"ယူနန် အရသာ" လမုန့်၏ မွှေးရနံ့လေးဖြင့် ဆောင်းဦးလယ် လမုန့်ပွဲတော်ကို ကြိုဆို
2026-09-07 09:58|
ဆောင်းဦးလယ် လမုန့်ပွဲတော် ရောက်ရှိလာတော့မည့်အခါသမယတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှမ်းဝေးမြို့၌ လမုန့်ထုတ်လုပ်ရေးလုပ်ငန်းများက အားအင်အပြည့်ဖြင့် လမုန့်ထုတ်လုပ်လျက်ရှိသည်။ ဒေသ၏ထူးခြားချက်ဖြစ်သည့် ဝက်ပေါင်ခြောက်လမုန့်သည် ရွှမ်းဝေးဝက်ပေါင်ခြောက်ကို အစာသွပ်ပြီးပြုလုပ်ထားရာ အငန်ဓာတ်နှင့် အချိုဓာတ်တို့ကို သဟဇာတဖြစ်စွာ ပေါင်းစပ်ထားသော တစ်မူထူးခြားသည့်ရသာမွန်က စားသုံးသူများ၏ အထူးနှစ်သက်အားပေးမှုကို ရရှိထားသည်။ ထုတ်လုပ်ရေးလိုင်းများမှာ စွမ်းအင်အပြည့်ဖြင့် လည်ပတ်နေပြီး လုပ်သားများကလည်း အမြန်ဆုံး ထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်းများကို အစွမ်းကုန် လုပ်ဆောင်လျက်ရှိရာ လမုန့်ဘူးများကို နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးသို့ တင်ပို့ပေးလျက်ရှိရာ "ယူနန်ရိုးရာအရသာ" သင်းပျံ့သည့်ရနံ့နှင့်အတူ ပွဲတော်ကို ကြိုဆိုလျက်ရှိပေသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- မြို့တစ်မြို့လုံးတွင် ကြယ်ငါးပွင့်အလံနီများ တလူလူလွင့်ပျံနေပြီး ကူမင်းမြို့ရှိ ဟိုင်ကေရေကာတာတွင် ကြီးကျယ်ခမ်းနားစွာ အလှဆင်ထား
- တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း၊ ယူနန်ကော်ဖီကို သိရှိခံစားရန် ကူမင်းမြို့သည် ကမ္ဘာအား ဖိတ်ခေါ်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်





