာအား ဖိတ်ခေါ်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်





